စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ဗောဓိတစ်ထောင် ဘုရားတောင်ပေါ်က တော်လှန်ရေးတပ်များ သိမ်းပိုက်ခဲ့တဲ့  MRTV တာဝါတိုင်စခန်းကုန်းကို လေကြောင်းပစ်ကူများသုံးပြီး စစ်ကောင်စီက ပြန်လည်တပ်စွဲထားကြောင်း မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ယောက်က မောင်းကို ပြောပါတယ်။

ဖေဖော်ဝါရီ ၂၆ရက်နေ့က မုံရွာမြို့နယ်၊ ခတ္တကန်ရွာအရှေ့ဘက်မှာရှိတဲ့ စစ်အုပ်စု​ထိုင်ချတပ်စွဲရာ MRTV တာဝါတိုင်ကုန်းစခန်းကို တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့တွေက စီးနင်းသိမ်းပိုက်နိုင်ခဲ့ပါတယ်။

အထက်ပါစခန်းကုန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ပြီး တစ်ရက်အကြာမှာပဲ စစ်ကောင်စီတပ်တွေက မြေပြင်၊ ဝေဟင်စစ်ကူများသုံးကာ ပြန်လည်တပ်စွဲနေပြီဖြစ်တယ်လို့ သိရတာပါ။

“အဲ့ကုန်းက စကစရဲ့ အခိုင်အမာ စွဲထားတဲ့ တောင်ကုန်းလို့ပြောလို့ရတယ်ဗျ။ မုံရွာနဲ့ကော မုံရွာ – မန်းလေး လမ်းနဲ့ရောက သိပ်မဝေးဘူးဗျ။ စကစက လေကြောင်းရော မြေပြင် လက်နက်ကြီးပစ်ကူနဲ့ရော အလုံးအရင်းတိုက်လာလို့၊ ကျနော်တို့ တပ်ရင်းတွေလည်း လေကြောင်းရန်ကြောင့် ပြန်လည်ဆုတ်ခွာထားတာပါ။” လို့ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ယောက်က မောင်းကိုပြောပါတယ်။

အင်အား ၁၇ ယောက်နီးပါးနဲ့ တပ်စွဲထားတဲ့ အဲ့ဒီစခန်းကိုတိုက်ခိုက်စဉ်မှာ စစ်ကောင်စီဘက်က ၁၁ ယောက် သေဆုံးပြီး G-3 (၅) လက်၊ Uzi (၃) လက်၊ M-79 (၂) လက်၊ G-3 ကျည် (၂၅၇၀) တောင့်၊ 9mm ကျည် (၂၁၂၈) တောင့်၊  ၄၀ မမ ဗုံးသီး (၁၀) လုံး၊ ရှေ့ထွက်မိုင်း (၂) လုံး၊ ကျည်အိမ် (၆) ခုနဲ့ TV (၁) လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က Paramotor (၂) စီး၊ တံတားဦး လေတပ်က Mi-35 (၁) စီးနဲ့ လေကြောင်းပစ်ကူပေးခဲ့ပြီး အမတ-၅၀၈ ကနေ ၁၀၅ မမ၊ ၁၂၀ မမ တို့နဲ့ (၁၄) ကြိမ်ခန့် ပစ်ကူပေးခဲ့ပေမယ့် တော်လှန်ရေးတပ်တွေက စခန်းသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ကန့်ဘလူ စံပယ်နံ့သာဂိတ်စခန်းမှ စစ်အုပ်စု မိန်းကလေး ၂ဦးကို ပေါ်တာဆွဲ၊ ၁ ဦး ထွက်ပြေးလွတ်မြောက်သော်လည်း အဓမ္မပြုကျင့်ခံရကာ ကျန်ခဲ့သည့် မိန်းကလေး အသက်ရှင်မရှင် မသိရ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်က စစ်ကော်မရှင်တပ်သားတွေနဲ့ ပျူစောထီးတွေဟာ အသက်မပြည့်သေးတဲ့ မိန်းကလေး ၂ ယောက်ကို ပေါ်တာဆွဲပြီး သူတို့ထဲက ၁ ယောက်ကို မုဒိမ်းကျင့် သတ်ဖြတ်လိုက်တယ်လို့ ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်းအမှတ်(၅) ကို စစ်ရေးချုပ်ခူးရီးဒူ လာရောက်တွေ့ဆုံ

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်းအမှတ်(၅) ကို KNDF တပ်ဖွဲ့ရဲ့ စစ်ရေးချုပ် ခူးရီးဒူ လာရောက်တွေ့ဆုံခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

KNU ရဲ့ မြိတ်−ထားဝယ်ခရိုင်ဌာနချုပ်နှင့် တပ်မဟာ ဌာနချုပ်ဟောင်း တည်ရှိရာ ထီးခီးဒေသကို အလုံးစုံ ပြန်လည်သိမ်းပိုက်ကြောင်း KNU တရားဝင်ထုတ်ပြန်

တနင်္သာရီတိုင်း၊ မြိတ်−ထားဝယ်ခရိုင်ရှိ ကရင်အမျိုးသားအစည်းအရုံး(KNU) ရဲ့ ခရိုင်ဌာနချုပ်နဲ့ တပ်မဟာဌာနချုပ်ဟောင်း တည်ရှိရာ ထီးခီးဒေသတစ်ခုလုံးကို အလုံးစုံ သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU က ဒီနေ့ မွန်းလွဲပိုင်းမှာ တရားဝင်ထုတ်ပြန်ပါတယ်။
Read More

NUG ၏ လမ်းညွှန်မှုနှင့်အတူ ကနီ ပအဖ တာဝန်ရှိသူများကို ငွေအလွဲသုံးစားလုပ်မှု သံသယဖြင့် ဖမ်းဆီးထိန်းသိမ်းထား

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတွေအနေနဲ့ ပြည်သူပိုင်ငွေကြေးတွေကို စီမံခန့်ခွဲရာမှာ အလွဲသုံးစားလုပ်မှုတွေရှိတယ်ဆိုပြီး ဖမ်းဆီးထိန်းသိမ်းထားတဲ့အကြောင်း ပကဖ အသံက ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။
Read More

ဖျာပုံ လွတ်လပ်ရေးနေ့အကြို ဖျော်ဖြေပွဲအတွက် ဖြူဖြူထွေး နေရာတွင် ရွှေထိုက်ကို အစားထိုးမည်ဟု ဆို

ဧရာဝတီတိုင်း၊ ဖျာပုံမြို့မှာ လွတ်လပ်ရေးနေ့အကြို ဖျော်ဖြေပွဲအတွက် လက်မှတ်တွေ ကြိုတင်ရောင်းချထားပြီးမှ ဖြူဖြူထွေး ပါဝင်ဖျော်ဖြေမှုကို လက်မခံကြတာကြောင့် ဖြူဖြူထွေး အစား အဆိုတော်ရွှေထိုက်နဲ့ ပြောင်းလဲလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ဒီးမော့ဆိုတွင် စစ်တပ်နှင့် KNDF နေ့စဥ် တိုက်ပွဲပြင်းထန်နေ၊ ကျေးရွာနေပြည်သူများ လုံခြုံရေးသတိရှိကြရန် KNDF အသိပေး

ကရင်နီပြည်နယ်အတွင်း အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးရာ နေရာတွေနဲ့ နီးစပ်တဲ့ ကျေးရွာတွေက ပြည်သူတွေအနေနဲ့ လုံခြုံရေးသတိရှိကြဖို့နဲ့ နယ်မြေခံတော်လှန်ရေးတပ်တွေရဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က အသိပေးထုတ်ပြန်ထားပါတယ်။