မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းအနီး အင်အား ၂၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ၃ ရက်ဆက် တိုက်ခိုက်ခဲ့ရာ ၇၀ ခန့်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ KBDF Drone-တပ်ဖွဲ့ထံက သိရပါတယ်။ 

ဖေဖော်ဝါရီ ၈ ရက်က ရေးမြို့နယ် အခြေစိုက် စကခ ၁၉ လက်အောက်ခံ တပ်ရင်းတွေကနေ အင်အား ထုတ်နုတ်တ်ပြီး ကျုံးလောင်းရွာဟောင်းဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတွေ ၃ ရက်တာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ အမတ ၃၁၆၊ ခလရ ၆၁၊ ခမရ ၅၈၇ တပ်ရင်းတွေကနေ လက်နက်ကြီးပစ်ကူပေးခဲ့ပြီး အနီးအနားရှိ ကျေးရွာကိုပါ  ပစ်ခတ်တဲ့အတွက် ကျုံးလောင်းရွာ၊ ကျောက်မိကျောင်းရွာအပါအဝင် အနီးနားရှိ ပြည်သူထောင်နဲ့ချီ စစ်ဘေးလွတ်ရာ တိမ်းရှောင်ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းကို မွန်၊ ကရင်နဲ့ PDF တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ခင်ဦးမြို့နယ်၊ မဒေါင်းလှ ပျူစောထီးရွာကို PDF တပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက် သိမ်းပိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မဒေါင်းလှ ပျူစောထီးရွာကို PDF တပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို Dragon Urban Guerrilla အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ရေဖြူမြို့နယ် ကော့လှိုင်ကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားသေဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကော့လှိုင်ကျေးရွာအနီး အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအ ပြားသေဆုံးခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကျေးရွာ မီးရှို့ဖျက်ဆီးနေသည့် သီးလုံးပျူစောထီးများ၏ ကင်းစခန်းဘန်ကာအား RPG ဖြင့် ပြန်ထု (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် အနောက်ခြမ်း သီးလုံးပျူကင်းစခန်းဘန်ကာကို ဖေဖော်ဝါရီ ၂၇ ရက် ဒီနေ့ မနက်ပိုင်းမှာ RPG လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

မန္တလေးတိုင်းအတွင်း ယနေ့မနက်အစောပိုင်း အင်အားအသင့်တင့်ရှိ ငလျင် ၂ ခု လှုပ်ခတ်မှုကြောင့် ပြည်သူများ အထိတ်တလန့်ဖြစ် (ရုပ်/သံ)

ဇူလိုင် ၁၆ ရက် ဒီနေ့မနက်အစောပိုင်းက မန္တလေးတိုင်း၊ မန္တလေးမြို့နဲ့ ဝမ်းတွင်းမြို့တို့မှာ အင်အားအသင့်တင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် ပြည်သူတွေ အထိတ်တလန့်ဖြစ်ခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကျောက်ဂူတိုက်နယ်‌ကျေးရွာအတွင်း အကြမ်းဖက်စစ်ကောင်စီ အဆိပ်ငွေ့ဗုံးများ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း DPLA ထုတ်ပြန် (ရုပ်/သံ)

ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူတိုက်နယ်ကျေးရွာအတွင်း အကြမ်းဖက်စစ် ကောင်စီက အဆိပ်ငွေ့ဗုံး၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်အစပ်က တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်အရာရှိ အပါအဝင် စစ်အုပ်စုဝင် ၉ ဦး သေဆုံး၊ ၂ ဦး ဖမ်းဆီးရမိ (ရုပ်/သံ)

ရှမ်းပြည်တောင် ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်အစပ်ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ PNO ပြည်သူ့စစ်များ ပါဝင်တဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။