ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တောင်ပိုင်းရှိ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၇ ယောက်ထက်မနည်း သေပြီး တော်လှန်ရေးရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ Southern Eagle PDF က ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလ ၂၄ ရက် နေ့လယ်ပိုင်းအချိန်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်ကောင်စီရဲ့ အောင်ဇေယျ စစ်ကြောင်း နေရာယူထားတဲ့ ကော့ကရိတ်မြို့ တောင်ပိုင်းကို ထိုးစစ်ဆင်ခဲ့ပြီး ထိတွေ့တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ၇ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့သလို Southern Eagle PDF တပ်ရင်း၊ တပ်ခွဲ (၃)Tiger Dragon Revolution Force က ရဲဘော်တစ်ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို နယ်မြေခံ မဟာမိတ်တပ်တွေနဲ့အတူ Southern Eagle PDF တပ်ရင်း ၊ တပ်ခွဲ (၃) -Tiger Dragon Revolution Force (မိုင်းတွဲဘက်) ၊ Special Operation Force (SOF) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတစ်ဝှမ်း စစ်ရှုံးနေတဲ့ စစ်တပ်ဟာ လူနေထိုင်ရာကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတာကြောင့် အရပ်သားပြည်သူတွေအနေနဲ့ လုံခြုံစိတ်ချရတဲ့ နေရာတွေဆီ တိမ်းရှောင်နေဖို့ကိုလည်း Southern Eagle PDF က မေတ္တာရပ်ခံ တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကြောရေး ဒဏ်ရာများဖြင့် အကျဥ်းထောင်အတွင်း ကျဆုံးခဲ့သည့် မဝတ်ရည်အောင်၏ နောက်ဆုံးခရီး

အကြမ်းဖက်စစ်ကောင်စီ မတရား ဖမ်းဆီးအကျဥ်းချထားပြီး အကျဥ်းထောင်ထဲမှာပဲ မနေ့က ကျဆုံးခဲ့တဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အသက် ၂၆ နှစ်အရွယ် မဝတ်ရည်အောင်ရဲ့ စျာပနကို ဒီနေ့မှာ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ နာရေးကူညီမှုအသင်း-ရန်ကုန်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထိတွေ့ပစ်မှုမရှိဘဲ ရှရော်ခရွာကို စစ်ကော်မရှင်တပ် ဒရုန်းဖြင့် ဗုံးကြဲ၊ ဒေသခံ ၅ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ရှရော်ခရွာထဲကို စစ်ကော်မရှင်တပ်က ထိတွေ့ပစ်ခတ်မှုတွေမရှိဘဲ ဒရုန်းနဲ့ ဗုံးသီးကြဲချခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်မှုထမ်း အပတ်စဉ် ၁ ဆင်း စစ်ကောင်စီတပ်သား KNDF တပ်ရင်း ၉ ဆီ လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာ

ကရင်နီပြည်နယ်၊ ဘောလခဲမြို့အခြေစိုက် ခမရ (၄၂၉) တပ်ရင်းက စစ်မှုထမ်းတပ်သား ၁ ယောက်က လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ၊ အမှတ် (၉) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ပေါက်တွင် တပ်မ ၉၉ အပါ လက်အောက်ခံတပ်ရင်းများ တိုက်ခိုက်ခံရပြီး စစ်သား ၁၇ ဦး သေ၊ လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများလည်း သိမ်းဆည်းရမိ

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ကြောင်းတွေခွဲပြီး ဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို ခုခံတိုက်ခိုက်ရာ စစ်ကော်မရှင်ဘက်က ၁၇ ယောက် သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့သလို စစ်သုံ့ပန်း ၃ ယောက်နဲ့ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့ကြောင်း ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

နာမည်ကျော် အဆိုတော် မာရဇ္ဇ ကွယ်လွန်

ကိုယ်ပိုင်သံစဉ် သီချင်းတွေနဲ့ နာမည်ကျော်တဲ့ အဆိုတော် မာရဇ္ဇဟာ ဇန်နဝါရီလ ၂၃ ရက် မနေ့ညက ရန်ကုန်မြို့မှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။
Read More

ဆိပ်ဖြူမှာ PDF က လေကြောင်းအသိပညာဆိုင်ရာ ဆောင်ရန်ရှောင်ရန်များ မျှဝေပေးခဲ့

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်း စိုးမိုးနယ်မြေတွေမှာ လေကြောင်းအသိပညာဆိုင်ရာ ဆောင်ရန်ရှောင်ရန်တွေ မျှဝေပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင်အမှတ်(၁၉)တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။