ထိုင်းနိုင်ငံအရှေ့ပိုင်း၊ ပရာကျင်းဘူးရီးခရိုင်မှာ ခရီးသည်တင် ဘတ်(စ်)ကားတစ်စီး တိမ်းမှောက်သွားပြီး လူ (၁၇) ယောက်သေဆုံးကာ အယောက် (၄၀) ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြလာပါတယ်။  

ဒီနေ့ ဖေဖော်ဝါရီ ၂၆ ရက် မနက် ၃ နာရီကျော်လောက်မှာ ဘင်ကန်ခရိုင် ဖွန်းကျရွန်းစည်ပင်သာယာရုံးက ဝန်ထမ်းတွေကို တင်ဆောင်လာတဲ့ အဆိုပါဘတ်(စ်)ကားဟာ  ပရာကျင်းဘူးရီးခရိုင် နားဒီးမြို့နယ် ပူဖရမ်းအုပ်စု ဆန်ပူထွန်းတောင်ပေါ်အဆင်းလမ်းမှာ ဘရိတ်ပေါက်ပြီး ယာဉ်မတော်တဆ ဖြစ်ပွားခဲ့ရတာပါ။

ယာဉ်တိမ်းမှောက်မှုကြောင့် အခင်းဖြစ်ပွားရာနေရာမှာတင် ၁၆ ယောက်သေဆုံးကာ ဆေးရုံမှာ ၁ ယောက် ထပ်မံသေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေထဲမှာလည်း စိုးရိမ်ရသူတွေရှိတယ်လို့ သိရပါတယ်။ 

(ဓာတ်ပုံ Khaosod English)
(ဓာတ်ပုံ Khaosod English)

အဆိုပါ ခရီးစဉ်မှာ ဝန်ထမ်းပေါင်း ၁၂၀ ကျော်ဟာ ကား ၃စီးနဲ့ လေ့လာရေးခရီး ထွက်လာတာဖြစ်ပြီး မတော်တဆ တိမ်းမှောက်သွားတဲ့ကားက အမှတ် (၃) ကားဖြစ်ကာ ယာဉ်ကြံ့ခိုင်မှုရှိမရှိ မစစ်ဆေးဘဲ မောင်းနှင်လာခြင်းဖြစ်တယ်လို့လည်း ထိုင်းသတင်းဌာနတချို့က ရေးသားထားပါတယ်။

အခင်းဖြစ်ပွားစဉ် ကားထဲမှာ ပိတ်မိနေသူတွေကိုလည်း ခက်ခက်ခဲခဲ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

(ဓာတ်ပုံ Khaosod English)
0 Shares:
You May Also Like
Read More

တရုတ်ငြိုငြင်မှာစိုးလို့ ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့ကို အာဏာသိမ်းစစ်ကောင်စီ ပြည်ဝင်ခွင့် မပြု

တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို ထိခိုက်မှာ စိုးတာကြောင့် အာဏာသိမ်း စစ်ကောင်စီက ငလျင်အတွက် လာရောက်မယ့် ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့ကို ပြည်ဝင်ခွင့်မပြုတာ ဖြစ်တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြလာပါတယ်။
Read More

ဂျပန် ဆေးဘက်ဆိုင်ရာနည်ပညာအဖွဲ့ မြန်မာပြည်ကိုရောက်ရှိလာ

ငလျင်ဒဏ်သင့် ဒေသတွေမှာ ဆေးဝါးကုသပေးဖို့ ဂျပန်ဆေးဖက်ဆိုင်ရာနည်းပညာအဖွဲ့ဒုတိယအသုတ် ရောက်ရှိလာတယ်လို့ JICA Myanmar ကထုတ်ပြန်ပါတယ်.။
Read More

မြန်မာဘက်ပို့မည့် Starlink ၂၁ လုံး သယ်ဆောင်လာသူ မြန်မာတစ်ဦးကို ထိုင်းအာဏာပိုင်များ ဖမ်းဆီး

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ ဆန်ခလဘူရီ အကောက်ခွန်ဂိတ်မှာ မြန်မာနိုင်ငံကို ပို့မယ့် Starlink ဂြိုလ်တုအင်တာနက် ဆက်သွယ်ရေး စက် ၂၁ လုံး သယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသားကို တားမြစ်ပစ္စည်းတွေ တရားမဝင် လက်ဝယ်ထားရှိမှုနဲ့ ဖမ်းဆီးလိုက်တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။
Read More

စစ်ကောင်စီ၏ ရုရှားထုတ် Shahed drone ပုံစံကွဲ အသေခံဒရုန်း ၁ စင်း ထိုင်းနိုင်ငံအတွင်း ပျက်ကျ

ထိုင်းနိုင်ငံ၊ ထာ့ဆောင်ယန်းမြို့နယ်ထဲမှာ စစ်ကောင်စီ အသုံးပြုတဲ့ ရုရှားထုတ် Shahed Drone နဲ့ ပုံစံတူ အသေခံဒရုန်းတစ်စင်း ပျက်ကျနေတာကို ထိုင်းစစ်တပ်က သိမ်းဆည်းရရှိခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေက ဇူလိုင်လ ၂၂ ရက် ဒီနေ့မှာ သတင်းဖော်ပြပါတယ်။
Read More

မြန်မာကို ကာလဝမ်းရောဂါဆေးတွေ ထိုင်း အကူအညီပေး

မြန်မာပြည်မှာ ပျံ့နှံ့ဖြစ်ပွားနေတဲ့ ကာလဝမ်းရောဂါ ကာကွယ်တိုက်ဖျက်ရေး အကူအညီဖြစ်စေဖို့ ကာလဝမ်းရောဂါဆေးတွေကို ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ပေးထားကြောင်း Bangkok Post က ဒီဇင်ဘာ ၂၄ ရက်မှာ ဖော်ပြထားပါတယ်။  
Read More

NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်တို့ အွန်လိုင်းကနေ တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ အာဆီယံအလှည့်ကျ  ဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ် တို့ဟာ ဧပြီလ ၁၈ ရက် ဒီနေ့ မနက်ပိုင်းမှာ Teleconference ကတဆင့် တွေ့ဆုံခဲ့တယ်လို့ NUG က ထုတ်ပြန်ပါတယ်။