စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ဗောဓိတာဝါတိုင်ကုန်းစခန်းသိမ်းတိုက်ပွဲကို စစ်ကူလာနိုင်တဲ့ အကြမ်း ဖက်စစ်ကောင်စီတပ်စခန်းတွေကို ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Chindwin Dynamite (Salingyi) ထံက သိရပါတယ်။

ဗောဓိတာဝါကုန်းတိုက်ပွဲကို စစ်ကူလာနိုင်တဲ့ လမ်းကြောင်းနဲ့ နေရာတွေဖြစ်တဲ့ မအူပျူစခန်း၊ စွမ်းရည်ထက်စခန်း၊ တောပုပျူစခန်းနဲ့ GTC ကျောင်းအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Chindwin Dynamite (Salingyi)၊ ယင်းမာပင်ခရိုင်တပ်ရင်း(၃၅)တပ်ခွဲ(၃) တောင်ပံနီအထူးပျောက်ကျားတပ်ဖွဲ့ ၊ မုံရွာခရိုင်တပ်ရင်း(၂၄) Drone တပ်ဖွဲ့၊ SSTF/ ဗျူဟာ(၄၄) တပ်ရင်း(၁၄၊၁၅)၊ KLG/ ဗျူဟာ(၄၂) ဗျူဟာ(၄၅) ဗျုဟာ(၄၇)နဲ့ Brave Heart Army (Local)တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် ထိုင်း LGBT အလှမယ် တောင်းဆို (ရုပ်/သံ)

ထိုင်းနိုင်ငံ ပတ္တယားမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ LGBT အလှမယ်ပြိုင်ပွဲမှာ အလှမယ် Chayavate Somwong က ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
Read More

စစ်တပ်ယာဉ်တန်းကို လုံခြုံယူပေးသည့် စစ်သားများ တိုက်ခိုက်ခံရပြီး ၅ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ တပ်မ ၃၃ ကနေ မုံရွာနမခသို့ လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို လုံခြုံရေးယူထားတဲ့ စစ်သားတွေ တိုက်ခိုက်ခံရပြီး ၅ ယောက်သေခဲ့တယ်လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ထွက်လာသည့် စစ်ယာဉ်တန်းကို မုံရွာ-မန္တလေးလမ်းပိုင်းမှာ စောင့်ကြိုတိုက်ခိုက်၊ သံပြားကာယာဉ် ၁ စီး ပျက်စီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ သံပြားကာယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ သံပြားကာယာဉ် ၁ စီး ပျက်စီးခဲ့တယ်လို့ Black Eagle Defence Force - MMU က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရေဖြူမြို့နယ်မှာ စစ်တပ်စခန်းတွေကို ဗုံးကြဲတိုက်ခိုက်မှု အရာရှိအပါ ၁၁ ယောက်သေ (ရုပ်/သံ)

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ထားဝယ်ရေနက်ဆိပ်ကမ်းဧရိယာအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်စခန်း၊ ရပ်တော်မူဘုရားအနီးက အကြမ်းဖက်စစ်တပ်စခန်းနဲ့ စကခ ၈ လက်အောက်ခံ ခမရ ၄၀၇ တပ်ရင်းတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Tavoy People Liberation Force  အဖွဲ့ထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုကြောင့် ပျက်စီးခဲ့ရတဲ့ လားရှိုးမြို့စျေးမြင်ကွင်း (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ကို ဒီနေ့စက်တင်ဘာ ၂၇ ရက် မနက်အစောပိုင်းမှာ စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးအများအပြားကြဲချခဲ့ရာ လားရှိုးမြို့မစျေးနဲ့ ရပ်ကွက်အတွင်းက လူနေ အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။ ဒါ့အပြင် အရပ်သား ၂ ယောက်သေဆုံးပြီး ၆ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
Read More

နဂါးဖြူတပ်ရင်းနှင့် SOF တို့ အကြမ်းဖက်စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်ခဲ့သည့် မှတ်တမ်း (ရုပ်/သံ)

အကြမ်းဖက်စစ်ကောင်စီတပ်ရင်းကို နဂါးဖြူတပ်ရင်းနဲ့ SOF တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို White Dragon -P29904 က ထုတ်ပြန်လိုက်ပါတယ်။