စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ တပ်မ ၃၃ ကနေ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဆီ ထွက်လာတဲ့ တိုင်းမှူး မျိုးမင်းထွေး စီးနင်းလိုက်ပါလာတဲ့ အိမ်စီးကား ၅ စီးယာဉ်တန်းကို ပဒေသာမိုင်း ၃ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ 𝐑𝐨𝐲𝐚𝐥 𝐓𝐢𝐠𝐞𝐫 𝐅𝐨𝐫𝐜𝐞 ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။

ဖေဖော်ဝါရီလ ၂၅ ရက်၊ ည ၇ နာရီ ၁၅ မိနစ်က မုံရွာမြို့နယ် မုံရွာ-ချောင်းဦး လမ်းပိုင်းတစ်နေရာမှာ စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး တတိယမြောက်ကားကို ထိမှန်ကာ ကားပေါ်ပါတဲ့ စစ်သား ၃ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို 𝐑𝐨𝐲𝐚𝐥 𝐓𝐢𝐠𝐞𝐫 𝐅𝐨𝐫𝐜𝐞 ပြောက်ကျားတပ်ဖွဲ့နဲ့အတူ မုံရွာခရိုင် အမှတ် (၁၂)တပ်ရင်း တပ်ခွဲ(၃) လျှပ်စီးတပ်ခွဲ၊ Nway Oo Brothers Column (နွေဦးညီအကိုများစစ်ကြောင်း) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဗိုလ်မှူးချုပ် မျိုးမင်းထွေးဟာ ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း ကိုးကန့်တပ်မတော် MNDAA က လားရှိုးမြို့နဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)ကို သိမ်းပိုက်စဉ်   စကခ ၁ မှူး ရာထူးနဲ့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံခဲ့ရသူ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မြိုင်ပကဖ ရဲ့ NCO အကြပ်သင်တန်း ဆင်းပွဲကျင်းပ (ရုပ်/သံ)

မြိုင်-ပကဖက ပကဖစုဖွဲ့မှုတပ် NCO အကြပ်သင်တန်း၊ အပတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲကို မတ်လ ၂၇ ရက်နေ့က ဒေသတွင်းတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

ရမည်းသင်းတွင် ကားကို ဆိုင်ကယ်ဝင်တိုက်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် အမျိုးသား ၂ ဦး သေဆုံး (ရုပ်သံ)

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်မှာ ကားကို ဆိုင်ကယ်က နောက်ကနေ ဝင်တိုက်ရာက ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ယောက်နဲ့ အမျိုးသား ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မုံရွာ -မန္တလေးလမ်းပေါ် ခရီးသွားပြည်သူများထံ ပိုက်ဆံတောင်းနေသည့် စစ်ကော်မရှင်တပ်သားများကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာ-မန္တလေးလမ်းပေါ်မှာ ခရီးသွားပြည်သူတွေကို အဓမ္မပိုက်ဆံတောင်းနေတဲ့ စစ်ကော်မရှင်တပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Yae Nagar အဖွဲ့က မနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကပစ ၁၂ အား ရှော့တိုက်ဒုန်းများ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ သရက်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင် အမှတ် ၄ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းရဲဘော်များ အမေ့အား လွမ်းဆွတ်မှု (ရုပ်/သံ)

မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်း ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သင်တန်းသားရဲဘော် တွေ သီချင်းဆိုထားတဲ့ ထူးအိမ်သင်ရဲ့ မေမေနေကောင်းလား သီချင်းကို Yenanthar Column က ထုတ်ပြန်လိုက်ပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် စကခ-၁၂ လက်အောက်ခံ ခမရ(၃၅၅) တပ်သား- ဒိုင်ဦး၏ ပြောကြားချက် (ရုပ်/သံ)

''ဘိတ်မြို့မှာ အလုပ်လုပ်ဖို့ တက်လာတာ။ တက္ကစီသမားတစ်ယောက်နဲ့တွေ့ပြီး ကျနော့်ကို အလုပ်ပေးမယ်ဆိုပြီး ပေါ်တာဆွဲခံရတာ။ သူတို့လုပ်ရပ်တွေ မကြိုက်လို့ အလင်းလာဝင်တာ။ လူငယ်တစ်ယောက်ကို ဖမ်းပြီးခေါ်တယ်။ မိဘတွေ မျက်ရည်ကျ‌အောင်လုပ်တယ်။ ဒါကြောင့် ကျနော်ပြေးလာတယ်။ ပြေးလာတဲ့ ရည်ရွယ်ချက်က အလင်းဝင်ပြီး လက်နက်ကိုင် သူတို့ကို ပြန်တော်လှန်မယ်လို့ ဆုံးဖြတ်ချက်နဲ့ ပြေးတာ''