ချင်းအဖွဲ့အစည်းနှစ်ခု ပူးပေါင်းနိုင်ခဲ့တဲ့အပေါ်  အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြိုဆိုကြောင်း သဝဏ်လွှာပေးပို့လိုက်ပါတယ်။

ချင်းပြည် (Chinland) ကောင်စီနဲ့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တို့ ပေါင်းစည်းပြီး ချင်းအမျိုးသားကောင်စီ (Chin National Council) ဖွဲ့စည်းဖို့ သဘောတူညီမှုရတာကို ကြိုဆိုဂုဏ်ပြုကြောင်း NUG က ဆိုပါတယ်။

ချင်းအမျိုးသား ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ရေးဆွဲရေးအဖွဲ့ကို ဖွဲ့စည်းဖို့ သဘောတူလိုက်ကြတာကလည်း ချင်းအမျိုးသားတစ်ရပ်လုံးနဲ့ အနာဂတ်ပြည်ထောင်စုအတွက် ဝမ်းမြောက်ဖွယ်ရာ ဖြစ်တယ်လို့ NUG ကဆိုပါတယ်။

ကွဲလွဲမှုတွေကို ငြိမ်းချမ်းစွာဆွေးနွေးညှိနှိုင်းအဖြေရှာတဲ့ ချင်းနိုင်ငံရေးဦးဆောင်အဖွဲ့နှစ်ဖွဲ့ရဲ့ နိုင်ငံရေးသဘောထားကြီးမှုဟာ စစ်အာဏာရှင်ဆန့်ကျင်တဲ့အင်အားစုတွေအတွက် ဒီမိုကရေစီအလေ့အကျင့်ကောင်းအဖြစ် စံပြုရမယ်လို့ ဖော်ပြထားပါတယ်။

ချင်းပြည် (Chinland) ကောင်စီနဲ့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တို့ ပူးပေါင်းပြီး ချင်းအမျိုးသားကောင်စီ (Chin National Council) အဖြစ် ဖွဲ့စည်းသွားမယ့်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ နှစ်ဘက်အဖွဲ့တွေ ပူးတွဲသတင်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ တော်လှန်ရေးကာလမှာ ချင်းပြည်သူတွေအတွက် ကောင်စီနှစ်ရပ်ရှိနေတာကြောင့် ကောင်စီသစ်တစ်ရပ်အဖြစ် ပေါင်းစည်းဖို့ သဘောတူညီခဲ့ကြတာလည်း ဖြစ်ပါတယ်။

ချင်းပြည် (Chinland) ကောင်စီမှာ ချင်းလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး (CNF/CNA) ၊ Mindat Council ၊ CDF-Matupi တပ်မဟာ (၂) ၊ CDF–Lautu ၊ CDF–Tongzang ၊ CDF–Zotung၊ CDF–Hakha ၊ CDF-Thantlang ၊ CDF-Hualngoram ၊ CDF/CDM SIYIN၊ PDA – Tedim ၊ CDF – KKG၊ CDF – Mara ၊ CDF – Paletwah နဲ့ CDF – Zanniatram စတဲ့ အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ကတော့ ချင်းညီနောင်အဖွဲ့ရဲ့ နိုင်ငံရေးဦးဆောင်မှုအဖြစ် လုပ်ဆောင်နေတာပါ။ ချင်းညီနောင်အဖွဲ့ကို ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) ၊ ZFU/PDF – Zoland၊ CDF – Mindat ၊ CDF – Kanpalet ၊ CDF -–Matupi တပ်မဟာ (၁) နဲ့ MTC/ MDF စတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဘောလခဲရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့သည့် ကရင်နီဝံပုလွေစစ်ကြောင်းမှ တော်လှန်ရဲဘော်၏ စျာပနအခမ်းအနား

ကရင်နီပြည်နယ်၊ ဘောလခဲမြို့ ရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့တဲ့ တော်လှန်ရဲဘော်ရဲ့ စျာပနအခမ်းအနား ပြုလုပ်ခဲ့ကြောင်း ကရင်နီဝံပုလွေစစ်ကြောင်းက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
Read More

ပျူရွာမှာ ရက်ပေါင်း ၂၀ လောက် ထမင်းအစား ပဲပြုတ်သာ စားခဲ့ရတဲ့ ပြည်သူ ၇ ယောက်ကို PDF တွေ ကယ်ထုတ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တည်သီးတော ပျူစောထီးရွာကနေ အငတ်ဘေးကြုံလို့ ထွက်ပြေးလာတဲ့ ပြည်သူ ၇ ယောက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF တွေ ကယ်ထုတ်ပြီး ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့ ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

မြို့သာကို စစ်အင်အားဖြည့်ရန် ထွက်လာသည့် အကြမ်းဖက် စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး သေဆုံးမှုများ ရှိ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် မြို့သာကို အင်အားဖြည့်ဖို့ထွက်လာတဲ့ အကြမ်ဖက်စစ်တပ် ယာဉ်တန်းကို ကာကွယ်ရေးတပ်က တိုက်ခိုက်ခဲ့တယ်လို့ SPECIAL TASK FORCE တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းမပေါ်ရှိ မုံရွေးတိုးဂိတ်စခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်သိမ်းပိုက်မှု စစ်အုပ်စု ၈ ဦး သေပြီး၊ လက်နက် ၅ လက် ရရှိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ်က အကြမ်းဖက်စစ်တပ်ရဲ့ မုံရွေးတိုးဂိတ် အထိုင်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှုမှာ အကြမ်းဖက် စစ်သား ၈ ယောက် သေဆုံးပြီး လက်နက် ၅ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Budalin Defense Force (BDF) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မင်းလှမှာ USDP ရုံးကို တော်လှန်ရေးတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်..

“ကျွန်တော်တို့ အချိန်ယူ ပြင်ဆင်တိုက်ခိုက်ခဲ့တာပါ။ မြို့တွင်းနေရာဖြစ်နေတော့ ပြည်သူ မထိခိုက်ရေး အဓိကထား လုပ်ဆောင်ခဲ့ပါတယ်” လို့ မြေအောက်ပျောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကျောက်တံခါးတွင် ငလျင်အပြီး သေဆုံးသူ ၁၁ ဦး ရှိ၊ ရဲနွယ်ဆည်အတွင်း ရေနစ်သူများ အလောင်းပြန်မရသေးသလို သောက်သုံးရေ အခက်အခဲများလည်း ရှိလာ

စစ်ကိုင်းမြို့ကို ဦးတည်လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်ကြောင့် ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်မှာ စာဖြေသံဃာတော် ၁ ပါးနဲ့ အဘွားအို၁ယောက် အပါအဝင် အရပ်သား ၁၁ ယောက် သေဆုံးခဲ့တယ်လို့သိရပါတယ်။