ကရင်နီပြည်နယ်၊ ဖယ်ခုံမြို့နယ်အတွင်းရှိ လူနေအိမ်တွေမှာ ကတုတ်ကျင်း၊ ဗုံးခိုကျင်းနဲ့ ဘန်ကာတွေ ဆောက်လုပ်ထားမှုအခြေအနေကို စစ်ဆေးကြည့်ရှုခဲ့တယ်လို့ ဖယ်ခုံမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ဖယ်ခုံမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့အနေနဲ့ ဖယ်ခုံမြို့နယ်အတွင်း လူထု တောင်းဆိုမှုရှိတဲ့ ကျေးရွာတွေကို ကွင်းဆင်းပြီး ပြည်သူတွေ ပြုလုပ်တည်‌ဆောက်ထားတဲ့ ကတုတ်ကျင်း၊ ဗုံးခိုကျင်းနဲ့ ဘန်ကာတွေကို စစ်ဆေးကြည့်ရှုပြီး လိုအပ်ချက်ရှိတာတွေ ပြင်ဆင်ပြုလုပ်ဖို့ တိုက်တွန်းပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆေးမှုတွေအတွင်း ကတုတ်ကျင်း၊ ဗုံးခိုကျင်းနဲ့ ဘန်ကာတွေကို ခိုင်ခန့်စွာ ပြုလုပ်ထားတာတွေ ရှိသလို အချို့နေအိမ်တွေမှာ အဆင်မပြေမှုတွေ လေ့လာတွေ့ရှိရတယ်လို့ ဖယ်ခုံ ပလဖ က ဆိုပါတယ်။

အကြမ်းဖက် စစ်ရှုံးကောင်စီအနေနဲ့ လက်နက်ကြီး၊ လေယာဉ်တွေနဲ့ အမြဲ တိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် ပြည်သူတွေ မပေါ့ဆဖို့နဲ့ ကတုတ်ကျင်း၊ ဗုံးခိုကျင်းနဲ့ ဘန်ကာတွေကို စနစ်တကျ တည်ဆောက်ဖို့ လိုအပ်တယ်လို့ ဖယ်ခုံ ပလဖ က အသိပေးထားပါတယ်။

ပြည်သူတွေ ကတုတ်ကျင်း၊ ဗုံးခိုကျင်းနဲ့ ဘန်ကာတွေ ဆောက်လုပ်နေမှုနဲ့ ပတ်သက်ပြီး ခိုင်ခန့်မှုနဲ့ ယုံကြည်စိတ်ချရမှုအပိုင်းတွေမှာ စစ်ဆေးပေးဖို့ လိုအပ်ရင် နီးစပ်ရာ သိကျွမ်းတတ်ကျွမ်းသူတွေအပြင် ဖယ်ခုံမြို့နယ် ပလဖ ဆီမှာ လာရောက်အကြံဉာဏ်တောင်းဆိုနိုင်တယ်လို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

သရက်ခရိုင်အမှတ် (၄) တပ်ရင်းက ပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၇) သင်တန်းဆင်းပွဲ… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၁)စစ်ဒေသ ၊ မကွေးတိုင်းအခြေစိုက် သရက်ခရိုင်အမှတ် (၄) တပ်ရင်းက ပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၇) သင်တန်းဆင်း အခမ်းအနားကို နိုဝင်ဘာလ (၂၄) ရက်က လွတ်မြောက်နယ် တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပင်လည်ဘူးရှိ အင်္ဂါးကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီတပ် အကြောင်းမဲ့ လေကြောင်းကနေ တိုက်ခိုက်၊ ဆရာမ ၁ ဦးသေဆုံးပြီး ကလေးငယ်တွေအပါ အများအပြား ထိခိုက်ဒဏ်ရာရ…

" ပေါင် ၃၀၀ တွေ ကြဲသွားတာဖြစ်မယ်ဗျ။ ကျောင်းဝန်းထဲက ဝန်ထမ်းနေအိမ်တွေအပေါ် ၁ လုံးကျတယ်။ ကျောင်းဝန်းထဲ ၁ လုံးကျတယ်။ ဗုံး ၂ လုံးက ပေ ၃၀ အကွာကို တစ်ပြိုင်တည်း ကျတယ်ပြောရမယ်။ အတည့်ကျတဲ့အိမ်ကတော့ လုံးဝ ပျောက်သွားတယ်။ ဘေးကပ်လျက်အိမ်တွေလည်း အကုန်ထိ၊ မီတာ၁၀၀ ဝန်းကျင်က အိမ်တွေပါ မလွတ်ဘူး။ ကျောင်းနဲ့ဝန်ထမ်းအိမ်တွေက ပေ ၁၀၀ ကျော်ကျော်လောက်ပဲ ရှိတယ်​လေ။ ဗုံးကျတဲ့နေရာတွေဆိုလည်း အကျယ် ၁၀ ပေပတ်လည်နဲ့ ၁၀ ပေအနက်လောက်ရှိမယ့် ကျင်း ၁ ခု နဲ့ ၃ ပေအနက်လောက် ကျင်း ၁ ခု ဖြစ်သွားပါတယ်။" လို့ ဒေသခံ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

နွားထိုးကြီး PDF ၏ မွမ်းမံသင်တန်း အပတ်စဥ်(၂) သင်တန်းဆင်းပွဲကျင်းပပြီး ရဲဘော်များကို လက်နက် တပ်ဆင်ပေး

နွားထိုးကြီး PDFရဲ့ မွမ်းမံသင်တန်း အပတ်စဥ်(၂) သင်တန်းဆင်းပွဲကို သြဂုတ်လ ၃ ရက် ဒီနေ့မှာ ကျင်းပခဲ့ပြီး မွမ်းမံသင်တန်းဆင်း ရဲဘော်တွေကို မဟာမိတ်အဖွဲ့က လက်နက်တွေ တပ်ဆင်ပေးခဲ့တယ်လို့ နွားထိုးကြီး PDF (မြင်းခြံခရိုင် အမှတ်(၄) တပ်ရင်း၊ မြင်းခြံခရိုင် အမှတ်(၁၀) တပ်ရင်း)က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ငါန်းမြာနှင့် သရက်ချိုပင်လမ်းပိုင်းတွင် စစ်အုပ်စု ကြားဖြတ်တိုက်ခိုက်ခံရမှု ထပ်တိုးသိရှိချက်အရ သေဆုံးသူ ၁၄ ဦးအထိ ရှိလာ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ၁၄ ယောက်အထိ သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိခဲ့တယ်လို့ မန္တလေးခရိုင် အမှတ်(၅) တပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

နွေဦးဘဏ်မှာ ရင်းနှီးမြှုပ်နှံသူ အစုရှယ်ယာ အမေရိကန်ဒေါ်လာ ၅သန်းကျော်အထိ စံချိန်တင်ပြည့်မှီ

NUG ရဲ့နွေဦးဘဏ်က ရင်းနှီးမြှုပ်နှံသူ အစုရှယ်ယာ အမေရိကန်ဒေါ်လာ ၅ သန်းကျော်စံချိန်တင်ပြည့်မှီခဲ့ကြောင်း Spring Development Bankက ဒီနေ့ နို၀င်ဘာ ၂၅ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ကျိုက်ထိုမှာ ကြံ့ခိုင်ရေးပါတီဝင် သားအဖ ၂ယောက် နေအိမ်ထဲအထိ ဝင်ရောက် ပစ်ခတ်ရှင်းလင်းခံရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ ကြံ့ခိုင်ရေးပါတီဝင် သားအဖ၂ယောက်ကို သေနတ်သမားတွေက နေအိမ်ထဲဝင်ရောက်ပစ်ခတ်ရာ နေရာတင် သေဆုံးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ စက်တင်ဘာ ၂၃ရက်၊ မနေ့က ညပိုင်းမှာ ကျိုက်ထိုမြို့နယ်၊ မုက္ခမူကျေးရွာနေ ကြံ့ခိုင်ရေးပါတီဝင် ဦးမြင့်အောင်ဆိုသူနဲ့ သမီးဖြစ်သူ မဝင်းနုခိုင် (ခ) မကေတို့ နေအိမ်အတွင်းရှိနေချိန် လူ၄ယောက်က ဆိုင်ကယ်၂စီးနဲ့ ရောက်လာပြီး သေနတ်နဲ့ ၈ချက်ပစ်ခတ်သွားတာ ဖြစ်ပါတယ်။