တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်မှာ ထားဝယ်လူထုသပိတ် အကြမ်းဖက်ဖြိုခွင်းခံရပြီး အာဇာနည် ၄ ယောက် ကျဆုံးခဲ့ရမှု ၄ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဖေဖော်ဝါရီ ၂၈ ရက် ဒီနေ့ ညနေပိုင်းမှာ “လမ်းမထက်က သွေးတွေမခြောက်သရွေ့ လူထုတရပ်လုံး သွေးဆူကြဟေ့” ခေါင်းစဥ်နဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ – DDMSC ရဲ့ ဦးဆောင်မှုနဲ့ ဆန္ဒပြ ပြည်သူ သိန်းနဲ့ချီပါဝင်ခဲ့တဲ့ ထားဝယ်မြို့ပေါ်က အကြမ်းမဖက် လူထုသပိတ်စစ်ကြောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်မှာ ကျည်အစစ်တွေအသုံးပြုပြီး ရက်ရက်စက်စက် ပစ်ခတ်ဖြိုခွင်းခဲ့တာ ဖြစ်ပါတယ်။

အဲဒီပစ်ခတ်မှုအတွင်း သပိတ်ရဲဘော်တွေဖြစ်တဲ့ ကိုဗညား(၃၉ နှစ်)၊ ကိုဖေသန်း(၃၈ နှစ်)၊ ကိုသန်းဝင်း(ခ)ဂျွန်မာခမ်(၃၆ နှစ်)နဲ့ ကိုလွင်လွင်(၃၃ နှစ်) တို့ ၄ ယောက် ကျည်ဆန်ထိမှန်ပြီး ပြည်သူလူထု လွတ်မြောက်ရေးအတွက် အသက်ပေးဆပ်ခဲ့ရတာဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုအတွင်း အပြင်းအထန်ဒဏ်ရာရရှိသူ အယောက် ၃၀ ခန့်ရှိခဲ့ပြီး ဖမ်းဆီးနှိပ်စက်ခံရသူလည်း ၂၀ ဝန်းကျင် ရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အောင်လံနယ်ရှိ မင်္ဂလာဆောင်ကို အကြမ်းဖက်စစ်တပ်လေကြောင်းဗုံးကြဲ ဒေသခံ ၃ ဦးသေဆုံး၊ ၁၀ ဦးဝန်းကျင် ဒဏ်ရာရ

မကွေးတိုင်း ၊ အောင်လံမြို့နယ်ရှိ မင်္ဂလာဆောင် တစ်ခုကို အကြမ်းဖက်စစ်တပ်က လေကြောင်း ဗုံးကြဲခဲ့တာကြောင့် ထိခိုက်သေဆုံး သူတွေရှိခဲ့တယ်လို့ အောင်လံလူထုအဖွဲ့ဆီက သိရပါတယ်။
Read More

ဗဟိုချုပ်ကိုင်မှု လျှော့ချမယ့် ဖက်ဒရယ်အသွင် ကူးပြောင်းရေး အစီအမံဆိုင်ရာ အခြေခံဥပဒေကို စတင်ပြင်ဆင်ရေးဆွဲနေပြီဟု တိုင်းရင်းသားလက်နက်ကိုင် (၉) ဖွဲ့ အသိပေး

“ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး" (Bottom-up Federalism Approach) အခြေခံ ချည်းကပ်မှုနဲ့သာ တိုင်းပြည်ကို ပြန်လည်တည်ဆောက်ရေး အဓိက လုပ်ဆောင်သွားမယ်လို့  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၉ ခုက ပူးတွဲကြေညာချက် တစ်ရပ်ထုတ်ပြန်လိုက်ပါတယ်။ 
Read More

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် စစ်ရှောင်စခန်းမှ အရပ်သား (၁) ဦး ပွဲချင်းပြီး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် စစ်ရှောင်စခန်းက အရပ်သား(၁)ယောက် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပေါက်မြို့နယ်အတွင်း ကပစ ၂၂ ကနေ စစ်ကြောင်းထိုးလာသည့် စစ်ကြောင်းမှ စစ်သား ၃ ဦးကို ဖမ်းမိ

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း ကပစ ၂၂ ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုထဲက အကြမ်းဖက်စစ်သား ၃ ယောက်ကို ဖမ်းမိခဲ့တယ်လို့ Young Revolution Front အဖွဲ့ထံက သိရပါတယ်။
Read More

အညာအခြေစိုက် တပ်ဖွဲ့ ၃ ဖွဲ့ ပူးပေါင်းလိုက်သည့် ထနောင်းမြေစစ်ကြောင်း

အညာဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ Anyar Federal Task Force (AFTF)၊ Freedom Fighter Guerrilla Force (FFGF) နဲ့ 8 STARS မြင်းခြံပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပြီး ထနောင်းမြေစစ်ကြောင်း (Acacla Column) အဖြစ် ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။
Read More

ညောင်ပင်ဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူး လက်သည်မပေါ်ဘဲ ပစ်ခတ်ရှင်းလင်းခံရ

AA ရဲ့ ထိုးစစ်တွေ ဝင်ရောက်လာမှာကို ကြောက်လန့်ပြီး လုံခြုံရေးတွေ တင်းကြပ်ထားတဲ့ ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်မှာ ဇန်နဝါရီ ၁၅ ရက် မနေ့က ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ယောက် ပစ်သတ်ခံခဲ့ရပါတယ်။