ပဲခူးတိုင်း၊ ပြည်ခရိုင်အတွင်း ပရဟိတအဖွဲ့အစည်းတွေကို စစ်ကောင်စီက သူတို့ရဲ့ ဒဏ်ရာရစစ်သားတွေကို  ရန်ကုန် မင်္ဂလာဒုံဆေးရုံ တစ်ခေါက်ပို့ပေးရင် ဆီ ၁၅ ဂါလံ ပေးမယ်လို့ ကမ်းလှမ်းပြောဆိုမှုတွေ ရှိနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 

မနေ့က ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ပြည်ခရိုင်အတွင်းက နာကူ/ရှင်ကူ ပရဟိတအသင်းတွေကို ပြည် ဒကစ ထဲ ခေါ်ယူပြီး အစည်းအဝေးပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီအစည်းအဝေးမှာ ယာယီဒကစမှူးက ရွှေတောင်မြို့ ကုတင် ၁၀၀ စစ်ဆေးရုံမှာ မကုသနိုင်တဲ့ စစ်သားတွေကို ရန်ကုန်မင်္ဂလာဒုံကုတင် (၁၀၀၀) စစ်ဆေးရုံကို ပရဟိတကားတွေ အလှည့်ကျ ပို့ပေးရမှာဖြစ်ပြီး တစ်ခေါက်ပို့ရင် ဆီ ၁၅ ဂါလံပေးမယ်လို့ ကမ်းလှမ်းပြောဆိုသွားကြောင်း သိရပါတယ်။ အစည်းအဝေးကို ပြည်ခရိုင်အတွင်းမှ ပရဟိတ အသင်း ၂၈ သင်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ 

လက်ရှိ ပြည်ခရိုင်အတွင်းမှာ တိုက်ပွဲတွေ ခပ်စိပ်စိပ် ဖြစ်လာနေပြီး ဒဏ်ရာရ စစ်သားတွေ များပြားလာသလို စစ်ကောင်စီအနေနဲ့ စစ်ကားတွေ အသုံးပြုကာ ပေါ်ပေါ်တင်တင် မသွားရဲတာကြောင့် ပရဟိတ ယာဉ်တွေကို အသုံးချဖို့ ကြံစည်လာတာလို့လည်း သိရပါတယ်။

တဖက်မှာလည်း ပြည်ခရိုင်အတွင်းက ပြည်သူတွေ သိရှိလိုက်နာဖို့ အချက် ၈ ချက်ပါတဲ့ အသိပေးစာကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ပြည်ခရိုင် (၃၆၀၂) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။ 

အသိပေးစာထဲမှာ စစ်ကောင်စီအပါအဝင် သူတို့ရဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေနဲ့ ထိတွေ့ ဆက်ခံတာတွေမပြုလုပ်ကြဖို့၊ ရိက္ခာထောက်ပံ့တာတွေ မပြုလုပ်ကြဖို့၊ စစ်ကောင်စီက မီးရှို့မှုတွေ လုပ်ဆောင်နေတာကြောင့် လုံခြုံရေး သတိရှိကြဖို့အပါအဝင် ပြည်သူ့ကာကယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာပေးဖို့ ပြောဆိုထားတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဇူလိုင်လအတွင်း စစ်အုပ်စု တိုက်ခိုက်မှုများကြောင့် အသက် ၁ နှစ်အရွယ် ကလေးငယ် ၃ ဦးအပါ ၁၈ နှစ်အောက် ကလေးငယ် ၁၉ ဦး သေဆုံးခဲ့

မြန်မာနိုင်ငံတစ်ဝန်း ဇူလိုင်လအတွင်းမှာ အကြမ်းဖက်စစ်အုပ်စု တိုက်ခိုက်မှုတွေကြောင့် အသက် ၁ နှစ်အရွယ် ကလေးငယ် ၃ ယောက် အပါအဝင် ၁၈ နှစ်အောက် ကလေးငယ် ၁၉ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မြဝတီ ကျောက်ခက်ရွာ ဆေးရုံဟောင်းကို စစ်တပ် ဗုံးကြဲ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျောက်ခက်ရွာကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ရာ ကျေးရွာအတွင်းက ဆေးရုံဟောင်း ထိမှန်ပျက်စီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

အဓမ္မ စစ်မှုထမ်းခိုင်းခံရတဲ့ စစ်ကောင်စီတပ်သားတစ်ယောက် Loikaw Local PDF ဆီ လက်နက်ခဲယမ်းနဲ့ အလင်းဝင်

အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအရ အတင်းအဓမ္မ စစ်မှုထမ်းခဲ့ရတဲ့ စစ်ကောင်စီတပ်သားတစ်ယောက်ဟာ လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်ခိုလှုံလာတယ်လို့ Loikaw Local PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ယဉ်ကျေးလိမ္မာ သင်တန်းတက်ရင်း ငလျင်ကြောင့် ပြိုကျ ပိတ်မိနေသည့် ကလေးမလေး ၂ ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့၊ ၁၃ ဦး သေဆုံးခဲ့ရရှာ

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ ရွာတန်းတိုက်နယ်၊ ရှေးဟောင်းတိုက်ကျောင်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့ရာမှာ ပိတ်မိနေတဲ့ ကလေးမလေး ၂ ယောက်ကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

ခမရ ၁၅ တပ်ရင်း၏ စစ်ဆေးရေးဂိတ်ကို MBT နှင့် ပူးပေါင်းတပ်များ ပြောက်ကျားဝင်ပစ်၊ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်မ ၉၉ လက်အောက်ခံ၊ ခမရ -၁၅ စစ်ဆေးရေးဂိတ်ကို ပြောက်ကျားပစ်ခတ်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးခဲ့ကြောင်း Myingyan Black Tiger (MBT) တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။
Read More

ကန့်ဘလူတွင် စစ်အုပ်စုနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ၃ ကြိမ်ဆက် ထိတွေ့မှုဖြစ်၊ လက်နက်ခဲယမ်းနှင့် သုံးပန့်များ ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေနဲ့ ထိတွေ့ပစ်ခတ်မှု ၃ ကြိမ်ဆက် ဖြစ်ပွားပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေရှိကာ လက်နက်ခဲယမ်းတချို့သိမ်းဆည်းရရှိခဲ့တယ်လို့ ကန့်ဘလူမြို့နယ် ထန်းကုန်းတိုက်နယ် ပအဖ တာဝန်ခံ ကိုငယ်လေးက မောင်းကိုပြောပါတယ်။