ရန်ကုန်မြစ်အတွင်း ခရီးသည်တင်စက်လှေတစ်စီး တိမ်းမှောက်ခဲ့လို့ ၁၁ ယောက်ကို ကယ်ဆယ်ထားပြီး ၁ ယောက် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ဒီနေ့ မတ်လ ၄ ရက်​ ညနေသုံးနာရီခန့်က ဆိပ်ကြီးခနောင်တိုမြို့နယ် ဆိပ်ကမ်းကနေ ထွက်ခွါလာတဲ့ စက်လှေတစ်စီးဟာ ကလီဆိပ်ကမ်းအနီး တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။

ကလီဆိပ်ကနေ ပန်းဆိုးတန်းဆိပ်ကမ်းအထိ ဆိပ်ကြီးခနောင်တိုမြို့နယ် မီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေ၊ ပန်းဆိုးတန်းဆိပ်ကမ်းကနေ ဗိုလ်တစ်ထောင်ဆိပ်ကမ်းအထိ ကျောက်တံတားမြို့နယ် မီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေ ကယ်ဆယ်ရေးပြုလုပ်​ နေတယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်တပ်က ရေယာဉ်နဲ့ စက်လှေ ဘေးကင်းလုံခြုံရေးအတွက် ဆောင်ရွက်ပေးမှု နည်းပါးလာပြီး ဘေးကင်းလုံခြုံရေးအတွက် ဆောင်ရွက်မှုမရှိသလောက် နည်းပါးလာတယ်လို့ ခရီးသွားပြည်သူတွေက ဆိုပါတယ်။

ရန်ကုန်မြို့က ဆိပ်ကြီးခနောင်တိုဆိပ်ကမ်း၊ ပန်းဆိုးတန်းဆိပ်ကမ်း၊ ဒလဆိပ်ကမ်းနဲ့ ကြည့်မြင်တိုင်ဆိပ်ကမ်းတို့မှာ မကြာခဏ ဆိုသလို သဗ္ဗာန်တိမ်းမှောက်မှုများ ဖြစ်ပေါ်လျက်ရှိပါတယိ။

0 Shares:
You May Also Like
Read More

လယ်ထွန်မည့် ပျူစောထီးများ ချုံခိုတိုက်ခိုက်ခံရပြီး ၂ ဦး သေ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်မှာ လယ်ထွန်ဖို့ထွက်လာတဲ့ ပျူစောထီးတွေကို ချုံခိုတိုက်ခိုက်ရာ ၂ ယောက် သေဆုံးပြီး လက်နက်နဲ့ ပစ္စည်းတချို့သိမ်းဆည်းရရှိခဲ့တယ်လို့ Ngwe Dwin Revolution Force တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပဲခူးတိုင်းက ရေဘေးသင့်ပြည်သူတွေအတွက် NUG ဝန်ကြီးဌာနက ကူညီထောက်ပံ့ခဲ့ (ဓာတ်ပုံသတင်း)

ပဲခူးတိုင်းရှိ ရေဘေးသင့်ပြည်သူတွေအတွက် အမျိူးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာနက အမျိုးသမီး တကိုယ်ရည် သန့်စင်သုံးပစ္စည်းတွေ၊ ကလေးငယ်တွေအတွက် စားစရာ အာဟာရတွေနဲ့ လိုအပ်တာတွေကို ပေးဝေလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောများ စောင့်ကြိုတိုက်ခိုက်ခံရပြီး ၂ စီး ထိခိုက်ပျက်စီး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်အုပ်စုသင်္ဘောတွေကို စောင့်ကြိုတိုက်ခိုက်ရာ သင်္ဘော ၂ စီး ထိခိုက်ပျက်စီးသွားတယ်လို့ Monywa inventor အဖွဲ့ တိုက်ခိုက်ရေးခေါင်းဆောင် ကိုမိုးသောက်က မောင်းကို ပြောပါတယ်။
Read More

မိုးကုတ်မြို့အနောက်ပိုင်းကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှု ၁၃ ဦးသေပြီး ၂၀ ဝန်းကျင်ဒဏ်ရာရ…

"လေယာဉ်အန္တရာယ်နဲ့ ပတ်သက်ပြီးတော့ ပညာပေးသတိပေးတာတွေတော့ ရှိတာပေါ့၊ လေယာဉ်လာတဲ့အချိန်က သတိပေးတာမျိုးတော့မရှိဘူး၊ လေယာဉ်ကအသံကြားတာ နဲ့ ကြဲပြီးသားဖြစ်သွားတာ၊ TNLA က လမ်းပြင်ဖို့ ဆိုပြီးတော့မှ မြို့ ၊ အဝင်အထွက်လမ်းတွေကို ပြင်ဖို့ကို ပိတ်ထားတာ ကားတွေကတော့ သွားလို့မရဘူး" လို့ ဆိုပါတယ်။
Read More

NUG လက်အောက်ကနေ  တပ်ရင်းတပ်ဖွဲ့အချို့ နုတ်ထွက်နေရခြင်းမှာ လက်နက်အလုံလောက် တပ်ဆင်ပေးနိုင်ခြင်းမရှိလို့ဟု ကာကွယ်ရေးဝန်ကြီး ပြော 

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန နဲ့ ချိတ်ဆက်ထားတဲ့ တော်လှန်ရေးတပ်ဖွဲ့အချို့ နှုတ်ထွက်နေရခြင်းမှာ  လက်နက်အလုံအလောက်တပ်ဆင်နိုင်ပေးခြင်း မရှိမှုနဲ့  စစ်ရေးလိုအပ်ချက်အရ တပ်များနေရာပြောင်းရွှေ့ရမှုကြောင့် ဖြစ်တယ်လို့  NUG ရဲ့ ကာကွယ်ရေးဝန်ကြီး ဖြစ်သူ ဦးရည်မွန်က ပြောကြားလိုက်ပါတယ်။
Read More

အမ်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ရဟတ်ယာဉ် ၁ စီးကို ပစ်ခတ်ခဲ့ရာ ထိမှန်ခဲ့တယ်လို့ AA အတည်ပြု

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ဆီ စစ်ကူနဲ့ လက်နက်ခဲယမ်းရိက္ခာတွေ ပို့ဆောင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ ရဟတ်ယာဉ် ၁ စီးကို ရက္ခိုင့်တပ်တော် AA က ပစ်ခတ်ခဲ့ရာ ထိမှန်ခဲ့တယ်လို့ AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက အတည်ပြုထားကြောင်း ဒေသတွင်းသတင်းတွေက ဖော်ပြထားပါတယ်။