လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀၀ ကျော်ကတည်းက ဗုဒ္ဓမြတ်စွာဘုရားရှင်ဟာ မင်းအောင်လှိုင်နဲ့  ပူတင်တို့တွေ့ဆုံနိုင်မယ်လို့ ဗျာဒိတ်တော်ပေးခဲ့ကြောင်း စစ်ခေါင်းဆောင် မင်းအာင်လှိုင်က ပူတင်နဲ့ တွေ့ဆုံစဉ် ပြောကြားလိုက်ပါတယ်။

လက်နက်စကြာရှင် ရုရှားဘုရင် ပူတင်နဲ့ မြန်မာဘုရင်ဖြစ်တဲ့ သူကိုယ်တိုင် တွေ့ဆုံရမှုဟာ မြတ်စွာဘုရားရှင်ရဲ့ ဗျာဒိတ်တော်လာ မဟာမိတ်ဖြစ်လတ္တံ့ ဆိုတဲ့ စကားကြောင့် ဖြစ်တယ်လို့ မင်းအောင်လှိုင်က ပူတင်ကို ဦးအောင်ဇေယျအတ္တုပတ္တိ စာအုပ် ပေးအပ်ရင်း ပြောဆိုခဲ့ပါတယ်။

မင်းအောင်လှိုင်က သူ့ကိုယ်သူ ဘုရင်လို့ သုံးနှုန်းပြီး ပူတင်ကိုလည်း လက်နက်စကြာရှင်လို့ မနေ့က မော်စကိုတွေ့ဆုံပွဲမှာ ပြောကြားလိုက်တာပါ။

(ဓာတ်ပုံ စကစပြန်ကြားရေးဝန်ကြီးဌာန)
(ဓာတ်ပုံ စကစပြန်ကြားရေးဝန်ကြီးဌာန)

မနေ့က မတ်လ ၄ ရက်မှာ ရုရှားကိုရောက်ရှိနေတဲ့ မင်းအောင်လှိုင်က ပူတင်ကို ကရင်မလင်နန်းတော်တွင် တွေ့ဆုံစဉ် ဝမ်းသာအားရနဲ့ အချိန်ကြာမြင့်စွာ စကားတွေ ပြောခဲ့ပါတယ်။

တဆက်တည်းမှာပဲ ၁၈၃၈ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ မဟာဘိ သက္က ပဏ္ဍိတဘွဲ့ခံ၊ ပါဠိဆရာကြီး ဦးစော ရေးသားတဲ့ ဦးအောင်ဇေယျ အတ္တုပတ္တိစာအုပ်ကို ပူတင်ကို လက်ဆောင်အဖြစ်ပေးအပ်ခဲ့ပါတယ်။

‘ချစ်သားအာနန္ဒာ’ ဟုအစချီပြီး “ (သာသနာတော် အနှစ် ၂၀၀၀ ကျော်သောအခါ) ရုရှားမင်းသည် အပရန္တတိုင်းကြီးရှင် မြန်မာဘုရင်တို့နှင့် ချစ်ကြည်သော မဟာမိတ်ဖြစ်ကြလတ္တံ့” ဟု စာအုပ်ထဲမှာ ရေးသားထားတဲ့အကြောင်း မင်းအောင်လှိုင်က အသေးစိတ်တွေ ရှင်းပြခဲ့ပါတယ်။

ရုရှားဟာ မြန်မာနိုင်ငံအတွက် အလွန်အရေးကြီးပြီး ယုံကြည်ရတဲ့ နိုင်ငံဖြစ်သလို ရုရှားရဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး ဆောင်ရွက်ချက်မှန်သမျှကို အပြည့်အဝ ထောက်ခံနေတယ်လို့လည်း မြန်မာစစ်ခေါင်းဆောင်က ဆိုပါတယ်။

ကမ္ဘာ့အလယ်မှာ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ခေါင်းဆောင်နှစ်ဦးဟာ အချင်းချင်းဖေးမ၊ ကူညီကြမယ်လို့ ကတိကဝတ်ပြုကြရင်း ယူကရိန်းစစ်ပွဲ၊ နျူကလီးယားသဘောတူညီချက်တွေနဲ့ စစ်ကောင်စီကို ပိုမိုနေရာပေးမယ့် ရုရှားအစိုးရရဲ့ အစီအစဉ်တွေကို ကရင်မလင်မှာ ဆွေးနွေးမှုခဲ့ကြပါတယ်။

(ဓာတ်ပုံ AFP)
(ဓာတ်ပုံ REUTERS)
(ဓာတ်ပုံ REUTERS)
(ဓာတ်ပုံ REUTERS)
0 Shares:
You May Also Like
Read More

One Friday Fight ပွဲစဉ်တွေမှာ မြန်မာလက်ဝှေ့ကစားသမား ၅ယောက်အထိပါဝင်မယ်

ဩဂုတ်လ ၂၃ ရက် ဒီနေ့ညမှာ ကျင်းပမယ့် One Friday Fight 76 ပွဲစဉ်တွေထဲမှာ မြန်မာကစားသမား ၅ ယောက် ပါဝင်ထိုးသတ်သွားမယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်အုပ်စုကို အသိအမှတ်မပြုရန် တရုတ်ကို NUG တိုက်တွန်း၊ မင်းအောင်လှိုင်ကို စစ်ရေးပြအခမ်းအနား ဖိတ်ကြားမှု မြန်မာပြည်သူများ၏ တန်ပြန်တုန့်ပြန်မှုကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်စေဟု ဆို

တရုတ်နိုင်ငံအနေနဲ့ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုကို အသိမှတ်ပြုမှု ဆိုင်းငံထားဖို့၊ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်မှုကို ငြင်းပယ်ဖို့နဲ့ စစ်ခေါင်းဆောင်ကို ယာယီသမ္မတလို့ ရည်ညွှန်းကိုးကားနေတာကို ရပ်စဲဖို့ဆိုတဲ့ အချက်တွေ ပါဝင်တဲ့ တိုက်တွန်းစာကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
Read More

ရခိုင်မှာ စာနာမှုစင်္ကြံတည်ဆောက်ရန် ဆွေးနွေးမှုများတွင် ကုလမပါဝင်သေးဘူးဟု ဆို

ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြံတည်ဆောက်ဖို့ ဆွေးနွေးမှုတွေအတွင်း ကုလသမဂ္ဂအနေနဲ့ ပါဝင်ခြင်း မရှိခဲ့သေးကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး (UNRC) Gwyn Lewis က ဇွန်လ ၄ ရက် ဒါကာမှာ ပြုလုပ်တဲ့ စကားဝိုင်းတစ်ခုမှာ ပြောပါတယ်။ 
Read More

စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲ ဝေဖန်ရေးပို့စ်များတွင် “Like” (သို့) “Heart” reaction ပေးခြင်းကိုပင် သိမ်ငယ်စိတ်ဖြင့် စိတ်ပေါ့သွပ်သူကဲ့သို့ ထိန်းချုပ်ဖမ်းဆီးနေကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြား

အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံရေးထွက်ပေါက်အဖြစ် ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲကို ဆတ်ဆတ်ထိမခံ ဖြစ်နေကာ အမှန်တရားကို လက်မခံနိုင်ဘဲ ပြည်သူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုတွေကို စိတ်ပေါ့သွပ်သူတစ်ယောက်ကဲ့သို့ လိုက်လံပိတ်ပင် ထိန်းချုပ်နေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုလိုက်ပါတယ်။
Read More

မြန်မာ့ပဋိပက္ခတွင် အပစ်အခတ်ရပ်စဲပြီး စစ်ဒဏ်သင့်ဒေသများတွင် ငြိမ်းချမ်းရေးရရန် ပုပ်ရဟန်းမင်းကြီး တောင်းဆို

အာဏာသိမ်းပြီးနောက် ဖြစ်ပွားနေတဲ့ မြန်မာပြည်ရဲ့ လက်နက်ကိုင်ပဋိပက္ခတွေ အပစ်အခတ်ရပ်စဲသွားပြီး ကမ္ဘာပေါ်က စစ်ဒဏ်သင့်နေရာတွေမှာ ငြိမ်းချမ်းရေးရရှိဖို့ ပုပ်ရဟန်းမင်းကြီးက အောက်တိုဘာလ ၁၉ ရက်မှာ တိုက်တွန်းတောင်းဆိုလိုက်ကြောင်း Vatican News မှာ ဖော်ပြထားပါတယ်။
Read More

စစ်အုပ်စု ရွေးကောက်ပွဲအလွန်မှာပင် မြန်မာနှင့် အာဆီယံ ပြန်လည်ထိတွေ့ဆက်ဆံရန် ခက်ခဲဦးမည်ဟု ထိုင်းဝန်ကြီး ပြောကြား

စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအပြီးမှာတောင် အာဆီယံအနေနဲ့ မြန်မာနဲ့ ပြန်လည်ထိတွေ့ဆက်ဆံဖို့ ခက်ခဲနေဦးမှာဖြစ်ကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးချိန်တန်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့တယ်လို့ AFP နဲ့ Reuters သတင်းဌာနတွေကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းက နိုဝင်ဘာလ ၂၆ ရက်မှာ ဖော်ပြထားပါတယ်။