တနင်္သာရီတိုင်း၊ သရက်​ချောင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနဲ့ ထားဝယ်ခရိုင်တပ်​ပေါင်းစု တိုက်ပွဲဖြစ်ပွားရာ စစ်တပ်ဘက်က အများအပြား သေပြီး RPG အပါ လက်နက်ခဲယမ်းတချို့ သိမ်းဆည်ရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင် တပ်ရင်း ၂ က မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက်​ မနက်ပိုင်းက သရက်​ချောင်းမြို့နယ်၊ ကစိ​ကျေးရွာနဲ့ ဥတ္တူ​ကျေးရွာအနီးမှာ ထားဝယ်ခရိုင်တပ်​ပေါင်းစုနဲ့ အကြမ်းဖက်စစ်​ကောင်စီတပ်ဖွဲ့တို့ ထိ​တွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး နေ့လယ်ပိုင်းမှာတော့ စစ်ကောင်စီစစ်ကြောင်း ဖွဲ့စည်းပုံပျက်ကာ ဆုတ်ခွာသွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီစစ်​ကြောင်းက တပ်သားအများအပြား သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားသလို စစ်ကောင်စီတပ်ဆီက MA 10 RPG  ၁ လက်၊ MA1 ၂ လက်၊ MG3 ၁ လက်နဲ့ အခြားစစ်သုံးပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ထားဝယ်ခရိုင် တပ်ရင်း ၂ က ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲမှာ ထားဝယ်ခရိုင်အမှတ် ၁ တပ်ရင်း (T1)၊ ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်း (T5) နဲ့ ​ဒေါင်းညီ​နောင်စစ်​ကြောင်းတို့ ပူး​ပေါင်း ပါဝင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ​ပူး​ပေါင်းတပ်က ရဲ​ဘော် ၃ ယောက် ကျဆုံးကာ ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စဉ့်ကူးမြို့ပေါ် မြသိန်းတန်ဘုရားကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ စဉ့်ကူးမြို့ပေါ်က မြသိန်းတန် ဘုရားကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ထိန်းချုပ်နယ်မြေအသစ်များမှာ စေတုတ္တရာ ပကဖ ရပ်ကျေး ပ.က.ဖ များ ဖွဲ့စည်း… (ဓာတ်ပုံသတင်း)

မကွေးတိုင်း၊ မင်းဘူးခရိုင်ရှိ စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အနေနဲ့ စိုးမိုးထိန်းချုပ်နယ်မြေသစ်တွေက ကျေးရွာတွေမှာ ရပ်​ကျေး ပ.က.ဖ တွေ ဖွဲ့စည်းခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

ပေါက်တွင် စစ်အုပ်စု အရပ်သားများကို သတ်ကာ သေဆုံးသူများအား PDF အဖြစ် ပုံမှားရိုက်သတင်းဖြန့်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ကျေးရွာတွေကို စစ်ကြောင်းဝင်ရင်း အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) အဖြစ် ပုံမှားရိုက် သတင်းမှားဖြန့်နေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မောင်းကို ပြောပါတယ်။
Read More

လှော်ကားနယ်မြေရဲစခန်းထဲ ဝိုင်းဖွဲ့အရက်သောက်နေချိန် လက်ပစ်ဗုံး ၂ လုံး ပစ်သွင်းတိုက်ခိုက်

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ လှော်ကားနယ်မြေရဲစခန်းကို နိုဝင်ဘာ ၁၃ ရက် မနေ့က ညပိုင်းမှာ ရန်ကုန်မြို့ပြ ပြောက်ကျားအဖွဲ့တွေ လက်ပစ်ဗုံး ၂ လုံး ပစ်သွင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်အုပ်ချုပ်ရေးယန္တရားရှိရာ တောင်ဒဂုံမြို့နယ် တရားရုံးကို အဝေးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်က စစ်အုပ်စုလက်အောက်ခံ တရားရုံးကို (ဇွန်လ ၇ရက်) မနေ့ညပိုင်းမှာ အဝေးပစ်လောင်ချာနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Yangon Army (YA) အဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်အာဏာသိမ်းကာလအတွင်း အရပ်သားနေအိမ်တွေ မီးရှို့ဖျက်ဆီးခံရမှု စစ်ကိုင်းတိုင်းက အများဆုံးဖြစ်နေ

စစ်တပ်က အာဏာသိမ်းထားတဲ့ကာလအတွင်း စစ်ကောင်စီက အရပ်သားပြည်သူတွေရဲ့ နေအိမ် တစ်သိန်းကျော်ကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးခဲ့ကြောင်း Data For Myanmar အဖွဲ့က မနေ့က နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။