စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်အုပ်စုတွေလိုက်ပါလာတဲ့ ကား၂စီးကို မလယ်-ဇီးကုန်းလမ်းပိုင်းအတွင်း မိုင်းဆွဲတိုက်ခိုက်ရာ တပ်ကြပ်ကြီး အဆင့်ရှိသူ ပွဲချင်းပြီးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားကြောင်း ကန့်ဘလူခရိုင် တပ်ရင်း-၄ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

မတ်လ ၃ရက်၊ မနေ့က မနက်အစောပိုင်းမှာ ဇီးကုန်းမြို့၊ သကြားစက်ကနေ ထွက်ခွာလာတဲ့ စစ်အုပ်စုတွေရဲ့ ဖောကားနဲ့ ဆယ်ပေတိုကား ၁စီးကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက အသင့်စောင့်ကြိုမိုင်းဆွဲရင်း ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

“မနေ့က မနက် ၆နာရီခွဲလောက်မှာ ဇီးကုန်းသကြားစက်က ထွက်လာကြတယ်။ စစ်သားနဲ့ ပျူတွေလိုက်လာတာ အင်အား ၅၀လောက်ရှိမယ်ဗျ။ ပေကြီးရွာကို လာကြတာပါ။ ထိခိုက်မှုတွေကတော့ တပ်ကြပ်ကြီး ၁ယောက် ပွဲချင်းပြီးသေပြီး အခြားအဆင့် ၃ယောက် ဒဏ်ရာရပါတယ်ဗျ။ အလောင်းကိုတော့ သကြားစက်ကိုပဲ ပြန်သယ်သွားပါတယ်” လို့ ကန့်ဘလူခရိုင် တပ်ရင်း-တပ်ရင်း၄ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒီမိုင်းဆွဲတိုက်ခိုက်မှုကို ကန့်ဘလူခရိုင်တပ်ရင်း- ၄ နဲ့အတူ ဒေသပကဖတပ်ဖွဲ့ဝင်တွေက လုပ်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ပွဲပြီးဆုံးချိန်မှာ စစ်အုပ်စုတွေရဲ့ဖောကားကိုပါ မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။

တော်လှန်ရေးတပ်များ သိမ်းဆည်းရရှိသည့် စစ်တပ်ဖောကား

ပြီးခဲ့တဲ့ ဖေ​ဖော်ဝါရီလ ၁၉ရက်နေ့လောက်ကစလို့ ကန့်ဘလူအခြေစိုက် ခမရ-၃၆၁ နဲ့ သင်္ကန်းဝတ် ဝါသဝရဲ့ပျူစောထီးတပ်တွေက ရွှေဘို- မြစ်ကြီးနားဗျူဟာလမ်းပိုင်းပေါ်မှာရှိတဲ့ ပေကြီးရွာနဲ့ ငှက်ပျောတိုင်းရွာ၂ရွာကို စစ်ကြောင်းထိုးဝ​င်ရောက်နေတာ ဖြစ်ပါတယ်။

စစ်အုပ်စုတွေဟာ အထက်ပါကျေးရွာတွေထဲ လက်ရှိအချိန်အထိ တပ်စွဲနေတာဖြစ်ပြီး နေ့စဉ်နဲ့အမျှဆိုသလို အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာ နေအိမ် မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတယ်လို့လည်းသိရပါတယ်။

ဒါ့အပြင် စစ်အုပ်စုအန္တရာယ်ကြောင့် ကန့်ဘလူမြို့နယ်၊ ကျေးရွာပေါင်း ၈ခုက ထောင်နဲ့ချီတဲ့ အရပ်သားတွေလည်း စစ်ကြောင်းလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တောင်သာတွင် စစ်သား ၂ယောက်ကို PLA ရဲဘော်များ ရုတ်တရက်တွေ့ပြီး ပစ်ခတ်၊ စစ်သား ၂ ယောက်လုံး သေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ စစ်ကော်မရှင်တပ်သား ၂ ယောက်ကို တိုက်ခိုက်ရာ ၂ ယောက်လုံး သေဆုံးသွားကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မြင်းခြံခရိုင်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

TNLA က တရားဥပဒေစိုးမိုးရေး (အခြေခံပုလိပ်သင်တန်း) အပတ်စဉ် (၅) သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပ

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်တဲ့ ဒေသတစ်နေရာမှာ တရားဥပဒေစိုးမိုးရေး (အခြေခံပုလိပ်သင်တန်း) အပတ်စဉ် (၅) သင်တန်းဆင်းပွဲအခမ်းအနားကို အောက်တိုဘာလ ၈ ရက်မှာ ပြုလုပ်ကျင်းပခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

စစ်အုပ်စု၏ ဒရုန်းဗုံးသီးကြောင့် ပခုက္ကူခရိုင် အမှတ် ၁၃ တပ်ရင်းမှ တပ်စုတပ်ကြပ်ကြီး ကျဆုံး

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင် အမှတ် ၁၃ တပ်ရင်းက တပ်စုတပ်ကြပ်ကြီး တစ်ယောက်ဟာ အကြမ်းဖက်စစ်အုပ်စုက ပစ်ခတ်လိုက်တဲ့ ဒရုန်းဗုံးသီးထိမှန်ပြီး ကျဆုံးသွားတယ်လို့ ပခုက္ကူခရိုင် အမှတ် ၁၃ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ကန့်ဘလူနှင့် ကျွန်းလှတွင် ဝါသဝလက်ပါးစေ ပျူစောထီးများ စစ်မှုထမ်းအကြောင်းပြ လူဖမ်း၊ ငွေညှစ်နေ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူနဲ့ ကျွန်းလှမြို့နယ်မှာ သင်္ကန်းဝတ် ဝါသဝလက်အောက်ခံ ပျူစောထီးတွေက အရပ်သားတွေကို ပေါ်တာဆွဲဖမ်းဆီးကာ ဆိုးဆိုးရွားရွား ငွေညှစ်တာတွေ လုပ်ဆောင်နေကြတယ်လို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အရာတော်တွင် ရိက္ခာသယ်ထွက်လာသည့် စစ်အုပ်စုများ နှစ်ဖက်ညှပ်တိုက်ခံရ၊ အထိအခိုက် အများအပြားဖြင့် ပြန်ဆုတ်သွား

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်မှာ ရိက္ခာသယ်ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက နှစ်ဖက်ညှပ် တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေရှိပြီး အပြေးအလွှား ပြန်လည်ဆုတ်ခွာသွားကြကြောင်း Ngwe Dwin Revolution Force တာဝန်ရှိသူ၁ယောက်က မောင်းကိုပြောပါတယ်။
Read More

PDF နဲ့ပြည်သူတွေ ပူးပေါင်းကျင်းပတဲ့ မိုးမိတ်မြို့က ကထိန်ပွဲ (ဓာတ်ပုံသတင်း)

ပြည်သူနဲ့ PDFရဲဘော်တွေ ပူးပေါင်းပြီး TNLA ထိန်းချုပ်ထားတဲ့ မိုးမိတ်မြို့မှာ ဘုံကထိန်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပဆင်နွှဲခဲ့ကြပါတယ်။