တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်း ၂၀၂၁ ဖေဖော်ဝါရီ ၂၈ ရက်က ထားဝယ် လူသပိတ် အကြမ်းဖက်ဖြိုခွင်းခံရပြီး ကျဆုံးခဲ့ရတဲ့ အာဇာနည် ၄ ယောက်ရဲ့ ၄ နှစ်ပြည့်အထိမ်းအ မှတ်အဖြစ် စစ်အာဏာရှင်စနစ်ဆန့်ကျင့်ရေး ညသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC) ထံက သိရပါတယ်။

အဲဒီသပိတ်လှုပ်ရှားမှုကို “လမ်းမထက်ကသွေးတွေမခြောက်သရွေ့ လူထုတရပ်လုံး သွေးဆူကြဟေ့” ခေါင်းစဥ်နဲ့ ဒေသခံပြည်သူအများအပြား ပူးပေါင်းပါဝင်ခဲ့ကြပြီး ထားဝယ်အမျိူးသား အာဇာနည် ၄ ယောက်အပြင် ခေတ်အဆက်ဆက်ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသူတွေအတွက် အလေးပြုတာ၊ ဝမ်းနည်းကြောင်းအထိမ်းအမှတ်အနေနဲ့ လွမ်းသူ့ပန်းခွေချတာတွေ ပြုလုပ်ခဲ့ကြ တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်တောင်းမြစ် အနောက်ဘက်ကမ်း ‌ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

ပဲခူးတိုင်း ရေတာရှည်မြို့နယ် စစ်တောင်းမြစ် အနောက်ဘက်ကမ်း ကျွန်းတော်ကုန်းကျေးရွာကနေ နှောပင်ကျေးရွာကို ဝင်ရောက်စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်‌ရေးပူးပေါင်းတပ်တွေ ဒီဇင်ဘာ ၅ ရက်က ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့မှု ရုပ်သံမှတ်တမ်းကို နေပြည်တော် PDF တပ်ရင်း ၈၀၄ က ထုတ်ပြန်လာပါတယ်။ 
Read More

Myingyan Black Tiger (MBT)မြင်းခြံခရိုင်အမှတ်(၉)တပ်ရင်းရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၁၄) သင်တန်းဆင်းပွဲမှာ ဗိုလ်မိုက်ခဲပြောကြားချက် (ရုပ်/သံ)

''ကျွန်တော်တို့ ခံယူချက်ရှိရတယ်။ သေချာတာ တစ်ခုကတော့ ကျွန်တော်တို့ လွတ်လွတ်လပ်လပ် နေချင်တယ်။ အိမ်ပြန်နေချင်တယ်။ ဘီယာသောက်ချင်တယ်။ အကုန်လုပ်ချင်တယ်ဗျာ လွတ်လပ်စွာနေချင်တယ်။ အဲလိုမျိုးအနေအထားရောက်ဖို့အတွက် ဒီအာဏာရှင်စနစ်ကို အမြစ်ပြတ်အောင် တိုက်မှာရမယ်။ တိုက်ရဲဖို့လည်း လိုသလို တိုက်မယ်လို့ ဆုံးဖြတ်ချက် ချထားပြီးရင်လည်း နောက်ပြန်ဆုတ်လို့မရဘူး''
Read More

ဗန်းမော်စစ်ဆင်ရေးတွင် KIA နှင့်အတူ ဗမာ့တပ်တော်ရဲဘော်များ ပါဝင်တိုက်ခိုက် (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဗန်းမော်စစ်ဆင်ရေးမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဦးဆောင်မှုနဲ့အတူ ဗမာ့တပ်တော်ရဲဘော်တွေ ပါဝင်တိုက်ခိုက်နေတဲ့ ရုပ်သံမှတ်တမ်းကို ဗမာ့တပ်တော် BAMAR ARMY က အောက်တိုဘာ ၁၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Read More

အနောက်မြောက်တိုင်းစစ်ဌာနချုပ်က လေယာဉ်နဲ့ ချပေးခဲ့တဲ့ လက်နက်ကြီးကျည်၊ ခဲယမ်းနဲ့ စားနပ်ရိက္ခာတွေ ယင်းမာပင်ဗျူဟာ ၄၂ သိမ်းဆည်းရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်းအတွင်း ယင်းမာပင်ဗျူဟာ ၄၂ ရဲ့ စစ်ဆင်ရေးလှုပ်ရှားနေတဲ့ နေရာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်နဲ့ ချပေးခဲတဲ့ လက်နက်ကြီးကျည်၊ ခဲယမ်းနဲ့ စားနပ်ရိက္ခာတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မြေပြင်တော်လှန်‌ ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၉ လုံးခန့် ပျက်စီးဆုံးရှုံး (ရုပ်/သံ)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်မှာ နေအိမ်မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၉ လုံးခန့် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
Read More

၁၀၂၇ ဒုတိယပိုင်းရဲ့ ရှမ်း-မန်းစစ်ဆင်ရေးကနေ ပြန်လာတဲ့ ရွှေဘိုခရိုင်တပ်ရင်း ၁၅ ရဲဘော်တွေနဲ့ ဒေသခံပြည်သူတွေရဲ့ ပျော်ရွှင်ဖွယ်ပုံရိပ်များ (ရုပ်/သံ)

၁၀၂၇ ဒုတိယပိုင်းရဲ့ ရှမ်း-မန်းစစ်ဆင်ရေးကနေ ပြန်လာတဲ့ ရဲဘော်တွေကို ကြိုဆိုနေကြတဲ့ ဒေသခံပြည်သူတွေရဲ့ ‌‌ပျော်ရွှင်ဖွယ်ပုံရိပ်တွေကို ရွှေဘိုခရိုင်တပ်ရင်း ၁၅ က ထုတ်ပြန်လိုက်ပါတယ်။