၂၀၂၄ ခုနှစ်အတွက် အဆင်းရဲဆုံး အာရှ ၁၀ နိုင်ငံထဲမှာ တတိယအဆင့်အဖြစ် မြန်မာနိုင်ငံပါဝင်လာကြောင်း World Population Reviews က ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံရဲ့ တစ်ဦးချင်းဝင်ငွေ (Gross National Income – GNI) ဟာ အာဖဂန်နစ္စတန်နဲ့ နီပေါနိုင်ငံတွေပြီးရင် တတိယနေရာမှာ ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
World Population Reviews အရ အာဖဂန်နစ္စတန်ဟာ အာရှမှာ အဆင်းရဲဆုံးနိုင်ငံဖြစ်ပြီး တစ်ဦးချင်းဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၁၆၉၀ ပဲ ရှိတယ်လို့ ဆိုပါတယ်။
ကာလရှည်ကြာ ပဋိပက္ခတွေ၊ အကျင့်ပျက်ခြစားမှုတွေနဲ့ စီးပွားရေးမတည်ငြိမ်မှုတွေဟာ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဆိုးရွားစွာ ဟန့်တားခဲ့လို့ မြန်မာဟာ အာရှက အဆင်းရဲဆုံးနိုင်ငံစာရင်းထဲဝင်ခဲ့တာလို့လည်း ဆိုပါတယ်။
ဒါ့အပြင် စစ်အာဏာသိမ်းမှု လေးနှစ်ကျော်အတွင်း မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းတာ၊ စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှုနှောင့်နှေးတာ၊ ပြည်တွင်းပဋိပက္ခတွေနဲ့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ ထွက်ခွာတာတွေကလည်း အာရှရဲ့ အဆင်းရဲဆုံးနိုင်ငံစာရင်းထဲကို ဝင်စေခဲ့တာ ဖြစ်ပါတယ်။
မြန်မာအပါအဝင် အဆင်းရဲဆုံး စာရင်းဝင်ခဲ့တဲ့ နိုင်ငံတွေဟာ သဘာဝသယံဇာတ ပေါကြွယ်ဝပေမယ့် ဆင်းရဲမွဲတေမှုဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ဖော်ပြလာပါတယ်။
အဆင်းရဲဆုံး အာရှနိုင်ငံတွေထဲမှာ အခြားသော နိုင်ငံတွေအဖြစ် တာဂျစ်ကစ္စတန်၊ ကာဂျစ်စတန်၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ပါလက်စတိုင်းနဲ့ အိန္ဒိယနိုင်ငံတို့ ပါဝင်နေတယ်လို့ ဖော်ပြလာပါတယ်။
0 Shares:
You May Also Like
Read More

မ​ကွေးတိုင်းရှိ ပကဖ ရဲဘော်တွေကို NUG ပြည်ထဲ​ရေးဝန်ကြီးဌာန တာဝန်ရှိသူ​တွေ သွားရောက်တွေ့ဆုံ

အမျိုးသားညီညွတ်​ရေးအစိုးရ၊ ပြည်ထဲ​ရေးဝန်ကြီးဌာန တာဝန်ရှိသူနဲ့ မ​ကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ တာဝန်ခံတို့က မ​ကွေးတိုင်းအတွင်းရှိပြည်သူ့ကာကွယ်ရေးရဲဘော်တွေကို သွားရောက် ​တွေ့ဆုံ အား​ပေးစကား​ပြောကြားခဲ့တယ်လို့ ပကဖအသံက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ခင်ဦးမြို့ပေါ် ဆေးရုံမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ကို သွားရောက်ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ် ဆေးရုံမှာ အထိုင်ချ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိတယ်လို့ FUTURE HERO အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ငလျင်ကြီးလှုပ်မည်ဟု သတင်းဖြန့်ဝေခဲ့သူကို စစ်ကောင်စီ ဖမ်းဆီး

ဧပြီလ၂၁ ရက်မှာ ကြီးမားတဲ့ ငလျင်ကြီးထပ်လှုပ်မယ်လို့ TikTok ကတဆင့် ပြောကြားခဲ့သူ နိုင်ကျဉ်းဟောင်းတစ်ယောက်ကို စစ်ကောင်စီက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
Read More

ကနီပညာရေးတာ၀န်ခံ မတရား သတ်ဖြတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး တောင်းဆို လှုပ်ရှားမှု (ဓာတ်ပုံသတင်း)

ယင်းမာပင်ခရိုင် ကနီမြို့နယ် ပညာရေးတာဝန်ခံ မတရားသတ်ဖြတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး၊ CDM များ လုံခြုံမှုရှိရေး ရေဦးမြို့နယ် ‌ကြားကာလတက္ကသိုလ်ကျောင်းသူကျောင်းသားများက တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
Read More

ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်၏ အရာရှိငယ် သင်တန်းဆင်းပွဲ

ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်က အနာဂတ်တော်လှန်ရေးကို ဦးဆောင်မယ့် အရာရှိငယ် အပတ်စဥ် (၁) သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ပြီးစီးကြောင်း ထုတ်ပြန်ပါတယ်။
Read More

အုတ်တွင်းမြို့ပေါ်က စစ်တပ် တပ်စွဲထားတဲ့ နေရာ ၄ ခုကို တိုက်ခိုက်၊ ရဲတပ်ကြပ် ၁ ယောက် သေပြီး ၄ယောက် ဒဏ်ရာရ

ပဲခူးတိုင်း၊ အုတ်တွင်းမြို့ပေါ်မှာ အကြမ်းဖက်စစ်တပ် တပ်စွဲထားတဲ့ နေရာ ၄ ခုကို ဝင်ရောက်တိုက်ခိုက်ရာ ရဲတပ်ကြပ် ၁ ယောက် သေပြီး ရဲ ၃ ယောက်နဲ့ စစ်သား ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ အုတ်တွင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။