ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်ကုန်သွယ်ရေးမှာ စစ်ကောင်စီရော၊ အာရက္ခတပ်တော် (AA)ပါ အခွန်ကောက်ခံနေလို့ နှစ်ဖက်လုံးနဲ့ ထိတွေ့ဆက်ဆံနေရကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး အကြံပေး ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) Jahangir Alam Chowdhury က မတ်လ ၁ ရက်မှာ ပြောပါတယ်။
“ပထမတော့ စစ်တွေကနေ ဝင်လာတဲ့ ကုန်ပစ္စည်းတွေအတွက် မြန်မာအစိုးရက အခွန်ကောက်တယ်။ ဒါပေမယ့် နယ်စပ်ကို အာရက္ခတပ်တော်က ချုပ်ကိုင်ထားတာကြောင့် သူတို့လည်း အခွန်ကောက်တယ်။ ဒါက ကိုင်တွယ်ဖို့ခက်ခဲတဲ့ အခြေအနေတစ်ခုပါပဲ။ ဒီကိစ္စကိုင်တွယ်ဖို့ အကြီးတန်း ကိုယ်စားလှယ်တစ်ဦးကို ခန့်အပ်ထားပါတယ်” လို့ သူကပြောပါတယ်။
(ဘင်္ဂလားဒေ့ရှ် ဖွဲ့စည်းပုံအရ ပြည်နယ်ဝန်ကြီးနဲ့ ညီမျှတဲ့) အကြံပေးအရာရှိချုပ် အထူးလက်ထောက် Khalilur Rahman ကို ဒီကိစ္စအတွက် ဆက်ဆံရေးမှူးအဖြစ် ခန့်အပ်ကြောင်း သူကဆိုပါတယ်။
အစိုးရအနေနဲ့ စစ်ကောင်စီနဲ့‌ရော AA နဲ့ပါ နှစ်ဖက်စလုံးနဲ့ ဆက်သွယ်ရေးတွေ ဆက်လက်ထားရှိတယ်လို့ ပြည်ထဲရေးအကြံပေးက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် အစိုးရသစ်ရဲ့ အဆင့်မြင့် ကိုယ်စားလှယ်တွေက AA ရဲ့ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး အသိအမှတ်ပြု ဆောင်ရွက်နေရတဲ့အကြောင်း ပထမဆုံးအကြိမ်အဖြစ် လူသိရှင်ကြား သတင်းထောက်တွေနဲ့ တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။
နယ်စပ်ဖြတ်ကျော် ပဋိပက္ခကြောင့် Teknaf ကုန်းတွင်းဆိပ်ကမ်းကတဆင့် ဘင်္ဂလားဒေ့ရှ်-မြန်မာ ကုန်သွယ်မှုဟာ လွန်ခဲ့တဲ့ ဘဏ္ဍာရေးနှစ် ၂ခုအတွင်း သိသိသာသာကျဆင်းသွားတယ်လို့ Teknaf အကောက်ခွန်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
Teknaf အကောက်ခွန်အချက်အလက်တွေအရ ၂၀၂၃ ဘဏ္ဍာရေးနှစ်နဲ့ နှိုင်းယှဉ်ရင် ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာရဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ သွင်းကုန်တန်ဖိုးဟာ ထက်ဝက်နီးပါး ကျဆင်းသွားခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ရဲ့ မြန်မာနိုင်ငံကို ပို့ကုန်တန်ဖိုးဟာ သုံးပုံတစ်ပုံအထိ ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။
မြန်မာကနေ အဓိကအားဖြင့် ငါးခြောက်၊ ရေခဲရိုက်ငါး၊ ကွမ်းသီး၊ ကြက်သွန်နီ၊ ဂျင်း၊ အုန်းသီး၊ သစ်သားနဲ့ အခြား ကုန်ပစ္စည်းတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်သွင်းတာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ကနေ ဘိလပ်မြေနဲ့ အာလူးတို့ကို မြန်မာနိုင်ဆီ အဓိက တင်ပို့တာဖြစ်ပါတယ်။
ပုံစာ – ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး အကြံပေး ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) Jahangir Alam Chowdhury
0 Shares:
You May Also Like
Read More

စစ်ကောင်စီအတွက် နောက်ဆုံးနေရာဟာ ရာဇဝတ်သားတွေအဖြစ် တရားရုံးရှေ့မှောက်သာ ဖြစ်သင့်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက နိုင်ငံတကာကို အသိပေး

စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီအတွက် နောက်ဆုံးနေရာအဖြစ် တရားရုံးနဲ့ ခုံရုံးရှေ့မှောက်ကိုသာ အရောက်ပို့ရမှာဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုလိုက်ပါတယ်။
Read More

မြန်မာမှာ နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး အပါအဝင် သဘောတူညီမှုအချို့ မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်မှာ လက်မှတ်ထိုး

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်အတွင်းမှာ နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး အပါအဝင် သဘောတူညီချက် (၁၀) ခုကို လက်မှတ်ရေးထိုးခဲ့တယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြလာပါတယ်။
Read More

မြန်မာခရိုနီတချို့အပေါ် အရေးယူပိတ်ဆို့မှု ရုပ်သိမ်းတာဟာ မင်းအောင်လှိုင်ရဲ့ပြန်စာနဲ့ မဆိုင်ဘူးလို့ အမေရိကန်ပြော

“ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းဖို့ ဆုံးဖြတ်ချက်ဟာ အရင်အစိုးရလက်ထက်က စတင်ခဲ့တဲ့ ရှည်လျားတဲ့ လုပ်ငန်းစဉ်ကို ထင်ဟပ်စေပါတယ်” "ဒီဆုံးဖြတ်ချက်တွေနဲ့ စာကြားမှာ ဆက်စပ်မှုမရှိပါဘူး" လို့ ၎င်းက ဆိုပါတယ်။
Read More

အရုပ်ကောက်စက်ပိုင်ရှင်ကို အရုပ်ကောက်ပြခိုင်းရာ အရုပ်မရသည့်အတွက် လောင်းကစားဥပဒေဖြင့် အမှုဖွင့်အရေးယူ

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ ချင်းမိုင်တက္ကသိုလ်ရှေ့က အရုပ်ကောက်ဆိုင်ကို ချင်းမိုင်မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ ညွှန်ကြားချက်နဲ့ လောင်းကစားဆိုင် နှိမ်နင်းရေးအဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့တယ်လို့ Chiangmai News က သတင်းဖော်ပြပါတယ်။
Read More

ကျောင်းသားခေါင်းဆောင် ကိုထက်မြတ်အောင်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းလွှတ်ပေးဖို့ APHR တောင်းဆို

APHR ဥက္ကဋ္ဌ ဖြစ်သူ အင်ဒိုနီးရှား လွှတ်တော်အမတ် Mercy Chriesty Barends က “ကိုထက်မြတ်အောင်ကို ဖမ်းဆီးပြီး ညှင်းပန်းနှိပ်စက်တာဟာ ငြိမ်းချမ်းစွာ ဆန့်ကျင်သူတွေကို နှုတ်ပိတ်ဖို့၊ ဒီမိုကရေစီ ခေါင်းဆောင်မှု ယန္တရားကို ဖျက်ဆီးဖို့နဲ့ အကြောက်တရားကိုသုံးပြီး အာဏာတည်မြဲအောင် လုပ်ဆောင်နေတဲ့ မြန်မာစစ်တပ်ရဲ့ စနစ်တကျ ညှင်းပန်းနှိပ်စက်မှုတွေကို ထင်ဟပ်နေတာပဲဖြစ်တယ်”လို့ ပြောကြားခဲ့ပါတယ်။
Read More

အိန္ဒိယက ရာနှင့်ချီသည့် ရိုဟင်ဂျာဒုက္ခသည်များကို နှင်ထုတ်ကြောင်း HRW ထုတ်ပြန်

အိန္ဒိယအာဏာပိုင်တွေဟာ ရိုဟင်ဂျာဒုက္ခသည် ရာနဲ့ချီကို ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံဆီ အတင်းအကျပ် နှင်ထုတ်နေပြီး ဥပဒေရေးရာ အကာအကွယ်တွေ မပေးဘူးလို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) က ဩဂုတ်လ ၂၈ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။