စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းတစ်နေရာမှာ စစ်ကိုင်းတိုင်း၊ စစ်တိုင်းမှူး လိုက်ပါစီးနင်းလာတဲ့ ကားတန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Royal Tiger Force ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဖေဖော်ဝါရီ ၂၅ရက် ညပိုင်းမှာ စစ်ကိုင်း တပ်မ ၃၃ကနေ မုံရွာမြို့ကို မောင်းနှင်လာတဲ့ စစ်တိုင်းမှူး ဗိုလ်မှူရချုပ် မျိုးမင်းထွေးနဲ့ အပေါင်းအပါတွေရဲ့ အိမ်စီးကား ၅စီးကို ပြောက်ကျားတပ်ဖွဲ့ဝင်တွေက လမ်းပိုင်းတစ်နေရာမှာ မိုင်းခွဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“တပ်မ၃၃ကနေ နမခကို စစ်တိုင်းမှူးတို့က အိမ်စီးကား၅စီးနဲ့ လာမယ်သတင်းရလို့ မိုင်းဆွဲခဲ့တာပါ။ ပဒေသာမိုင်း၃လုံးနဲ့ မိုင်းခွဲခဲ့တာ တတိယမြောက်ကားကို ထိမှန်ခဲ့ပါတယ်။ တိုင်းမှူးကားကတော့လွတ်သွားပြီး နောက်မှာ လုံခြုံရေးယူလိုက်လာတဲ့ ကောင်တွေထိခိုက်သွားပါတယ်” လို့ Royal Tiger Force ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

စစ်ကိုင်းတိုင်း၊ စစ်တိုင်းမှူးနှင့် အပေါင်းအပါများ အခမ်းအနားတစ်ခု တက်ရောက်နေစဥ်(ပုံဟောင်း)

မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၃ယောက် ထိခိုက်ဒဏ်ရာ အပြင်းအထန်ရသွားခဲ့ပြီး ထိခိုက်သူတွေကို မုံရွာ- ချောင်းဦးလမ်းပိုင်းပေါ်က စွမ်းရည်ထက် ဆီဆိုင်အထိ ခေါ်ဆောင်ပြီး ကယ်ထုတ်သွားကြောင်းသိရပါတယ်။

ဒီမိုင်းဆွဲတိုက်ခိုက်မှုကို Royal Tiger Force ပြောက်ကျားတပ်ဖွဲ့နဲ့အတူ မုံရွာခရိုင် အမှတ် (၁၂) တပ်ရင်း၊ တပ်ခွဲ (၃) ၊ လျှပ်စီးတပ်ခွဲနဲ့ Nway Oo Brothers Column (နွေဦးညီအစ်ကိုများ) စစ်ကြောင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတိုင်းမှူး မျိုးမင်းထွေး ထိခိုက်မှုရှိမရှိနဲ့ ပက်သက်ပြီးတော့ မောင်းအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အဆိုပါ စစ်ကိုင်းတိုင်း၊ စစ်တိုင်းမှူး မျိုးမင်းထွေးဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ သြဂုတ်လအတွင်း လာရှိုးနဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) ကို ကိုးကန့်တပ်ဖွဲ့ MNDAA က တိုက်ခိုက်သိမ်းပိုက်ချိန်မှာ စကခ ၁ မှူး ရာထူးနဲ့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံခဲ့ရသူလည်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းဖို့ တရုတ်က ဇင်ယော် စစ်ဆင်ရေးကို လုပ်ဆောင်မည်

တရုတ်က ကျားဖြန့်လုပ်ငန်းတွေကိုနှိမ်နင်းဖို့ “ဇင်ယော်” စစ်ဆင်ရေးအဖြစ် မဲ့ခေါင်ဒေသက ၆ နိုင်ငံမှာ လုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက  ဇန်နဝါရီလ ၂၁ ရက် မနေ့က ထုတ်ပြန်လိုက်ပါတယ်
Read More

ချင်းကာကွယ်ရေးတပ် – အရှို ရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဥ် ၆ သင်တန်းဆင်းပွဲ

ချင်းပြည်နယ်အခြေစိုက် ချင်းကာကွယ်ရေးတပ် - အရှို ( CDF - Asho ) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ၆ သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဒေါက်တာဇော်မြင့်မောင်ရဲ့ ရက်လည်အလှူ ABSDF ဌာနချုပ်မှာ ပြုလုပ် (ဓာတ်ပုံသတင်း)

ကွယ်လွန်ခဲ့တဲ့ ဒေါက်တာ ဇော်မြင့်မောင်အတွက် ရည်စူးတဲ့ ရက်လည်အလှူကို ABSDF ဌာနချုပ် ဒေါင်းတမန်စခန်းမှာ ကျင်းပခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF က ထုတ်ပြန်ပါတယ်။
Read More

ဆားတောင်မြို့ ရဲစခန်းနဲ့ စာသင်ကျောင်းက စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲ၊ ၁ ဦးသေပြီး ၄ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့ ရဲစခန်းနဲ့ စာသင်ကျောင်းက အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ယောက် သေဆုံးခဲ့တယ်လို့ Royal Falcon Guerilla Force (Sadaung Falcon) က ထုတ်ပြန်ထားပါတယ်။
Read More

မွန်ပြည်လွတ်မြောက်ရေးတပ်တော်ရဲ့ GD-2 ဒရုန်းတပ်ဖွဲ့ တပ်သားသစ်များ လက်ခံနေ

မွန်ပြည်လွတ်မြောက်ရေးတပ်တော် (Mon Libration Army - MLA) ရဲ့ Galon Drone Team - 2 (Multi-Rotor) ဒရုန်းတပ်ဖွဲ့မှာ ပြည်သူလူထုကို ကာကွယ်ပြီး အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်တော်လှန်လိုတဲ့ လူငယ်တွေကို စိစစ်လက်ခံနေတယ်လို့ MLA က ဒီနေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။
Read More

စစ်ကိုင်းတိုင်းအတွင်း NUG စိုးမိုးနယ်မြေများမှာ ငလျင်ဘေး၊ မီးဘေးနဲ့ စစ်ဘေးသင့် ပြည်သူများကို ကုန်ခြောက်ရိက္ခာများ ထောက်ပံ့… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအတွင်းရှိ ငလျင်ဘေးသင့်၊ မီးဘေးသင့်နဲ့ စစ်ရှောင်ပြည်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ စစ်ကိုင်းမြို့နယ်အခွန်တော်အရာရှိနဲ့ တာဝန်ရှိသူတွေက ဆန်၊ ဆီနဲ့ ပဲတွေ ပေးပို့ထောက်ပံ့ပေးခဲ့တယ်လို့ NUG အစိုးရက ဒီနေ့ ထုတ်ပြန်ပါတယ်။