မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း စစ်ရေးဖော်ဆောင်မှုတွေ အရှိန်မြှင့်လုပ်ဆောင်နိုင်ဖို့ တပ်ရင်းတပ်ဖွဲ့ ၆ ခုပူးပေါင်းပြီး မြေပြင်မဟာမိတ်အဖွဲ့အစည်းတစ်ခုကို လက်မှတ်ရေးထိုးဖွဲ့စည်းခဲ့တယ်လို့ ဒေါင်းစစ်အောင် LPDF အဖွဲ့တာဝန်ရှိသူ ကိုထူးလေးက မောင်းသတင်းဌာနကို ပြောပါတယ်။
တပ်ရင်းတပ်ဖွဲ့ ၆ ခု၊ မြေပြင်ဘုံသဘောတူညီချက် ၁၃ ချက်နဲ့ ဖွဲ့စည်းခဲ့တဲ့ စလင်းမြို့နယ် မြေပြင်မဟာမိတ်အဖွဲ့စည်းဟာ တော်လှန်ရေးပြီးဆုံးချိန်အထိ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ အပြန်အလှန် ထိန်းကျောင်းသွားနိုင်ဖို့ ရည်ရွယ်တယ်လို့လည်း သိရပါတယ်။
မြေပြင်မဟာမိတ်တွေအဖြစ် မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းမှာ စစ်ရေးလှုပ်ရှားနေတဲ့ မင်းဘူးခရိုင် တပ်ရင်း(၁) ၊ မင်းဘူးခရိုင်တပ်ရင်း (၅) ၊ ဒေါင်းစစ်အောင် LPDF ၊ ဗမာ့တပ်တော် အမှတ် ( ၇၀၇) တပ်ရင်း၊ SALIN (LPDF)နဲ့ ဒေါင်းညီနောင်မြို့ပြပြောက်ကျားတပ်ဖွဲ့တွေက ဖေ​ဖော်ဝါရီလ ၂၇ ရက်မှာ ဆွေးနွေးတိုင်ပင်မှုတွေ လုပ်​ဆောင်ရင်း ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
” ဒီမဟာမိတ်အဖွဲ့ကနေ တပ်ဖွဲ့ချင်း အပြန်အလှန်လေးစားမှုတွေ ရှိလာဖို့ မျှော်လင့်တယ်။ စလင်းမြို့နယ်ထဲ ဘယ်နေရာဖြစ်ဖြစ် ပူးပေါင်းပြီးတော့ စစ်ရေးတွေဖော်ဆောင်သွားမယ်။ ပြည်သူတွေကလည်း တော်လှန်ရေး အဖွဲ့တွေ ညီညွတ်တာကို လိုချင်ကြတယ်။ ဟိုအဖွဲ့နဲ့ မတိုက်ဘူး။ ဒီအဖွဲ့ပါ မတိုက်ဘူးမဖြစ်ရအောင် ညီညွတ်မှုရှိတယ်။ စည်းလုံးရှိတယ်ဆိုတာ ပြသတဲ့သဘောပါ။” လို့ ဒေါင်းစစ်အောင် LPDF အဖွဲ့တာဝန်ရှိသူ ကိုထူးလေးက ပြောပါတယ်။
သူကပဲဆက်လက်ပြီး “မြေပြင်မဟာမိတ်စုဖွဲ့မှုမှာ တိုင်းရင်းသား EAOs ခေါ်ရမလား ဗမာ့တပ်တော်ပါတယ်။ အဓိက,ကတော့ NUG MOD အောက်ကဖြစ်တာမဖြစ်တာ၊ Local ဖြစ်တာမဖြစ်တာ​တွေထက် မြေပြင်မှာ လုပ်နေတဲ့အဖွဲ့တွေ ညှိနိူင်းဆွေးနွေးလုပ်ဆောင်သွားမယ်ပေါ့။ တစ်ဦးတစ်ဖွဲ့ဖြေရှင်းတာထက် ၆ ဖွဲ့က ဖြေရှင်းသွားမယ်။ ပြည်သူကို ရှေးရှုသွားမယ်ပေါ့၊ ဘေးအဖွဲ့တွေဝင်လာရင် ဗရမ်းမတာမဖြစ်အောင်အဖွဲ့ကို ထိန်းကျောင်းသွားမယ်။ အဲ့လိုဘုံသဘောတူညီချက်တွေနဲ့ မဟာမိတ်စုဖွဲ့ခဲ့တာပါ။ လက်ရှိကတော့ စလင်းမြို့နယ်ကို အခြေပြုပါတယ်” လို့ ပြောပါတယ်။
ဘုံသဘောတူညီချက် ၁၃ ချက်ထဲမှာ တော်လှန်အင်အားစုတွေ ပြိုကွဲနှောင့်နှေးစေတဲ့ အပြုအမူ၊ အပြောအဆိုတွေကို တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြား လုံးဝမပြုလုပ်ကြဖို့နဲ့ တပ်ပေါင်းစု အဖွဲ့အစည်းတွေရဲ့ စစ်ရေး၊ နိုင်ငံရေးမူဝါဒ ကျင့်ဝတ်၊ စည်းကမ်းတွေကို အပြန်အလှန် လေးစားတန်ဖိုးထားကြဖို့ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီကို အမြစ်ဖြတ်တိုက်ခိုက်ရာမှာလည်း တပ်ပေါင်းစုအသွင်နဲ့ တိုက်ခိုက်ချေမှုန်းသွားရမယ်လို့လည်း ပြောထားပါတယ်။
ဒါ့အပြင် တပ်ရင်းတပ်ဖွဲ့ ရဲဘော်တွေက အရပ်သားပြည်သူတွေကို ခြိမ်းခြောက်တာ၊ မောက်မာရိုင်းစိုင်းတာတွေ မလုပ်ဆောင်ကြဖို့နဲ့ တပ်ရင်းတပ်ဖွဲ့ဝင်အချင်းချင်း ခိုက်ရန်ဖြစ်ပွားတာ၊ ရပ်ရွာထဲ အရက်သေစာသောက်သုံးရမ်းကားတာ၊ သေနတ်ပစ်ဖောက်တာမျိုးတွေ လုံးဝမလုပ်ဆောင်ကြဖို့နဲ့ လုပ်ဆောင်ရင်လည်း ပြင်းပြင်းထန်ထန်အရေးယူသွားမယ်လို့ သိရပါတယ်။
မဟာမိတ်တပ်ဖွဲ့ဝင်တွေအချင်းချင်း နားလည်မှု၊ လွဲမှားမှုတွေရှိရင်လည်း လက်နက်နဲ့ ဖြေရှင်းတာမျိုးကို လုံးဝခွင့်မပြုသလို တိုက်ခိုက်ရေးအဖွဲ့တွေကလည်း မိမိတို့ တာဝန်ယူထားတဲ့နယ်မြေကလွဲလို့ တခြားအဖွဲ့အစည်းတွေ တာဝန်ယူထားတဲ့ နယ်မြေတွေကို စစ်ရေးမစ်ရှင် ဖော်ဆောင်ခြင်း(သို့) မိမိတို့အဖွဲ့က လုပ်ဆောင်ဖို့ ကိစ္စတွေရှိမယ်ဆိုရင် လက်ရှိတာဝန်ယူထားတဲ့ သက်ဆိုင်ရာ နယ်မြေခံအဖွဲ့ကို အကြောင်းကြားရမယ်လို့ ဘုံသဘောတူညီချက်မှာ ပါဝင်ပါတယ်။
လက်ရှိမှာ စလင်းမြို့နယ်အတွင်း စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပြီး စစ်ကောင်စီက အရပ်သားကျေးရွာတွေကို မီးရှို့တာ၊ လက်နက်ကြီးပစ်ခတ်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ပုံစာ – စလင်းမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေတဲ့ PDF တပ်ဖွဲ့ဝင်များ
0 Shares:
You May Also Like
Read More

ဂုတ်ကြီးစခန်းကို AA ပြန်လည်ထိန်းချုပ်နိုင်ခဲ့ဟု ဆို

မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ အမ်း-ပဒါန်းလမ်းပေါ်က အရေးပါတဲ့ ဂုတ်ကြီးကာကင်းစခန်းကို အာရက္ခတပ်တော် (AA) က ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ပြန်လည်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

နိုင်ငံတစ်ဝန်း မတ်လ ဒုတိယအပတ်အတွင်း စစ်ကောင်စီတပ်က ၂၈ ဦး အလင်းဝင်၊ စစ်သုံ့ပန်းအဖြစ် ၄၈ ဦး ဖမ်းဆီးရမိ…

နိုင်ငံတစ်ဝန်း မတ်လဒုတိယအပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ၂၈ ယောက် အလင်းဝင်လာပြီး တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ယောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်အနီး သေ့​ဘောဘိုးစခန်းကို ​တော်လှန်​ရေးတပ်​များ ဒရုန်းဖြင့် ဗုံးကြဲပြီး စတင်ထိုးစစ်ဆင်တိုက်ခိုက်၊ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံ ၅၀၀ ကျော် ထိုင်းဘက် တိမ်းရှောင်နေ

ကရင်ပြည်နယ်၊ မြဝတီမြို့အနီး ထိုင်း-မြန်မာနယ်စပ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ သေ့ဘောဘိုးစခန်းကို တော်လှန်ရေးတပ်တွေက ဒရုန်းတွေနဲ့ ဗုံးကြဲပြီးနောက် စတင် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Read More

ပွင့်ဖြူ PDF က စစ်ကောင်စီတပ်နဲ့ ၃ လအတွင်း တိုက်ပွဲ ၅ ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က ၃၀ ခန့် သေဆုံးပြီး ၂၀ ခန့် ဒဏ်ရာရ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင်အမှတ် (၇) တပ်ရင်း (ပွင့်ဖြူ PDF) အနေနဲ့ ၃ လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ၅ ကြိမ် ဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီတပ်က ၃၀ ခန့် သေဆုံးကာ ၂၀ ခန့် ဒဏ်ရာရခဲ့တယ်လို့ အဆိုပါ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

နိုင်ငံသားများ၏ ဘဝလုံခြုံအေးချမ်းမှု အပြည့်အဝ ပေးစွမ်းနိုင်သည်အထိ အားထုတ်ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန ကတိပြု

နိုင်ငံသားတွေရဲ့ ဘဝလုံခြုံအေးချမ်းမှုကို အပြည့်အဝ ပေးစွမ်းနိုင်တဲ့အထိ ဆက်လက်ပြီး အားထုတ်ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ကတိပြု ပြောဆိုလိုက်ပါတယ်။
Read More

ရဲတပ်ဖွဲ့နေ့တွင် မြဝတီ မြို့နယ်ရဲမှူး ရုတ်တရက် သေဆုံး

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်က မြို့နယ်ရဲတပ်ဖွဲ့မှူး အောင်နိုင်ဦးဟာ အောက်တိုဘာ ၁ရက်မှာ ရုတ်တရက် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။