မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့ပေါ်က စစ်အုပ်စုအထိုင်စခန်းကို ပြောက်ကျားသွားရောက်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား၂ယောက် သေဆုံးကြောင်း Myingyan Black Tiger (MBT) အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။

ဖေဖော်ဝါရီ ၂၅ရက်၊ နေ့လယ်ပိုင်းက မြင်းခြံမြို့၊ အမှတ် (၁၈) ရပ်ကွက်မှာရှိတဲ့ စစ်သားနဲ့ ပျူစောထီးတွေရဲ့ အထိုင်ဂိတ်စခန်းကို MBT တပ်ဖွဲ့ဝင်​တွေက အနီးကပ်ဝင်ရောက် ပစ််ခတ်ခဲ့တာလို့ သိရပါတယ်။

“အဲ့ဂိတ်က စခတင်မကဘူး။ ပျူတွေပါရှိတယ်။ အင်အား အယောက် ၂၀လောက်တော့ ရှိပါတယ်။ အနီးကပ် ဝင်ပစ်တာအပြင် ၄၀မမနဲ့လည်း ပစ်တယ်။ စနိုက်ပါနဲ့လည်းပစ်တယ်။ ကျည်၆လုံးဆက်တိုက်ပစ်လို့ရတဲ့ လားလားနဲ့လည်း ပစ်ခဲ့ပါတယ်။”  လို့ Myingyan Black Tiger (MBT) အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကိုပြောပါတယ်။

MBT တပ်ဖွဲ့နှင့် မဟာမိတ်များ စစ်အုပ်စုဂိတ်စခန်းကို တိုက်ခိုက်နေစဥ်

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၂ယောက်နေရာတင် ထိခိုက်သေဆုံးခဲ့ကြောင်းနဲ့ အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီတိုက်ခိုက်မှုကို Myingyan Black Tiger (MBT) နဲ့အတူ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့၊ BGF အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။

မြင်းခြံခရိုင်၊ အမှတ်(၉) တပ်ရင်းဖြစ်တဲ့ Myingyan Black Tiger (MBT) တပ်ဖွဲ့အနေနဲ့ လက်ရှိမှာ အခြေခံစစ်ပညာ အပတ်စဥ်(၁၆) သင်တန်းဆင်းပွဲပြုလုပ်ခဲ့ပြီးဖြစ်သလို မြင်းခြံ၊ ပုပ္ပါး၊ ဝမ်းတွင်းနဲ့ ရေစကြိုမြို့နယ်တွေအတွင်း စစ်ရေးလှုပ်ရှားမှုတွေ ဆက်တိုက်ဖော်ဆောင်နေကြောင်းသိရပါတယ်။

MBT တပ်ဖွဲ့နှင့် မဟာမိတ်များ စစ်အုပ်စုဂိတ်စခန်းကို တိုက်ခိုက်နေစဥ်
MBT တပ်ဖွဲ့နှင့် မဟာမိတ်များ စစ်အုပ်စုဂိတ်စခန်းကို တိုက်ခိုက်နေစဥ်
0 Shares:
You May Also Like
Read More

ကေတုမတီလေတပ်စခန်း တိုက်ခိုက်မှု ဒုဗိုလ်မှူးကြီး ၂ဦး၊ ဗိုလ်ကြီး ၂ ဦးအပါ ၁၀ဦး သေဆုံး ဒရုန်းဂိုဒေါင် မီးလောင်ကာ Jet Fighter ၂ စီး၊ Y-8 ၁ စီး ထိခိုက်ပျက်စီး

စစ်ကောင်စီရဲ့ တောင်ငူ (ကေတုမတီ) လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ဒုဗိုလ်မှူးကြီးအဆင့် အပါအဝင် ၁၀ ယောက် သေဆုံးခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။
Read More

KNDF တပ်ရင်း (၂၅) က ရဲဘော်တွေရဲ့ ရှေ့တန်းလှုပ်ရှားမှု မှတ်တမ်းများ… (ဓာတ်ပုံသတင်း)

ကရင်နီပြည်အခြေစိုက် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF တပ်ရင်းအမှတ် ၂၅ က ရဲဘော်တွေရဲ့ ရှေ့တန်းမှာ စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ရင်းက ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

အဓမ္မစစ်သားစုဆောင်းခံရသူ စစ်ကောင်စီတပ်သား၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ ထားဝယ် PDF ထံ အလင်းဝင်

အကြမ်းဖက်စစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းခံရသူ စစ်သား ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ PDF ထားဝယ် ခရိုင် အမှတ် (၁) တပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဘိလပ်မြေစျေးတင်ရောင်းတဲ့ ဆိုင် ၆၀ ကို စစ်ကောင်စီက အရေးယူ

ဈေးကွက်အတွင်းမှာ ဘိလပ်မြေဝယ်လိုအား မြင့်တက်နေချိန် ဈေးတင်ရောင်းတဲ့ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်(၆၀)ကျော်ကိုတည် ဆဲဥပဒေတွေနဲ့အညီ အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
Read More

မိုးကုတ်မြို့တွင် ယနေ့မနက် စစ်အုပ်စု ဗုံးကြဲမှုကြောင့် ကလေး (၁) ဦးအပါ ပြည်သူ (၃) ဦး သေဆုံး

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းမှာ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးတွေ ကြဲချတိုက်ခိုက်မှုကြောင့် ကလေး (၁) ယောက် အပါအဝင် ပြည်သူ (၃) ယောက် သေဆုံးခဲ့ပြီး နေအိမ် (၃) လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။
Read More

တနင်္သာရီမှာ စစ်ကောင်စီယာဉ်တန်းရဲ့ ရှေ့ပြေးကင်း မိုင်းဆွဲပစ်ခတ် တိုက်ခိုက်ခံရ၊ ဗိုလ်ကြီးနှင့် ဒုတပ်ကြပ် သေဆုံး

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီယာဉ်တန်းရဲ့ ရှေ့ပြေးကင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်က ဗိုလ်ကြီး ၁ ယောက် အပါအဝင် ၂ ယောက် သေဆုံးခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။