မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ၁ယောက် ပစ်ခတ်ရှင်းလင်းခံရပြီးရက်ပိုင်းအကြာမှာပဲ ထွေအုပ်ရုံးက ရုံးအုပ်ကြီး မြင့်အေး ဆိုသူ ထပ်မံပစ်ခတ်ရှင်းလင်းခံရကာ သေဆုံးသွားကြောင်း သိရပါတယ်။

ဖေဖော်ဝါရီ ၂၇ရက်၊ မနေ့ကမနက်ပိုင်းမှာ မိတ္ထီလာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနက ဌာနခွဲစာရေးဖြစ်သူ ရုံးအုပ်ကြီးမြင့်အေးဟာ နေအိမ်ကနေ ရုံးတက်ဖို့ ထွက်လာချိန်မှာ  မိတ္ထီလာ- မြင်းခြံလမ်းပိုင်း၊ မိုင်တိုင် အမှတ် ၉/၄​ နဲ့ ၉/ ၅အတွင်း သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခံခဲ့ရတာလို့ သိရပါတယ်။

“ဒီလူက တော်တော်ဆိုးတဲ့လူဗျ။ လူငယ်တွေစစ်မှုထမ်းဖို့နဲ့ ဖမ်းခံရတဲ့ကိစ္စတွေမှာ အဓိက ပတ်သက်နေတဲ့သူပါ။ အဲ့ဒါ ဒီနေ့မနက် ၉နာရီလောက်မှာ ရေချိုကွာကနေ ရုံးကို အလာမှာ ပစ်ခံရတာ” လို့ ဒေသခံ ပြည်သူ၁ယောက်က မောင်းကို ပြောပါတယ်။

မိတ္ထီလာမြို့နယ်အတွင်း ပစ်ခတ်ရှင်းလင်းခံရသည့် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဇော်မင်းဦး

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ရက်နေ့ကလည်း စစ်ကောင်စီအတွက် စစ်သားသစ်စုဆောင်းပေးရာကနေ အုပ်ချုပ်ရေးမှူးဖြစ်လာတဲ့ စည်းခုံကြီးအုပ်ချုပ်ရေးမှူး ဇော်မင်းဦး ဆိုသူကို ပခုက္ကူတိုက်တန်း၊ စည်းခုံကြီး၊ လက်ဖက်ရည်ဆိုင်အတွင်း လက်နက်ကိုင်လူတစ်စုက ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။

ဇော်မင်းဦး ပစ်ခတ်ရှင်းလင်းခံရပြီးတဲ့နောက်မှာတော့ စစ်ကောင်စီက မိတ္ထီလာမြို့နေလူငယ်၊ လူရွယ် အယောက် ၆၀နီးပါးကို မတရား ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဒီပစ်ခတ်ရှင်းလင်းမှုတွေကိုလုပ်ဆောင်ခဲ့တဲ့  သက်ဆိုင်ရာအဖွဲ့စည်းတွေကတော့ အခုချိန်အထိ တစုံတရာ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။ 

ရှမ်းတဲလေတပ်စခန်းအပါအဝင်၊ ခြေမြန်တပ်မဌာနချုပ် တပ်မ(၉၉) တို့လို စစ်ဌာနချုပ်တွေတည်ရှိရာ မိတ္ထီလာမြို့နယ်မှာပါ အခုလို စစ်ကောင်စီဒေါက်တိုင်တွေ ဆက်တိုက်ဆိုသလို ရှင်းလင်းခံရမှုတွေ ဖြစ်ပေါ်လာတာကြောင့် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေကြား ကြောက်ရွံမှုတွေရှိလာပြီလို့လည်း တော်လှန်ရေးအင်အားစုတွေကသုံးသပ်ပါတယ်။

မိတ္ထီလာမြို့နယ်အတွင်း ပစ်ခတ်ရှင်းလင်းခံရသည့် ထွေအုပ်ရုံးအုပ်ကြီး မြင့်အေး
0 Shares:
You May Also Like
Read More

ဥသျှစ်ပင်မှာ တစ်ရက်အတွင်း အသက်မပြည့်သူတွေအပါ အရပ်သား ၂၅ ယောက်ထက်မနည်း ပေါ်တာဆွဲခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားပြည်သူ ၂၅ ယောက်ထက်မနည်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

အောက်တိုဘာလအတွင်း စစ်ကောင်စီနဲ့ KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲပေါင်း ၁၀၀ ကျော်ဖြစ်ပွားပြီး စစ်တပ်ဘက်က ၂၉ ယောက်သေ

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) ထိန်းချုပ်နယ်မြေမှာ အောက်တိုဘာလအတွင်း တိုက်ပွဲတွေကြောင့် စစ်ကောင်စီတပ်သား ၂၉ ယောက် သေဆုံးခဲ့ကြောင်း KNU က ထုတ်ပြန်ပါတယ်။
Read More

ပြည်သူနေအိမ်များအတွင်း ဝင်ရောက်တပ်စွဲထားသည့် ရွာကြီးအင်းရွာ စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခံရ၊ စစ်အုပ်စုများ ထွက်ပြေးသွားသည့်အတွက် လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်များကို တော်လှန်ရေးတပ်များ ရရှိ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ရွာကြီးအင်းရွာဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား၃ယောက် သေဆုံးပြီး စခန်းစွန့်ခွာထွက်ပြေးသွားတာကြောင့် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ Flacon Guerrilla Force တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရေနံချောင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ၂ ရက်ဆက် တိုက်ခိုက်ခံရပြီး ၁၀ ယော​က်သေ

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်မှာ စစ်ကြောင်းထိုးဝင်ပြီး အရပ်သားပြည်သူတွေရဲ့ ပစ္စည်းဥစ္စာတွေ လုယက်သယ်ဆောင်နေတဲ့ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲတွေဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။
Read More

၃ လခွဲအတွင်း အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၈၈ ဦး သေဆုံးခဲ့ဟု AAPP ဆို

အာဏာသိမ်းစစ်တပ်ဟာ သူတို့ရဲ့ အတုအယောင်ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ အရပ်သားပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာပြီး ၃လခွဲတာ ကာလအတွင်း စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၈၈ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပဲခူးခရိုင်အမှတ် (၂) တပ်ရင်း စိုးမိုးနယ်မြေမှာ ဗိုလ်ချုပ် နှစ် ၁၁၀ ပြည့် မွေးနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ခဲ့

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးခရိုင်၊ အမှတ် (၂) တပ်ရင်းအနေနဲ့ စိုးမိုးနယ်မြေအတွင်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ် ၁၁၀ ပြည့် မွေးနေ့အထိမ်းအမှတ် အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။