အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်ဟာ စစ်ရာဇဝတ်မှုတွေကို ပိုမိုတိုးပွားလာစေဖို့ လောင်စာဖြစ်နိုင်ကြောင်း Justice For Myanmar က ဒီနေ့ မတ်လ ၄ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ဒါကြောင့် ရုရှားနဲ့ မြန်မာစစ်အုပ်စုတို့ ကျူးလွန်နေတဲ့ ရာဇ၀တ်မှုတွေကို အဆုံးသတ်ဖို့ နိုင်ငံတကာအနေနဲ့ နောက်ထပ်ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ပေးဖို့ JFM က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ 

စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်ဟာ စီးပွားရေးနဲ့ လုံခြုံရေး အပါအဝင် ဆက်ဆံရေး ပိုမိုနက်ရှိုင်းလာစေဖို့ ရုရှားနိုင်ငံ မော်စကိုမြို့မှာ သူ့လုပ်ဖော်ကိုင်ဖက် ရာဇဝတ်ကောင်တွေနဲ့ တွေ့ဆုံနေတယ်လို့ Justice For Myanmar က ညွှန်းဆိုပါတယ်။

မင်းအောင်လှိုင်ဟာ  အာဂျင်တီးနား တရားရုံးရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ ဖမ်းဝရမ်း ထုတ်ခံရအပြီးမှာ ရုရှားနိုင်ငံကို တစ်ပတ်ကြာခရီးစဉ်အဖြစ် သွားရောက်နေပြီး ရုရှားသမ္မတပူတင် နဲ့တွေ့ဆုံဖို့ရှိနေပါတယ်။ 

(ဓာတ်ပုံ JFM)

ဒီခရီးစဉ်က သမ္မတ ပူတင်ရဲ့ ဖိတ်ကြားချက်ကြောင့် သွားရောက်တာဖြစ်ပြီး သမ္မတ ပူတင်၊ ရုရှားဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌတွေအပါအဝင် ရုရှားအစိုးရအဖွဲ့နဲ့ စစ်ခေါင်းဆောင်က တွေ့ဆုံဆွေးနွေးမယ်လို့ စစ်ကောင်စီ ဝါဒဖြန့်ထုတ်ပြန်ထားပါတယ်။

စစ်ခေါင်းဆောင်နဲ့ သမ္မတ ပူတင်တို့ ဒီကနေ့ (မတ်လ ၄ရက်) မှာ တွေ့ဆုံမယ်လို့လည်း ရုရှားဘက်က ထုတ်ပြန်ထားပါတယ်။

ရုရှားသမ္မတရုံးရဲ့ ထုတ်ပြန်ချက်အရ တွေ့ဆုံမှုမှာ နှစ်နိုင်ငံအတွက် အကျိုးရှိမယ့် ပူးပေါင်းဆောင်ရွက်ရေးအပြင် နိုင်ငံတကာရေးရာကိစ္စတွေကိုလည်း ဆွေးနွေးမယ်လို့ဆိုပြီး ပူးတွဲကြေညာချက်တစ်ရပ်နဲ့ သဘောတူညီချက်တချို့ကိုလည်း လက်မှတ်ရေးထိုးမယ်လို့ ထုတ်ပြန်ထားပါတယ်။

ရုရှားကို ရောက်ရှိနေသည့် စစ်ခေါင်းဆောင်
ရုရှားကို ရောက်ရှိနေသည့် စစ်ခေါင်းဆောင်
0 Shares:
You May Also Like
Read More

ငလျင်ဒဏ်သင့် ဘေးဒုက္ခရောက်နေသည့် မြန်မာပြည်သူလူထုကို အကြမ်းဖက်စစ်တပ် ဆက်လက်ဗုံးကြဲနေဟု နိုင်ငံတကာသတင်းများတွင် ဖော်ပြ

အကြမ်းဖက် စစ်ကောင်စီဟာ လူပေါင်း‌ထောင်ချီ သေဆုံးခဲ့ရတဲ့ ငလျင်ဒဏ်ကြောင့် ဘေးဒုက္ခရောက်နေရတဲ့ နေရာတွေအပါအဝင် မြန်မာပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေကြောင်း Reuters သတင်းက မတ်လ ၃၀ ရက်မှာ ဖော်ပြပါတယ်။ 
Read More

ရခိုင်မှာ စာနာမှုစင်္ကြံတည်ဆောက်ရန် ဆွေးနွေးမှုများတွင် ကုလမပါဝင်သေးဘူးဟု ဆို

ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြံတည်ဆောက်ဖို့ ဆွေးနွေးမှုတွေအတွင်း ကုလသမဂ္ဂအနေနဲ့ ပါဝင်ခြင်း မရှိခဲ့သေးကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး (UNRC) Gwyn Lewis က ဇွန်လ ၄ ရက် ဒါကာမှာ ပြုလုပ်တဲ့ စကားဝိုင်းတစ်ခုမှာ ပြောပါတယ်။ 
Read More

ထိုင်းဘုရင်ရဲ့ မယ်တော်ကြီး ကွယ်လွန်၊ အာဆီယံထိပ်သီးအစည်းအဝေး တက်မည့် ထိုင်းဝန်ကြီးချုပ် ခရီးစဥ် ပယ်ဖျက်…

ထိုင်းဘုရင်ရဲ့ မယ်တော်ကြီး ဆီရီကစ် ကစ်တီယာကာယာဟာ အသက် ၉၃ နှစ် အရွယ်မှာ ဘန်ကောက်မြို့တော်က ဆေးရုံတစ်ခုမှာ အောက်တိုဘာ ၂၄ ရက် ညပိုင်းက ငြိမ်းငြိမ်းချမ်းချမ်း ကွယ်လွန်သွားခဲ့တယ်လို့ တော်ဝင်အိမ်တော်ရေးရာဌာနက သတင်းထုတ်ပြန်ပါတယ်။ ထိုင်းဘုရင်ဟောင်း ဘူမိဘော အဒူလိုင်ဒက်ဂျ်ရဲ့ မိဖုရားခေါင်ကြီးဖြစ်ခဲ့သူ ဆီရီကစ်ဟာ ၂၀၁၉ ခုနှစ်ကစလို့ ပြင်းထန်ပြီး ရှုပ်ထွေးတဲ့ ရောဂါမျိုးစုံ ခံစားနေခဲ့ရတာကြောင့် ဆေးရုံမှာပဲ အနေများခဲ့သူဖြစ်ပြီး အခုလပိုင်းအတွင်း သွေးထဲကို ပိုးမွှားဝင်ရောက်တဲ့ ပြဿနာ တစ်ခု ကြုံခဲ့ရတယ်လို့ သိရပါတယ်။
Read More

ရောင်နီ Live in  Francisco ဂီတဖျော်ဖြေပွဲမှ  ရန်ပုံငွေ ဒေါ်လာ ၁၄၅,၀၀၀ ရရှိ၊ အကျိုးအမြတ်အားလုံး ပြန်လည် လှူဒါန်းမည်

အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စ္စကိုမြို့မှာ ပြုလုပ်တဲ့ ရောင်နီ Live in Francisco ဂီတဖျော်ဖြေပွဲကနေ တော်လှန်ရေးအတွက် ရံပုံငွေ ကန်ဒေါ်လာ ၁၄၅,၀၀၀ ရရှိခဲ့ရာ အကျိုးအမြတ်အားလုံးကို ပြန်လည်လှူဒါန်းသွားမယ်လို့ သိရပါတယ်။
Read More

စစ်ခေါင်းဆောင်နဲ့တွေ့ခဲ့တယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ပြော

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ဟာ နေပြည်တော်ကို လာရောက်ပြီး စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တယ်လို့ အောက်တိုဘာလ ၂၉ ရက်အင်္ဂါနေ့က ကုလသမဂ္ဂအစည်းအဝေးမှာ ပြောပါတယ်။
Read More

အာဆီယံ၏ တည်မြဲမှုအတွက် ခိုင်မာသည့် ပြည်သူ့ဗဟိုပြုချဉ်းကပ်မှု လိုအပ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြော

အာဆီယံအဖွဲ့ဟာ တည်မြဲနေမယ်ဆိုပေမယ့် ပြောင်းလဲလာတဲ့ ကာလနဲ့ လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ၂၀၄၅ ခုနှစ်အတွက် မျှော်မှန်းချက်တွေ ပြည့်မီစေဖို့ ရှေ့ဆက်လုပ်ဆောင်ရာမှာ ပြည်သူ့ဗဟိုပြု ချဉ်းကပ်မှုကို ခိုင်ခိုင်မာမာ ကျင့်သုံးသွားရမှာဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow က ပြောပါတယ်။