စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းပျူစခန်းကနေ ထန်းလှီးဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၂ ယောက်သေကာ ၂ ယောက်အပြင်းအထန်ဒဏ်ရာရရှိသွားတယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၆ ထံက သိရပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက် မနက်ပိုင်းက ဇီးဖြူကုန်းပျူစခန်းကနေ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး ၆ ယောက်ဟာ ဇီးဖြူကုန်းရွာနဲ့ နှောရိုးရွာအကြား တော်လှန်ရေးပူးပေါင်းတပ်တွေ ကင်းယူထားတဲ့ နေရာကို ထန်းလှီးဖို့ ရောက်လာချိန် တိုက်ခိုက်ခံရတာဖြစ်ပြီး ၂ ယောက်သေကာ ၂ ယောက်အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ 

တိုက်ခိုက်မှုအတွင်း ဇီးဖြူကုန်းပျူစခန်းက အင်အား ၆၀ ခန့်နဲ့ စစ်ကူရောက်လာတဲ့အတွက် တော်လှန်ရေးပူးပေါင်းတပ်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပေါက်မြို့နယ်တောင်ပိုင်းသို့ စစ်ကြောင်း ၃ ကြောင်း ခွဲဝင်လာသည့် စစ်သားများ တိုက်ခိုက်ခံရပြီး အများအပြား သေ (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းကို စစ်ကြောင်း ၃ ကြောင်းခွဲပြီး ဝင်လာတဲ့ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရပြီး အများအပြား သေဆုံးကာ သေနတ်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

လက်ဗလာနဲ့စခဲ့တဲ့ တော်လှန်ရေး ကျရာတာဝန်ကို ကိုယ်စီထမ်းကြရင်းနဲ့ တနေ့ထက်တနေ့ အိမ်ပြန်လမ်းနီးပြီလို့ တောင်ပိုင်းစစ်ဒေသထုတ်ပြန် (ရုပ်/သံ)

လက်ဗလာနဲ့စခဲ့တဲ့တော်လှန်ရေး ကျရာတာဝန်ကို ကိုယ်စီထမ်းကြရင်းနဲ့ တနေ့ထက်တနေ့ အိမ်ပြန်လမ်းနီးပြီလို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ပါတယ်။
Read More

ယင်းမာပင်မြို့ပေါ် စစ်တပ်အထိုင်စခန်းတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ်က အကြမ်းဖက်စစ်တပ် အထိုင်စခန်းတွေကို နိုဝင်ဘာ ၁၃ ရက် နေ့လည်ပိုင်းက လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwindynamite အဖွဲ့ထံက သိရပါတယ်။
Read More

မင်းတပ်မြို့သိမ်းစစ်ဆင်ရေးက ပြန်လာတဲ့ မုံရွာခရိုင်အမှတ် ၃ တပ်ရင်းရဲဘော်တွေကို အောင်သပြေနဲ့ ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

ချင်းပြည်နယ်မှာ မင်းတပ်မြို့သိမ်းစစ်ဆင်ရေး ဆင်နွှဲပြီး ပြန်လာတဲ့ မုံရွာခရိုင်အမှတ် ၃ တပ်ရင်းက ရဲဘော်တွေကို ဒေသခံပြည်သူတွေက အောင်သပြေပန်းနဲ့ ကြိုဆိုဂုဏ်ပြုခဲ့တယ်လို့ ဒီနေ့ နေ့လည်ပိုင်းမှာ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၃ က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီရဲ့ မိုးကုတ်မြို့ကို ဗုံးကြဲတိုက်ခိုက်မှုအတွင်း မပေါက်ကွဲဘဲ ကျန်နေတဲ့ ဗုံးအား ပြည်သူများ အန္တရာယ်ကင်းစေဖို့ စနစ်တံဖြုတ်ရှင်းလင်း (ရုပ်/သံ)

မိုးကုတ်မြို့ လူနေရပ်ကွက်ကို စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်အတွင်း မပေါက်ကွဲဘဲ ကျန်ရှိနေတဲ့ ဗုံးအား ပြည်သူများ အန္တရာယ်ကင်းစေဖို့ စနစ်တံဖြုတ်ရှင်းလင်းပေးခဲ့တယ်လို့ မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ ထုတ်ပြန်ထားပါတယ်။
Read More

ဂျပန်ရောက် မြန်မာများ ပူးပေါင်းပါဝင်ခဲ့သည့် ၈ လေးလုံး ထီးသပိတ်လှုပ်ရှားမှု (ရုပ်/သံ)

(၃၇) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဂျပန်နိုင်ငံရောက် မြန်မာပြည်သူတွေ ပူးပေါင်းပါဝင်ခဲ့တဲ့ ၈ လေးလုံး ထီးသပိတ်လှုပ်ရှားမှု မှတ်တမ်းရုပ်သံကို ရန်ကုန်လူထုသပိတ်က မျှဝေခဲ့ပါတယ်။