ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေး မီးရထားလမ်းပေါ်က စစ်ကောင်စီရဲ့လုံခြုံရေးကင်းစခန်းတွေကို တစ်ချိန်တည်း ဝင်ရောက်စီးနင်းတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၈ယောက် သေပြီး ၁ယောက် ပျောက်ဆုံးနေကြောင်း Spring Warriors Column တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဖေဖော်ဝါရီ ၂၅ရက်၊ မနေ့က ညပိုင်းမှာ ကျောက်တံခါးမြို့နယ်၊  မီးရထားသံလမ်း တံတားအမှတ် ၁၄၅ ၊ ၁၄၆ ၊ ၁၄၇ ၊ ၁၄၈ နဲ့ ၁၄၉ တို့က စစ်ကောင်စီရဲ့ကင်းစခန်းတွေကို တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ၊ ဗျူဟာ ၂၅ တပ်ရင်း၂ခုနဲ့အတူ KNU/KNLA တပ်ရင်း (၉) ၊ (၁၈၀၅) ဒရုန်းတပ်ရင်းတို့က တစ်ချိန်တည်း ဝင်ရောက်တိုက်ခိုက်ရင်း မီးရှို့ရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

“ဗျူဟာ ၂၅ လက်အောက်က ကျနော်တို့ စစ်ကြောင်းရယ်၊ 3702 စစ်ကြောင်းရယ်၊ KNLA  ရင်း ၉ ၊ 1805 ဒရုန်းအဖွဲ့တို့ ပါဝင်ခဲ့ပါတယ်။ မီးရထားလမ်းပေါ်က သံလမ်းအမှတ် ၅ခုလုံးကို တစ်ပြိုင်နက်တည်း ဝင်တိုက်ခဲ့တယ်လို့ ပြောရပါမယ်။ တိုက်ပွဲက တအားတော့ မပြင်းထန်ခဲ့ဘူး ပြောရမလားပဲ။ သူတို့လည်း ကြောက်ပြီး တန်းပြေးတာပဲ။ တိုက်ပွဲက မိနစ် ၂၀ လောက်ပဲ ကြာခဲ့ပါတယ်။ ” လို့ Spring Warriors Column တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့ အခြေစိုက် ခလရ ၂၆၄ ကနေ လက်နက်ကြီးတွေ ပစ်ကူပေးခဲ့သလို ဒရုန်းနဲ့ပါ တော်လှန်ရေးတပ်တွေကို ခုခံခဲ့ပေမယ့် စစ်ကောင်စီကင်းစခန်းတွေကို မီးရှို့ရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုဖြစ်စဉ်ကို ပဲခူးခရိုင် အမှတ် (၂) တပ်ရင်း၊ P2-3702 ကလည်း ထုတ်ပြန်ထားပြီး MA ကျည်ဘောက် ၂ခုနဲ့ MA ကျည်အတောင့် ၂၀ တို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲအတွင်း ပဲခူးခရိုင်၊ အမှတ် (၂) တပ်ရင်းက ရဲဘော်၁ယောက်လည်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် မနေ့က ညပိုင်းမှာ ပိန်းဇလုပ် အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၆၄ တပ်ရင်းကို KNLA တပ်ရင်း ၉ နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ရှော့တိုက်ဒုံး ၃လုံး ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အင်းလေး‌ဒေသမှာ ငလျင် ဘေးဒဏ်ခံနေရချိန် အကြမ်းဖက်စစ်တပ်နှင့် PNA ပြည်သူ့စစ်က အင်းလေးတောင်ခြမ်းရှိ ကျေးရွာများကို ဒရုန်း၊လက်နက်ကြီးများဖြင့် တိုက်ခိုက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေး‌ဒေသမှာ ငလျင် ဘေးသင့်ဒဏ်ခံနေရချိန် အကြမ်းဖက်စစ်တပ်နဲ့ PNA ပြည်သူ့စစ်တို့က အင်းလေးတောင်ခြမ်းရှိ ကျေးရွာတွေကို ဒရုန်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အင်းလေးလူ့အခွင့်အရေးက ထုတ်ပြန်ထားပါတယ်။
Read More

လက်နက်ကြီးထိမှန် ကျဆုံးခဲ့တဲ့ ကဝမြို့နယ် PDF ရဲဘော်ဗထူးရဲ့ ဈာပန

ပဲခူးတိုင်းအခြေစိုက် ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အင်အားစုဖွဲ့ရေးနဲ့ လေ့ကျင့်ရေးတာဝန်ခံ၊ စခန်းမှူးဖြစ်သူ ရဲဘော် ထူးကိုလွင် (ခ) ဗထူးဟာ လက်နက်ကြီး ထိမှန်ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

(၇၆) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ်အဖြစ် Profile Frame ကမ်ပိန်းကို NUG ဝန်ကြီးတွေ ပါဝင်ဆင်နွှဲ (ဓာတ်ပုံသတင်း)

"လူ့အခွင့်အရေးထွန်းကားစေ တရားမျှတလွတ်လပ်မြေ” ခေါင်းစဉ်နဲ့ ပြုလုပ်တဲ့ (၇၆) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ်အဖြစ် Profile Frame ကမ်ပိန်းကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်ထောင်စုဝန်ကြီးတွေ ပါဝင်ဆင်နွှဲခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

အချုပ်ခန်းဖောက်ပြေးတဲ့ ပျူစောထီး ၂ ယောက်ကို PDF ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အပိုင် အေးမြသာယာမြို့မှာ အချုပ်ခန်းဖောက်ပြေးတဲ့ စစ်တပ်သတင်းပေး ပျူစောထီး ၂ယောက်ကို အသေပစ်ခတ်ရှင်းလင်းလိုက်ကြောင်း သာယာဝတီခရိုင် ၊ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ-၅ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

နတ်အိမ်တောင်ကို စစ်ကူလာသည့် စစ်အုပ်စုနှင့် KNLA ပူးပေါင်းတပ်တို့ ထပ်မံထိတွေ့မှုဖြစ်၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၄ ဦး အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိ

မြိတ် − ထားဝယ်ခရိုင် ၊ လေဒိုစိုးမြို့နယ် နတ်အိမ်တောင်နယ်စပ်စခန်းကို စစ်ကူလာတဲ့ စစ်အုပ်စုနဲ့ KNLA ပူးပေါင်းတပ်တို့ ဇူလိုင်လ ၁၄ ရက်နေ့နဲ့ ၁၅ ရက်နေ့တွေမှာ ၂ ရက်တိုင်တိုင် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ KNU မြိတ် − ထားဝယ်ခရိုင် အတွင်းရေးမှူးဆီက သိရပါတယ်။
Read More

ရွှေဘိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် မီးဘေးသင့် ပြည်သူများကို ကျန်းမာရေးအသိပညာပေးကာ ချို့တဲ့သူများကို ငွေကြေးထောက်ပံ့

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် မီးဘေးသင့် ပြည်သူတွေကို အလှူရှင်တွေကိုယ်စား ရွှေဘိုမြို့နယ်သပိတ်အင်အားစုက ကျန်းမာရေး အသိပညာပေး ဟောပြောပေးခြင်း၊ အခမဲ့ဆေးဝါးကုသမှုပေးခြင်း၊ ငွေကြေးထောက်ပံ့မှုပေးခြင်းတွေကို သွားရောက် ခွန်အားပေးရင်း ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။