ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်အစပ် မိုးဗြဲမြို့အတွင်း အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရာ စစ်ကောင်စီတပ် အထိနာပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ MOBYE PDF ကယ်ဆယ်ရေးဆေးအဖွဲ့ (MPRT) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက် မနေ့က မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် မိုးဗြဲအခြေစိုက် ခမရ(၄၂၂)တပ်ရင်းရှိ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာပေမယ့် တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ခုခံစစ်အတွင်း စစ်ကောင်စီတပ် အထိနာပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

PDF နဲ့ KNDF တို့ပါဝင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဘက်ကလည်း ခုခံတိုက်ခိုက်မှုအတွင်း ရဲဘော် ၄ ယောက် အသက်ပေးဆပ်ခဲ့ရသလို ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

MOBYE PDF ကယ်ဆယ်ရေးဆေးအဖွဲ့ (MPRT) အနေနဲ့ ထိခိုက်ဒဏ်ရာရတဲ့ ရဲဘော်တွေကို သွားရောက်ကယ်ဆယ်ကာ ဆေးကုသမှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်အုပ်စု၏ ဗုံးကြဲတိုက်ခိုက်မှုများအတွက် အလှည့်ဆိုတာ ရှိစမြဲဟု TNLA ဗိုလ်ချုပ် တားဘုန်းကျော် ပြော

တအာင်းတပ်မတော် (TNLA) သိမ်းပိုက်ထိန်းချုပ်ရာ မြို့ရွာတွေက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး နေ့စဉ် ဗုံးကြဲတိုက်ခိုက်မှုတွေအတွက် အလှည့်ရှိလာမယ်လို့ TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က လူမှုကွန်ရက်ကတဆင့် ရေးသားပြောဆိုလိုက်ပါတယ်။
Read More

တောင်သာမှာ စစ်အုပ်စုက တိုက်ပွဲမရှိတဲ့ရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ယောက်သေဆုံးပြီး ၄ယောက်ထိခိုက်ဒဏ်ရာရ

တောင်သာမှာ စစ်အုပ်စုက တိုက်ပွဲမရှိတဲ့ရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ယောက်သေဆုံးပြီး ၄ယောက်ထိခိုက်ဒဏ်ရာရ
Read More

ရွှေမြို့နယ်ပကဖ မှ တိုက်နယ်ပကဖများကို MA 1 သေနတ် ၂ လက်နဲ့အတူ ယူနီဖောင်း၊ စစ်အသုံးအဆောင်များ တပ်ဆင်ပေး (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအခြေစိုက် ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်နယ် (၆)ပကဖ တိုက်ခိုက်ရေးရဲဘော် (၂၂) ယောက်ကို ယူနီဖောင်း၊ ပွိုင့်ဖိနပ်၊ ဦးထုပ်၊ ခါးပတ်၊ ဘက်တံဆိပ်တို့နဲ့အတူ MA 1 သေနတ် (၂)လက်တို့ကို အောက်တိုဘာလ (၁၂)ရက် မနေ့က တပ်ဆင်ပေးခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပကဖ က ထုတ်ပြန်ပါတယ်။
Read More

ရေးမြို့နယ်ထဲကို စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၇ဦး သေဆုံးဟုဆို

မွန်ပြည်နယ်၊ ရေးမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကော်မရှင်တပ်သား ၇ ဦး သေဆုံးခဲ့တယ်လို့ တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်ကနေ သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့မှ၊ နေ့လယ် ၁ နာရီ အချိန်မှာ အင်အား ၁၅၀ခန့်နဲ့ ရေးမြို့နယ်၊ ပဒေါင်းကျေးရွာအနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်တာဖြစ်ပြီး အဲဒီတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်တွေဘက်မှ ၃ဦးသေဆုံးကာ ၂ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

KNDF တပ်ရင်းအမှတ် (၃) နှင့် တပ်ရင်းအမှတ် (၃၁) ရှိ တပ်သားများနှင့် မိသားစုဝင်များ တွေ့ဆုံခြင်းအခမ်းအနား

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၊ တပ်ရင်းအမှတ် (၃) နဲ့ တပ်ရင်းအမှတ် (၃၁) ရှိ တပ်သားတွေနဲ့ မိသားစုဝင်တွေ တွေ့ဆုံခြင်းအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အေဂျင်စီများ ထိုင်းနိုင်ငံအတွက် တစ်လကို အလုပ်သမား ၅၀ သာ ခေါ်စာတင်ဖို့ စစ်ကောင်စီ ကန့်သတ်

ထိုင်းနိုင်ငံကို အလုပ်သမားတွေ စေလွှတ်မယ့် အေဂျင်စီတွေအနေနဲ့ တစ်လကို အလုပ်သမား ၅၀ သာ ခေါ်စာတင်ဖို့ စစ်ကောင်စီ ကန့်သတ်လိုက်ပြီ ဖြစ်ပါတယ်။