စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ လိင်အကြမ်းမှု တရားခံအဖြစ် စွပ်စွဲခံရသူတွေကို စတင်စစ်ဆေးနေပြီ ဖြစ်ကြောင်း NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဒီနေ့ မတ်လ ၄ ရက် ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း အစီအစဉ်မှာ ပြောဆိုခဲ့ပါတယ်။

အဆိုပါ ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ၂၀၂၃၊ ၂၀၂၄ ခုနှစ်တွေအတွင်းမှာ ကန့်ဘလူမြို့နယ် ပလဖလက်အောက် အချုပ်ခန်းတွေက အချုပ်သူအမျိုးသမီးတွေကို ပသုံးလုံးခေါင်းဆောင်ဆိုသူတွေက လိင်အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တဲ့ ဖြစ်စဉ်ပဲ ဖြစ်ပါတယ်။

“ဦးမဲခေါင် (ခေါ်) ဦးမြင့်ဇော်ဦးဟာ တရားဥပဒေနဲ့ အညီ အပြစ်ပေးအရေးယူသွားမယ်ဆိုတာကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်တို့ကို အသိပေး အကြောင်းကြားပြီးဖြစ်ကာ ဥပဒေနဲ့အညီ ဆောင်ရွက်နေမှုကို ကန့်ကွက်ရန်မရှိကြောင်း အကြောင်းပြန်ခဲ့ပြီ ဖြစ်တယ်” လို့ ဦးနေဘုန်းလတ်က ဆိုပါတယ်။

NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်

လက်ရှိမှာတော့ လိင်အကြမ်းဖက်မှု ကျူးလွန်ကြောင်း စွပ်စွဲခံထားရသူ ကန့်ဘလူမြို့နယ် ခရိုင်အုပ်ချုပ်ရေးအဖွဲ့ ပအဖ တာဝန်ခံ ဦးမဲခေါင် (ခေါ်) ဦးမြင့်ဇော်ဦးဟာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ တန့်ဆည်မြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ထံ ကိုယ်တိုင်လာရောက် အဖမ်းခံထားပြီး တခြားကျူးလွန်သူတွေဖြစ်တဲ့ ကန့်ဘလူ-ပလဖ စခန်းမှူးဟောင်း (ရဲCDM) ဦးရဲရင့်နဲ့ ဦးအောင်ဇေယျတို့ကို ဖမ်းဆီးထိန်းသိမ်းထားကာ ချုပ်ရက် ယမန်ယူပြီး စတင်စစ်ဆေးနေပြီလို့ သိရပါတယ်။

ဒါ့အပြင် ပြည်သူလူထုရဲ့ လုံခြုံအေးချမ်းမှုကို ထိပါးသူတွေ၊ တရားဥပဒေ ချိုးဖောက်သူတွေကို ကျောသားရင်သား မခွဲခြားဘဲ တရားဥပဒေနဲ့အညီ စီရင် ဆောင်ရွက်နိုင်မှုကိုလည်း အခက်အခဲတွေကြားထဲကနေ များစွာအားထုတ်နေတယ်လို့ ပြောကြားသွားပါတယ်။

ကျူးလွန်သူအဖြစ် စွပ်စွဲခံထားရသူ ဦးမဲခေါင်ဟာ စစ်တပ်အာဏာမသိမ်းခင် ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ စစ်ကိုင်း၊ ကန့်ဘလူမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ယောက် ဖြစ်ပါတယ်။

အချုပ်သူများအား လိင်အကြမ်းဖက်မှု ကျူးလွန်ခဲ့သူ ဦးမဲခေါင် (ခေါ်) ဦးမြင့်ဇော်ဦး
အချုပ်သူများအား လိင်အကြမ်းဖက်မှု ကျူးလွန်ခဲ့သူ ဦးမဲခေါင် (ခေါ်) ဦးမြင့်ဇော်ဦး
0 Shares:
You May Also Like
Read More

KNDF ဗဟိုကော်မတီဝင်များ KNDF တပ်ရင်း ၁ ထံတွင် လက်ရှိနိုင်ငံရေးနဲ့ စစ်ရေးအ‌ရွေ့၊ အခင်းအကျင်း လာရောက်ဆွေးနွေးခဲ့ (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဗဟိုကောင်မတီက တာဝန်ရှိပုဂ္ဂိုလ်တွေက KNDF အမှတ်(၁)တပ်ရင်းနဲ့အတူ လက်ရှိနိုင်ငံရေးနဲ့ စစ်ရေးအ‌ရွေ့၊အခင်းအကျင်းအပေါ် လာရောက်ချပြဆွေးနွေးတင်ပြခြင်းအစီအစဉ်တစ်ရပ်ကို အောက်တိုဘာလ ၁၈ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကျွန်းလှမှာ စစ်အုပ်စုတပ်စွဲနေတဲ့ မဒေါက်ရွာကို တော်လှန်ရေးတပ်တွေ ပြန်လည်တိုက်ခိုက်သိမ်းပိုက်…

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေ တပ်စွဲနေထိုင်တဲ့ မဒေါင်ရွာကို တော်လှန်ရေးတပ်တွေက ပြန်လည်တိုက်ယူပြီး လက်နက်ခဲယမ်းတစ်ချို့သိမ်းဆည်းရမိခဲ့တယ်လို့ ကျွန်းလှ- ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ရွှေဘိုခရိုင် PDF တပ်ရင်း ၄ မှ စိုးမိုးနယ်မြေရှိ ဒေသခံများကို လေကြောင်းအန္တရာယ် အသိပညာပေးပွဲ ပြုလုပ် (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသလက်အောက်ရှိ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် တပ်ရင်း (၄)က အကြမ်း ဖက်စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ် နဲ့ ပတ်သက်ပြီး ဆောင်ရန် ၊ ရှောင်ရန်တွေ အသိပညာပေးဟောပြောခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

ကာကင်း တာဝါတိုင်စခန်းကို သိမ်းပိုက်ခံရတာကြောင့် မြေပြန့်ဒေသ ဝင်ပေါက်ဖြစ်သည့် နတ်ရေကန် ဗျူဟာကုန်းစခန်းကို စစ်ကောင်စီ အင်အားဖြည့်နေ 

မကွေးတိုင်း၊ ငဖဲမြို့နယ် အမ်း-ပဒါန်းလမ်း ရက္ခိုင်ရိုးမပေါ်က စစ်ကောင်စီရဲ့ နတ်ရေကန် MPT တာဝါတိုင်စခန်းကို အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းတပ်တွေက ဇွန်လ ၄ ရက် မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
Read More

မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်သား ၂ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်သား ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ငလျင်အတွက် ကူညီထောက်ပံ့ရေးပစ္စည်းတန်ချိန် ၂၂၁၀ လက်ခံရရှိထားဟု စစ်ကောင်စီ ပြော

နိုင်ငံတကာကနေ ငလျင်အတွက် ကူညီထောက်ပံ့ရေးပစ္စည်းတန်ချိန် ၂၂၁၀ ကို လက်ခံရရှိထားတယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောပါတယ်။