စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်နဲ့ အမှတ် ၅၀၈ အမြောက်တပ်ရင်းကို ရော့ကတ် အလုံး ၁၀၀ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကျောင်းသားလက်ရုံးတပ်တော်ထံက သိရပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက် နေ့လယ်ပိုင်းက အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ရော့ကတ် အလုံး ၇၀၊ အမှတ် ၅၀၈ အမြောက်တပ်ရင်းကို ရော့ကတ် အလုံး ၃၀ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါ တယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၇ ယောက်သေဆုံးပြီး ၁၅ ယောက် ထိခိုက်ဒဏ်ရာရရှိသွားကာ အမြောက်တပ်ရင်းအတွင်း အဆောက်အအုံ ၁ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အဲဒီပစ်ခတ်မှုကို ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ PACMPT၊ ယင်းမာပင်ခရိုင် အမှတ် ၃၇တပ်ရင်း၊ ရွှေဘိုခရိုင် အမှတ် ၉တပ်ရင်း၊ NAA DF (Khin U)၊ ဘုတလင် mobile Team၊ Budalin Guerrilla Force၊ မုံရွာမြို့နယ် ပလဖ တာဝန်ခံ (ပစ်တိုင်းထောင်အဖွဲ့)၊ မုံရွာခရိုင် အမှတ် ၂၅ တပ်ရင်း တပ်ခွဲ ၄ နဲ့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (တိုက်နယ် ၅) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ယင်းမာပင်မြို့နယ်အတွင်း အကြမ်းဖက်စစ်သားများကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၉ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း အင်အား ၂၀၀ ခန့်ရှိ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၉ ယောက် သေဆုံးခဲ့တယ်လို့ Black Vote Fighter Local PDF က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အင်းတော်မြို့သိမ်းတိုက်ပွဲမှ အောင်ပွဲနှင့်အတူ ပြန်လာသည့် ကသာခရိုင်အမှတ် ၂ တပ်ရင်း ရဲဘော်များ (ရုပ်/သံ)

စစ်ကိုင်းတိုင်း အင်းတော်မြို့သိမ်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ပြီး အောင်ပွဲနဲ့အတူ ပြန်လာကြတဲ့ ကသာခရိုင်အမှတ် ၂ တပ်ရင်းရဲဘော်တွေကို ပြည်သူတွေက ကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။
Read More

အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ ရဲ့ စခန်းတွင်း ပြုပြင်ရေးလုပ်ငန်းခွင် (ရုပ်/သံ)

အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ရဲ့ စခန်းတွင်း လက်နက်ငယ်ပြုပြင်ရေး၊ ဒရုန်းပြုပြင်‌ရေးနဲ့ သယ်ယူပို့ဆောင်ရေးယာဉ်ပြုပြင်ရေး လုပ်ဆောင်နေမှုကို ထုတ်ပြန်ပြသလိုက်ပါတယ်။
Read More

ဖားကန့်တွင် စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၁ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာရှိ ကောင်းပြည့်ဆီဆိုင်အနီး အကြမ်းဖက်စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၁ ယောက် သေဆုံးကာ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဧရာဝတီတိုင်းစစ်ဌာန နည်းဗျူဟာ (၂၉) အပတ်စဉ် (၆) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ဧရာဝတီတိုင်းစစ်ဌာန နည်းဗျူဟာ (၂၉) အပတ်စဉ် (၆) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဗန်းမော်မြို့အနီး တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က မြို့မကျစေရေး လေကြောင်းကနေ အသည်းအသန်ခုခံနေ (ရုပ်/သံ)

ကချင်ပြည်နယ် ဗန်းမော်မြို့အနီးမှာ ဒီဇင်ဘာ ၄ ရက် နံနက်အစောပိုင်းက စတင်ပြီး KIA နဲ့ အကြမ်း ဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေကာ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်ပြီး မြို့မကျစေရေး ခုခံနေတယ်လို့ သိရပါတယ်။