ဒေသတွင်း အင်အားကြီးနိုင်ငံတွေရဲ့ ပါဝင်ပတ်သက်မှုတွေဟာ ပြည်တွင်းရေးအခြေအနေတွေကို ပဋိပက္ခသက်ဆိုးရှည်အောင် အပံ့အပိုးဖြစ်နေတာ တွေ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက  ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက် မနေ့က မနက်ပိုင်းမှာ ပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၇/၂၀၂၅ အစိုးရအဖွဲ့အစည်းအဝေးမှာ NUG ယာယီသမ္မတက အခုလို ​ပြောကြားခဲ့တာဖြစ်ပြီး အဲ့ဒီအစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ယာယီသမ္မတ ဒူဝါလရှီးလက “ကျွန်တော်တို့ နိုင်ငံအနေနဲ့ ကမ္ဘာ့နိုင်ငံကြီးတွေရဲ့ ပထဝီနိုင်ငံရေးအားပြိုင်မှုတွေကြားထဲမှာ ပြည်တွင်းနိုင်ငံရေးကို ရုန်းထ နေရတဲ့ အခြေအနေမှာ ရှိပါသည်။ အထူးသဖြင့် ဒေသတွင်း အင်အားကြီးနိုင်ငံတွေရဲ့ ပါဝင်ပတ်သက်မှုတွေဟာ ပြည်တွင်းရေးအခြေအနေတွေကို ပဋိပက္ခသက်ဆိုး ရှည်အောင် အပံ့အပိုးဖြစ်နေတာတွေ တွေ့ရပါသည်။ ကျွန်တော်တို့အနေနဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ လက်တွေ့ နိုင်ငံရေးအခင်းအကျင်းကို လက်တွေ့ကျကျ ရှုမြင်ပြီးတော့ အလှည့်အပြောင်းဖြစ်လာတဲ့ နိုင်ငံရေးအတိမ်းအညွတ်တွေမှာ လူထုအတွက် ဘယ်လို အကောင်းဖြစ်အောင် လုပ်ကြမလဲဆိုတာကြိုတင် စဉ်းစားထားကြဖို့ လိုပါသည်” လို့ ပြောကြားခဲ့တာပါ။

၇/၂၀၂၅ အစိုးရအဖွဲ့အစည်းအဝေး

NUG ယာယီသမ္မတက အိမ်နီးချင်းနိုင်ငံတွေနဲ့ ပတ်သက်လို့ ဗျူဟာမြောက်တဲ့ ချဥ်းကပ်နည်းတွေ ဝိုင်းဝန်းအဖြေရှာဖို့လည်း တိုက်တွန်းခဲ့ပါသေးတယ်။

“ကျွန်​တော်တို့အနေနဲ့ လက်ရှိအိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် အပါအဝင် အိန္ဒိယနိုင်ငံတွေနဲ့ ပတ်သက်ပြီး ဘယ်လိုမဟာဗျူဟာမြောက်ချည်းကပ်မှုတွေ ထပ်တိုးလုပ်ဆောင်မလဲဆိုတာ လေးလေးနက်နက် အဖြေရှာကြဖို့ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် NUG အစိုးရအပေါ် ဝေဖန်လာမှုတွေကိုလည်း အလုပ်နဲ့ သက်သေပြပြီး ပြန်လည်ချေပနိုင်စွမ်းရှိရမယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့ပါသေးတယ်။

“ကျွန်တော်တို့ဟာ ရန်သူ့ အပေါ်မှာ မထောက်မညှာတမ်း တိုက်ခိုက်ပြီး၊ ပြည်သူ့အပေါ်မှာတော့ အဖြောင့်မတ်ဆုံး ရိုးသားနိုင်ဖို့ လိုပါသည်။ ဒါဟာ တော်လှန်ရေးကျင့်ဝတ်ဖြစ်သလို၊ ကျွန်တော်တို့ ခံယူရမယ့် သဘောထားလို့လည်း ထင်ပါသည်။ ကျွန်တော်တို့အစိုးရအပေါ် ဝေဖန်လာတဲ့ဝေဖန်ချက်တွေကို အလုပ်နဲ့ သက်သေပြပြီး ပြန်လည်ချေပနိုင်စွမ်းရှိရမယ်လို့ ပြောချင်ပါတယ်” လို့ ယာယီသမ္မတ က ပြောကြားခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

အထက်မင်းလှမှာ စစ်ကြောင်းထိုးပြီးပြန်လာသည့် စစ်ကောင်စီယာဥ်တန်း ကြားဖြတ်တိုက်ခိုက်ခံရ၊ ဗိုလ်မှူးအဆင့်ရှိသူနှင့် ၂ပွင့်အရာရှိအပါ အယောက် ၃၀ ကျော် သေဆုံး

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်မှာ စစ်ကြောင်းထိုးပြီးပြန်လာတဲ့ အကြမ်းဖက်စစ်ကားတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး ဗိုလ်မှူးနဲ့ ၂ပွင့်အရာရှိ အပါအဝင် စစ်ကောင်စီတပ်သား ၃၁ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားခဲ့ကြောင်း United States Of Burma Army - USBA တာဝန်ခံ ကိုဗဟိန်းက မောင်းကို ပြောပါတယ်။
Read More

နှမ်းခါးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွက် တရားမျှတမှုရှိအောင် လုပ်ဆောင်မည်ဟု NUG အသိပေး

ကျန်းမာရေးဝန်ထမ်းတွေနဲ့ အရပ်သားတွေ သေဆုံးခဲ့ရတဲ့ နှမ်းခါးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွက် တရားမျှတမှုရရှိအောင် လုပ်ဆောင်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
Read More

မေလအတွင်း ဘောလခဲမြို့စစ်ဆင်ရေးနှင့် မိုးဗြဲမြို့ခံစစ်တွင် တိုက်ပွဲဝင်ခဲ့သည့် DMO Local PDF တပ်ဖွဲ့မှ ဒုတပ်ရင်းမှူး ကျဆုံးခဲ့၊ ၂၀ ဦးဒဏ်ရာရ

ပြည်သူ့ကာကွယ်ရေးတပ် ဒီးမောဆိုတပ်ဖွဲ့ (DMO Local PDF) အနေနဲ့ မေလ (၁) လတာအတွင်း ဘောလခဲမြို့ စစ်ဆင်ရေးနဲ့ မိုးဗြဲမြို့ ခုခံစစ်မှာ ပါဝင်တိုက်ပွဲဝင်ခဲ့ရာ ဒုတပ်ရင်းမှူး ကျဆုံးခဲ့ပြီး အယောက် ၂၀ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ခလရ ၂၇၄ ကနေ သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေကို CDF မင်းတပ် ထုတ်ပြန်ပြသ

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၇၄ ကနေ သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေနဲ့ မှတ်တမ်းဓာတ်ပုံတွေကို Chin Defence Force - CDF မင်းတပ်က ဒီနေ့မနက်မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာက နေအိမ် အလုံး (၂၀) ခန့်ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာရှိ ဒေသခံတွေရဲ့ နေအိမ်အလုံး (၂၀)ခန့်ကို အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

တောင်ငူမြို့ရှိ စစ်ကောင်စီ၏ ခလရ ၃၉ ကို ၁၀၇ မမရှော့ဒုံးများဖြင့် တိုက်ခိုက်၊ အရာရှိ ၂ ဦးအပါ ၅ ဦးပွဲချင်းပြီးသေဆုံးပြီး ၇ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ် ၃၉ ခြေလျင်တပ်ရင်း(ခလရ) ကို ၁၀၇ မမ ရှော့ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ အရာရှိ ၂ ယောက်အပါအဝင် ၅ ယောက်သေဆုံးပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။