မကွေးတိုင်း ရေစကြိုမြို့မှ အင်အား ၁၆၀ ခန့်ဖြင့် မြောင်နဲ့ ရေစကြိုနယ်အစပ် ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ယောက်သေပြီး ၆ ယောက်ဖမ်းဆီးရရှိခဲ့တယ်လို့ မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ထံက သိရပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းက ရေစကြိုကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်း စက်လှေနဲ့ ကူး လာပြီး မြောင်နယ်နဲ့ ရေစကြိုနယ်အစပ်ရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၄ နာရီခန့်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဉ် ၂ စီး၊ ရေစကြိုမြို့ပေါ်ကနေ ဟောင်ဝစ်ဇာအမြောက်တွေ ပစ်ကူပေးခဲ့ပေမယ့် တပ်သား ၅ ယောက်သေပြီး ၆ ယောက်ဖမ်းဆီးရရှိခဲ့ကာ ၆၀မမစိန်ပြောင်း ၁ လက်၊ RPG-7 ၁ လက်၊ MA-3 ၁ လက်၊ G-3 ၁ လက်နဲ့ အခြားစစ်ခွေးအသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်တွေဘက်မှာလည်း ရဲဘော် ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိ ရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM)၊ မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ (MCRF)၊ စစ်ကိုင်းခရိုင် ပ.လ.ဖ၊ ဆင်ရိုင်းစစ်ကြောင်း(မြောင်)၊ ကျေးရွာတပ်ပေါင်းစု၊ စစ်ကိုင်းခရိုင်တပ်ရင်း(၁)၊ စစ်ကိုင်းခရိုင်တပ်ရင်း(၂)၊ စစ်ကိုင်းခရိုင်တပ်ရင်း (၄)၊
မြောင်တိုက်နယ်(၆) ပ.က.ဖ၊ မြောင်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့၊ Wolf Brother၊ ကျောက်ဆည်နဂါးနီ၊ Liberation Army of Central Region၊ 8 Stars၊ Taloke PDF၊ ဒေါင်းစစ်သည်၊ Myaung Union Army၊ ဝရဇိန်ထုတ်လုပ်ရေး၊ ဒေါင်းညီနောင်နဲ့ မြင်းခြံမြို့နယ် ပ.က.ဖတို့က ပူးပေါင်းလုပ် ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဖယ်ခုံ PDF (၁၀၀၆ တပ်ရင်း) က အမျိုးသမီးရဲဘော်တွေရဲ့ ခက်ခဲကြမ်းတမ်းတဲ့ စစ်သင်တန်းပုံရိပ်များ (ရုပ်/သံ)

အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဖယ်ခုံPDF( ၁၀၀၆ တပ်ရင်း) က အမျိုးသမီးရဲဘော်တွေရဲ့ ခက်ခဲကြမ်းတမ်းတဲ့ စစ်သင်တန်းပုံရိပ် မှတ်တမ်းရုပ်သံဖိုင်ကို ထုတ်ပြန်ပြသလိုက်ပါတယ်။
Read More

ဇီးဖြူကုန်းကျေးရွာရှိ စစ်ကော်မရှင်တပ်သားတွေကို ၂ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် ပျူခေါင်း‌ဆောင် ဝင်းဇော်အောင်သေဆုံးပြီး ၄ ယောက် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အနောက်ခြမ်းရှိ ဇီးဖြူကုန်းကျေးရွာရှိ အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ ပျူခေါင်း‌ဆောင်သေဆုံးပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့မှ သတင်းထုတ် ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နဲ့ ၂၉ ရက် ၂ ရက်ဆက် ဇီးဖြူကုန်းကျေးရွာရှိ အကြမ်းဖက်စစ် ကော်မရှင်တပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီး ၄၅ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သား ပျူခေါင်းဆောင် ဝင်းဇော်အောင် သေဆုံးပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

တောင်ကြီးတွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်စောင်းပေါ်မှ နေအိမ် ၁ လုံး ပြိုကျ (ရုပ်/သံ)

ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်စောင်းပေါ်က နေအိမ် ၁ လုံးပြိုကျခဲ့တယ်လို့ သိရပါတယ်။
Read More

မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ ကြေးနီသယ်ယာဉ်တွေကို လုံခြုံရေးယူပေးထားတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ ကြေးနီသယ်ယာဉ်တွေကို လုံခြုံရေးယူပေးထားတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area71Local People Defense Force မှ ယနေ့သတင်းထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာ ၁၄ ရက် မနေ့က ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကုမ္ပဏီမှ ကြေးနီတွေသယ်ဆောင်ပြီး ထွက်လာတဲ့ တွဲကား ၂၃ စီးကို လုံခြုံရေးယူပေးထားတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ သံပြားကာ Jummer ယာဉ် ၆ စီးကို မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

သရက်ချောင်းမြို့နယ် မင်းဒပ်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ရှင်းထုတ် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် မင်းဒပ်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင် စီတပ်သားတွေကို တိုက်ခိုက်ရှင်းထုတ်ခဲ့တယ်လို့ ပုတီးတစ်လုံး ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်အုပ်စုကို အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံ AIF Myanmar ထုတ်ပြန်

အကြမ်းဖက်စစ်အုပ်စုရဲ့ ရှေ့တန်းတပ်စခန်း၊ ဒရုန်း Jammer တွေကို အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့တဲ့ မှတ်တမ်းရုပ်သံကို AIF Myanmar က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ တိုက်ခိုက်မှုအတွင်း ဒရုန်း Jammer ၂ ခု ၊ ထောက်ပံ့ရေး စုဆောင်းနေရာ ၄ ခုတို့ကို ဖျက်ဆီးနိုင်ခဲ့ပြီး ရှေ့တန်းတပ်စခန်းရှိ စစ်အရာရှိ ၂ ဦး၊ တပ်သား ၆ ဦးသေဆုံးကာ နဲ့ ၈ ဦး ဒဏ်ရာရရှိအောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။