ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ် ကျန်နေခဲ့တဲ့ လက်နက်ခဲယမ်းတွေ လက်ဝယ်ရရှိထားရင် လာမယ့် မတ်လ ၁၅ ရက် နောက်ဆုံးထား ပြန်လည်အပ်နှံဖို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ် (Chin Defence Force – Mindat) က မနေ့ကဖေဖော်ဝါရီ ၂၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ချင်းညီနောင်စစ်ဆင်ရေးအဖြစ် မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ကစဉ့်ကလျား ထွက်ပြေးကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်ခဲယမ်းတွေ၊ အခြားတစ်နည်းနည်းနဲ့ ရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေနဲ့ တိုက်ခိုက်ရေးမောင်းပြန် ရိုင်ဖယ်တွေကို ပြန်လည်အပ်နှံဖို့ CDF – Mindat က ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် သတ်မှတ်ထားတဲ့ ဆုကြေး ဒါမှမဟုတ် ဝယ်ယူထားကြောင်း ခိုင်လုံမှုရှိရင် ဝယ်ယူထားတဲ့ တန်ဖိုးအတိုင်း CDF – Mindat ဆီမှာ ထုတ်ယူပြီး ပြန်လည်အပ်နှံဖို့ကိုလည်း ဖော်ပြထားပါတယ်။

ပြည်သူတွေအနေနဲ့ သက်မှတ်ထားတဲ့ ရက်ကျော်လွန်ပြီး လက်နက်ခဲယမ်းကိုင်ဆောင်တာ၊ လက်ဝယ်ထားရှိတာနဲ့ ရောင်းဝယ်ဖောက်ကားတာတွေ ပြုလုပ်ရင် ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့လည်း CDF-Mindat က ဆိုပါတယ်။

ပြည်သူတွေကို လက်နက်ခဲယမ်းနဲ့ ဖောက်ခွဲရေးပစ္စည်းတွေ အန္တရာယ်ကနေ ကာကွယ်နိုင်ဖို့အတွက် ထိန်းချုပ်နယ်မြေအတွင်း လက်နက်ခဲယမ်းထိန်းချုပ်နိုင်ရေး အထူးအလေးထား ဆောင်ရွက်နေတယ်လို့လည်း CDF – Mindat က ဆိုပါတယ်။

ချင်းညီနောင်စစ်ဆင်ရေးအဖြစ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲတဲ့ ဒီဇင်ဘာ ၂၁ ရက်မှာ မင်းတပ်မြို့စောင့်တပ် စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ ခလရ (၂၇၄) ကို အပြီးသတ်သိမ်းပိုက်ကာ မင်းတပ်မြို့နယ်တစ်ခုလုံးကို ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။

ပုံစာ – မင်းတပ်မြို့သိမ်းအပြီး သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများနှင့်အတူ တွေ့ရတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့

0 Shares:
You May Also Like
Read More

မောင်ရွှေလေးရေတပ်စခန်းကို ဆုံးရှုံးသွားခဲ့တဲ့ စစ်ကောင်စီရေတပ်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ ရုရှားရေတပ်သင်္ဘောများ မြန်မာနိုင်ငံကို ရောက်ရှိနေဟုဆို

စစ်ကောင်စီရေတပ်နဲ့ ရေကြောင်းစစ်ရေးလေ့ကျင့်မှု လုပ်ဆောင်ဖို့ မြန်မာနိုင်ငံကို ရုရှားရေတပ်သင်္ဘောအုပ်စုတစ်စု ရောက်ရှိနေကြောင်း စစ်ကောင်စီရဲ့မီဒီယာကနေ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ထုတ်ပြန်ခဲ့ပါတယ်။
Read More

ဟားလီးကွေ့စစ်တပ်စခန်းကို ပစ်ခတ်တိုက်ခိုက်ရာ ဗိုလ်ကြီး ၁ ဦးသေပြီး ဆေးတပ်ဗိုလ်ကြီးအပါ ၁၆ ဦး အရှင်ဖမ်းမိ၊ လက်နက်မျိုးစုံ ၁၉ လက် သိမ်းဆည်းရရှိ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ဟားလီးကွေ့ စစ်တပ်စခန်းကို ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က ဗိုလ်ကြီး ၁ ယောက် သေဆုံးပြီး ၁၆ ယောက် အရှင်ဖမ်းမိခဲ့တယ်လို့ ဒူရကစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မိုးဗြဲမြို့ မကျရေး ခုခံတိုက်ခိုက်နေသည့် တိုက်ပွဲအတွင်း မိုးဗြဲPDF ကျွဲချိုတပ်ခွဲမှ ၁၈ နှစ်နှင့် ၁၉ နှစ်အရွယ် ရဲဘော် ၂ ဦး ကျဆုံးခဲ့

ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ၊ အမှတ် (၁၀၀၁)တပ်ရင်း ၊ တပ်ခွဲ-၃ ကျွဲချိုတပ်ခွဲရှိ ရဲဘော် မောင်ဒေးဗစ်နဲ့ ရဲဘော် မောင်ဝင်းကိုနိုင် တို့ (၂) ယောက်ဟာ အကြမ်းဖက်စစ်ကောင်စီတပ်ကို ရွပ်ရွပ်ချွန်ချွန် တိုက်ခိုက်ချေမှုန်းရင်း ဇွန်လ(၃၀)ရက်မှာ ကျဆုံးခဲ့တယ်လို့ ကျွဲချိုတပ်ခွဲက မနေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးပြီး ၁၁ရက်အကြာမှာ NLD လျှပ်စစ်ဝန်ကြီးဦးဝင်းခိုင် ကွယ်လွန် ကျန်းမာရေးဆိုးရွားပြီး ဆေးရုံပေါ် အသက်လုနေချိန်မှ လွတ်ငြိမ်းခွင့်ပေးခဲ့ခြင်းဖြစ်

မန္တလေးဆေးရုံကြီး၊ အထူးကြပ်မတ်ကုသဆောင်(ICU) မှာ ဆေးကုသမှုခံယူနေရတဲ့ ဦးဝင်းခိုင်ကို စစ်ကောင်စီက အောက်တိုဘာ ၂၉ရက်နေ့မှာ လွတ်ငြိမ်းခွင့်ပေးခဲ့ပြီး ၁၁ရက်အကြာမှာပဲ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
Read More

ဒိုက်ဦးအကျဥ်းထောင်တွင် အမျိုးသမီးအဆောင် ဦးစီးမှူးမှ နိုင်ကျဥ်းသူကို ဥပဒေမဲ့ တိုက်ပိတ်ထား

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဥ်းထောင်မှာ အမျိုးသမီးအကျဥ်းဆောင်ကို အုပ်ချုပ်ရေးတာဝန်ယူထားတဲ့ ဦးစီးမှူး ဒေါ်ဇင်မာကြည်အောင်က နိုင်ငံရေးအကျဥ်းသူတစ်ယောက်ကို မတရားသဖြင့် တိုက်ပိတ်ပြစ်ဒဏ်ပေးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။