စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် အနောက်ခြမ်း သီးလုံးပျူကင်းစခန်းဘန်ကာကို ဖေဖော်ဝါရီ ၂၇ ရက် ဒီနေ့ မနက်ပိုင်းမှာ RPG လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ထံက သိရပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက် ဒီနေ့ မနက်ပိုင်းမှာ သီးလုံးကျေးရွာနဲ့ ဇီးဖြူကုန်းကျေးရွာတွေက စစ်သားတွေနဲ့ ပျူစောထီးတွေဟာ နှမစားရစ်ကျေးရွာကို ဝင်ရောက်ပစ်ခတ်ပြီး ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ ဖျက်ဆီးနေချိန် တန်ပြန်တိုက်စစ်အနေနဲ့ သီးလုံးကျေးရွာ ပျူစောထီးစခန်းကို တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို Shwebo Crocodile ၊ Shwebo Federal Army ၊ ဒေါင်းစစ်သည်နဲ့ ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မှော်ဘီမြို့နယ် ဝါးနက်ချောင်းစံပြရွာ အုပ်ချုပ်ရေးမှူးရုံးကို ၄၀ မမ ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ယောက် ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

ရန်ကုန်တိုင်း ဝါးနက်ချောင်းစံပြရွာ အုပ်ချုပ်ရေးမှူးရုံးကို မတ်လ ၁၁ ရက် မနေ့ညပိုင်းက ၄၀ မမ ဗုံး ပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Civilian Military SRDF အဖွဲ့ထံက သိရပါတယ်။
Read More

ခမရ ၅၉၁ တပ်ရင်းကို ရေးဘီးလူး ၆၀ မမ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် (ရုပ်သံ)

မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာရှိ စစ်ကော်မရှင်တပ်ရဲ့ ခမရ ၅၉၁ တပ်ရင်းကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တောင်ယာလုပ် ပြည်သူများကို နှောင့်ယှက်နေသည့် သီလုံးပျူစောထီးများကို လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်း တောင်ယာစိုက်ပျိုးရိတ်သိမ်းရာမှာ အနှောင့်အယှက်ပေးနေတဲ့ သီလုံးပျူစောထီးတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Shwebo Crocodile တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အင်းတော်တိုက်ပွဲမှ ထွက်ပြေးလာသည့် အကြမ်းဖက် စစ်ကောင်စီတပ်သား ၁၅၀ ကျော် ဖမ်းမိထား (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့သိမ်းတိုက်ပွဲကနေ ထွက်ပြေးနေကြတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅၀ ကျော်ကို ဖမ်းဆီးရမိထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

မအူပင်မြို့တွင် ဆီဆိုင်မီးလောင်မှုကြောင့် အမျိုးသား တဦး သေဆုံး (ရုပ်/သံ)

ဧရာဝတီတိုင်း မအူပင်မြို့အမှတ် (၅) ရပ်ကွက်၊ (၇)လမ်းရှိ စက်သုံးဆီအရောင်းဆိုင်မှာ မီးလောင်မှုဖြစ်ပွားပြီး အမျိုးသား ၁ ယောက် သေဆုံးကာ ၅ ယောက် မီးလောင်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

တနင်္သာရီမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်စခန်းနဲ့ စစ်ကြောင်းတွေကို တိုက်ခိုက်မှု ၂ ယောက် ဒဏ်ရာရရှိ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်စခန်းနဲ့ စစ်ကြောင်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ တောင်ပံနီ ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။