ကရင်နီဒေသက တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ မိုးဗြဲဒေသကို စစ်ကောင်စီက သာလွန်အင်အားနဲ့ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ကရင်နီ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီအစပ်မှာရှိတဲ့ မိုးဗြဲမြို့ကို ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ နောက်ဆုံးပိုင်းကစတင်ပြီး ပြန်လည်ထိုးစစ်ဆင်လာတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းအဖွဲ့တွေက မိုးဗြဲအခြေစိုက် ခမရ-၄၂၂ တပ်ကနေ မိုးဗြဲအနီးကို စစ်ကြောင်းထိုးမှုတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ကရင်နီ – ရှမ်းပြည်အစပ် မိုးဗြဲမြို့အတွင်းကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ (ဖေဖော်ဝါရီ ၂၇ ရက်)တွင် အင်အားအလုံးအရင်းဖြင့် ထိုးစစ် ဆင်လာမှုရှိခဲ့ပြီး တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲအတွင်း အထိနာခဲ့လို့ ပြန်လည်ဆုတ်ခွါခဲ့ရတယ်လို့ ကရင်နီအခြေစိုက် MOBYE PDF ကယ်ဆယ်ရေးဆေးအဖွဲ့ (MPRT) က ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီက မြေပြင်စစ်ကြောင်းထိုးမှုနဲ့အတူ လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေလည်း ဆက်တိုက်ပြုလုပ်နေပါတယ်။
စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်နဲ့ မိုင်တစ်ရာကျော်ဝေးတဲ့ မိုးဗြဲမြို့ဟာ နေပြည်တော် လုံခြုံရေးအတွက်လည်း အရေးပါတာကြောင့် ပြန်လည်ထိန်းချုပ်ဖို့ စစ်ကောင်စီ ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

ရန်ကုန်မှာ YUPA မြို့ပြပြောက်ကျား တပ်ဖွဲ့က အာဏာရှင်အမြစ်ပြတ်ချေမှုန်းဖို့ အရှေ့ပိုင်းဒဂုန်မှာ အခြေစိုက်ပြီး ဆက်လက်လုပ်ဆောင်ဖို့ ထုတ်ပြန်ကြေငြာ

ရန်ကုန်မြို့ Yango Ug People Army မြို့ပြတော်လှန်ရေးတပ်ဖွဲ့အနေနဲ့ မြို့ပြပြောက်ကျားစစ်ဆင်ရေးတွေ ပြုလုပ်ရာမှာ ရန်ကုန်အရှေ့ပိုင်း ဒဂုန်မြို့နယ်အတွင်း အခြေစိုက်ကာ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်ကြောင်း အသိပေး ကြေငြာချက်ကို နိုဝင်ဘာလ ၁ ရက်မှာ ထုတ်ပြန်ခဲ့တယ်လို့ YUPA မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိ​သူတွေဆီက သိရပါတယ်။
Read More

မတ်လ ပထမအပတ်အတွင်း စစ်ကောင်စီတပ်မှ အလင်းဝင်လာသူနှင့် ဖမ်းဆီးခံရသည့် စစ်သုံ့ပန်း စုစုပေါင်း ၂၇ ဦး ရှိ

၂၀၂၅ ခုနှစ် မတ်လ ပထမအပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကနေ အလင်းဝင်လာသူတွေနဲ့ ဖမ်းဆီးခံရတဲ့ စစ်သုံ့ပန်း စုစုပေါင်း ၂၇ ယောက် ရှိတယ်လို့ ပြည်သူ့ပန်းတိုင်ရဲ့ စကစ၏ "ပြေးဟပရောဂျက် ယခုတစ်ပတ်" အစီအစဉ်မှာ ဖော်ပြထားပါတယ်။
Read More

မင်းပြားမြို့သိမ်းတိုက်ပွဲတွင် ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်း မိသားစုဝင် ၂၂၅ ဦးကို AA ပြန်လွှတ်ပေး…

ရခိုင်ပြည်နယ်၊ မင်းပြားမြို့သိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းမိသားစုဝင်တွေထဲက လွှတ်ပေးလို့ရတဲ့ ၂၂၅ ယောက်ကို ရက္ခိုင့်တပ်တော် AA က ပြန်လွှတ်ပေးလိုက်တယ်လို့ ရခိုင်ဒေသတွင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။
Read More

အောင်လံတွင် ရွေးကောက်ပွဲအတု ပြုလုပ်ချိန် ဆပ်ဆူဝရွာ စစ်တပ်ဂိတ်စခန်းကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ အောင်လံမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲလုပ်နေချိန် ဆပ်ဆူဝရွာ စစ်တပ်ဂိတ်စခန်းကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရိုးမဖိုက်တာ စစ်ကြောင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဘုတလင်မှာ စစ်ကောင်စီစစ်ကြောင်းတစ်ခုလုံးနီးပါး ချေမှုန်းနိုင်ခဲ့တဲ့ တိုက်ပွဲက ပြန်လာတဲ့ ရဲဘော်တွေကို ပြည်သူလူထုက ကြိုဆို

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ရွာက စစ်ကောင်စီတပ် အခြေချစခန်းက ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းပြီး ပြန်လာတဲ့ ရဲဘော်တွေကို ပြည်သူလူထုက ကြိုဆိုခဲ့တယ်လို့ ကျောင်းသားလက်ရုံးတပ်တော် (SAF) က ထုတ်ပြန်ပါတယ်။
Read More

DKBA ကျားဖြန့်ရုံကို KNLA ပူးပေါင်းတပ်များ ဝင်ရောက်စီးနင်း၊ လက်နက်များစွာ သိမ်းဆည်းရမိ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မင်းလက်ပံကျေးရွာက တရုတ်ကျားဖြန့်ရုံကို KNLA ပူးပေါင်းတပ်တွေ ဝင်ရောက်စီးနင်းရာ DKBA တပ်ဖွဲ့ဝင်တချို့နဲ့ လက်နက်များစွာကို သိမ်းဆည်းရမိခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။