မကွေးတိုင်း၊ ချောက်မြို့နယ်မှာ ပေါ်တာဆွဲနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ ၂ ယောက်ထက်မနည်း သေဆုံးပြီး ၃ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ချောက်မြို့နယ်၊ အမှတ် ၃ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ပေါ်တာဆွဲပြီး အတင်းအဓမ္မ ငွေကြေးကောက်ခံနေတဲ့ စစ်ကောင်စီတပ်သား ၁၀ ယောက်ခန့်ကို ဒီနေ့ မနက်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၂ ယောက်ထက်မနည်း သေဆုံးပြီး ၃ ယောက်ထက်မနည်း ပြင်းထန်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုကို အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့၊ Chauk Guerrilla Force (CGF) ၊ ချောက်မြို့နယ် ပကဖ၊ မကွေးခရိုင် ပကဖ အထူးတိုက်ခိုက်ရေးအဖွဲ့အပါအဝင် ပူးပေါင်းတပ်ဖွဲ့တွေ လုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဖားအံမြို့၊ သံလွင်တံတားထိပ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့စစ်ဆေးရေးဂိတ်မှာ တစ်ပတ်အတွင်း ခရီးသွားပြည်သူ ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရ…

ကရင်ပြည်နယ်၊ ဖားအံမြို့က သံလွင်တံတားရှိ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်မှာ စစ်ဆေးရှာဖွေမှု ပြုလုပ်ပြီးနောက် စစ်သားသစ်အဖြစ် ပေါ်တာဆွဲခံရသူအရေအတွက်က တစ်ပတ်တာအတွင်းမှာပဲ လူဦးရေ ၁၀၀ ကျော်အထိ ရှိလာနေပြီဖြစ်တယ်လို့ အဆိုပါအကြမ်းဖက်စစ်တပ်ဂိတ်နဲ့​ နီးစပ်သူတွေဆီက သိရပါတယ်။
Read More

ကရင်နီမှာ လူ့အခွင့်အရေးချိုးဖောက်မှု ၁၀၈ ခုထက်မနည်း စစ်ကောင်စီက ကျူးလွန်ခဲ့

ကရင်နီပြည်နယ်တဝန်းမှာ စစ်ကောင်စီက  ၂၀၂၄ ခုနှစ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု (၁၀၈) ခု ထက်မနည်း ပြုလုပ်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကျူးလွန်ခဲ့ကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က ဒီနေ့ ဇန်နဝါရီလ (၃၁)ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ခမရ ၁၁၉ မှာ တာဝန်ကျကာ အလင်းဝင်လိုသည့် စစ်မှုထမ်းတပ်သားကို Burma Revolution Rangers အဖွဲ့ သွားရောက်ကယ်ထုတ်ပေးခဲ့

စစ်မှုထမ်းတပ်သားအဖြစ် အတင်းအဓမ္မ စုဆောင်းခံရပြီး မန္တလေးတိုင်း ပုသိမ်ကြီးမြို့အခြေစိုက် ခမရ ၁၁၉မှာ တာဝန်ကျနေတဲ့ စစ်မှုထမ်းတပ်သားသစ် ၁ ယောက်ကို သွားရောက်ကူညီ ခေါ်ဆောင်ပေးခဲ့ရကြောင်း Burma Revolution Rangers က ထုတ်ပြန်ထားပါတယ်။
Read More

ဘူးသီးတောင်မြို့နယ်မှာ ဝါးခုတ်သွားရင်းပျောက်ဆုံးနေတဲ့ ဒေသခံ၂ ဦးကို ၄ရက်အကြာမှာပဲ အလောင်း ပြန်လည်တွေ့ရှိခဲ့…

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ အမှတ် ၂ ရပ်ကွက်၊ ရွာသစ်ကနေ ပျောက်ဆုံးနေတဲ့ ဒေသခံ ၂ ယောက်ကို ၄ ရက်အကြာမှာ ပြန်တွေရှိခဲ့ပြီး ၂ ယောက်စလုံးမှာ ဦးခေါင်းဖြတ်ပြီး အသတ်ခံထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

နမ့်ခမ်းမှာ အမျိုးသားတစ်ဦး ကြံခုတ်ရင်း မြေမြှုပ်မိုင်းထိကာ ပြင်းထန်စွာဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နယ်၊ နောင်တိန်းကျေးရွာမှာ အမျိုးသားတစ်ယောက် ကြံခုတ်ရင်း မြေမြှုပ်မိုင်းနဲ့ ထိမိကာ ပြင်းထန်ဒဏ်ရာရသွားတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက သတင်းဖော်ပြထားပါတယ်။
Read More

တိုင်းပြည် ဆင်းရဲတွင်းနက်နေချိန် နေပြည်တော် ရေပန်းဥယျာဉ်ကို ငွေကျပ် (၁၅) ဘီလီယံသုံးပြီး ပြုပြင်မယ့် စစ်ကောင်စီ 

တိုင်းပြည်ဆင်းရဲနေချိန်မှာ လာရောက်လည်ပတ်သူ မရှိသလောက်နည်းပါးတဲ့ နေပြည်တော်က ရေပန်းဥယျာဉ်ကို ငွေကျပ် (၁၅) ဘီလီယံ ကျော်အသုံးပြုကာ အသစ်ပြင်ဆင်မယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။