၂၀၂၅ ခုနှစ်အစပိုင်း ဇန်နဝါရီလ နဲ့ ဖေဖော်ဝါရီလ နှစ်လတာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၁၅၉ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ထုတ်ပြန်ပါတယ်။
AAPP ကောက်ယူထားတဲ့ အချက်အလက် တွေအရ ဇန်နဝါရီလအတွင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ အရပ်သား ၈၁ ယောက် ရှိပြီး ဖေဖော်ဝါရီလမှာ ၇၈ ယောက် ရှိတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလ ၁ လအတွင်းမှာတင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှု စတဲ့ အရပ်သားကို ဦးတည်တဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် နိုင်ငံတဝန်း အရပ်သားပြည်သူ အမျိုးသား ၅၃ ယောက်နဲ့ အမျိုးသမီး ၅၃ ယောက် စုစုပေါင်း ၁၀၆ ယောက် သေဆုံးခဲ့ပြီး သေဆုံးသူတွေကို အမည်နဲ့တကွ မှတ်တမ်းတင်ထားနိုင်တယ်လို့ AAPP ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။
အဲ့ဒီသေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၁၆ ယောက်အထိ ပါဝင်နေပြီး မကွေးတိုင်းက သေဆုံးမှုအများဆုံး ဖြစ်သလို စစ်ကိုင်းတိုင်းက ဒုတိယအများဆုံး ဖြစ်တယ်လို့ သိရပါတယ်။
၂၀၂၅ ခုနှစ် ၂ လတာအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ အရပ်သားကို ဦးတည်တဲ့ အကြမ်းဖက်မှုတွေကြောင့် သေဆုံးသူအရေအတွက် ၂၁၉ ယောက် ရှိပြီး သေဆုံးသူတွေကို အမည်နဲ့တကွ မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။
ပုံစာ – ဖေဖော်ဝါရီ ၂၅ ရက်မှာ မြိုင်မြို့နယ်၊ ဆုံကုန်းကျေးရွာ ဘုန်းကြီးကျောင်းမှာ ပြုလုပ်နေတဲ့ မင်္ဂလာဆောင်ကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့စဥ်
0 Shares:
You May Also Like
Read More

တောင်ပိုင်းစစ်ဒေသမှာ ရေဘေးသင့် ပြည်သူတွေကို PDF နဲ့ ပကဖ ရဲဘော်တွေ ကူညီကယ်ဆယ်ရေးပြုလုပ်နေ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တပ်ရင်း၊ စစ်ကြောင်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တွေက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ထောက်ပံ့ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ တော်လှန်ရေးရဲဘော်တွေရဲ့ မှတ်တမ်းပုံရိပ်တွေကို တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က တစ်လအတွင်း မူယစ်ဆေးဝါးသုံးစွဲသူ (၁၂၆)ဦးနှင့် ဖြန့်ဖြူးရောင်းချသူ (၁၃)ဦး ဖမ်းဆီးခဲ့…

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်တဲ့ ခရိုင်တွေဖြစ်တဲ့ ကျောက်မဲခရိုင်၊ မိုးကုတ်ခရိုင်၊ ကွတ်ခိုင်ခရိုင်၊ နမ့်ဆန်ခရိုင်နဲ့ နမ့်ခမ်းခရိုင်တို့မှာ TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က တစ်လအတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ (၁၂၆) ယောက်နဲ့ ဖြန့်ဖြူးရောင်းချသူ (၁၃) ယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွေးကောက်ပွဲအတု ကျင်းပရန် ရက်ပေါင်း ၃၂ ရက်အလိုတွင် လွတ်ငြိမ်းချမ်းသာခွင့်နှင့် အမှုပိတ်သိမ်းတာ ကြေညာမည်ဟု စစ်ကော်မရှင်ထုတ်ပြန်

အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကျင်းပဖို့ ရက်ပေါင်း ၃၂ ရက်သာလိုတော့ချိန်မှာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်နဲ့ ရာဇသတ်ကြီးပုဒ်မ (၅၀၅-က) နဲ့ ကြားနာစစ်ဆေးနေဆဲအမှုတွေကို ပိတ်သိမ်းဖို့ ဒီနေ့ ည ၈ နာရီသတင်းအပြီးမှာ ကြေညာမယ်လို့ စစ်ကော်မ‌ရှင်ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲဟာ ယုတ္တိမရှိကြောင်း ထိုင်းလွှတ်တော် အဆောက်အအုံမှာ ဆွေးနွေး

စစ်အာဏာသိမ်းမှုကြောင့် နေ့စဉ် အခြေအနေတွေ ဆိုးရွားနေတဲ့ မြန်မာ့အရေးကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က လွှတ်တော်အဆောက်အအုံမှာ ၂ ရက်တာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
Read More

ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးလမ်းခွ တိုက်ပွဲအတွင်း DMO Local PDF တပ်ရင်း ၂ မှ ၂၁ နှစ်အရွယ် ရဲဘော် ၃ ဦးနှင့် ၂၃ နှစ်အရွယ် ရဲဘော် ၁ ဦး ကျဆုံးခဲ့

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO Local PDF) တပ်ရင်း ၂ မှ ရဲဘော် ၄ ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

စလင်း-ဆိပ်ဖြူကားလမ်းပိုင်းမှ ကျေးရွာများကို စစ်ကောင်စီတပ် ၁၀ ရက်ကျော် စစ်ကြောင်းထိုးမီးရှို့၊ အိမ်ခြေ ၁၇၀ ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့

မကွေးတိုင်း၊ စလင်းမြို့နယ်၊ စလင်း-ဆိပ်ဖြူကားလမ်းပိုင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ၁၀ ရက်ကျော်ကြာ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေ ၁၇၀ ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။