မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်အခြေစိုက် အမှတ် ၃၁၀ အမြောက်တပ်ထဲကို မစ်ဇိုင်းဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက် မနေ့ကညပိုင်းမှာ သိမ်ဇရပ်မြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ် ၃၁၀ အမြောက်တပ်ရင်း(အမတ) ရှိ ဗဟိုကင်းနဲ့ လူပျိုဆောင်တို့ကို မစ်ဇိုင်းဒုံး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားတွေ ထိခိုက်သေဆုံးမှုရှိသလို သေဆုံးသူတွေနဲ့ ထိခိုက်လူနာတွေကို ပဲခူးမြို့နဲ့ မော်လမြိုင်မြို့ဘက် ပို့ဆောင်ထားတယ်လို့ ပဲခူးခရိုင် ပကဖ က ဆိုပါတယ်။ 

တိုက်ခိုက်မှုအပြီး အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ ပြန်လည် ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပဲခူးခရိုင် ပကဖ ဦးဆောင်မှုနဲ့ UDF ၊ ဝေါ (ပကဖ) နဲ့ ကဝ(ပကဖ) လက်နက်ကြီးတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဖားကန့်တိုက်ပွဲ ပစ်ခတ်မှုများအတွင်း ဒေသခံ ၂ ဦး သေဆုံး၊ ၇ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မှာ စစ်ကော်မရှင်တပ်နဲ့ KIA,KPDF တို့ရဲ့ နှစ်ဖက်ပစ်ခတ်တိုက်ပွဲအတွင်း ပြည်သူတွေ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဖားကန့်နယ်ခံတွေဆီက သိရပါတယ်။
Read More

လက်နက်ခဲယမ်းတွေနဲ့ ထွက်ပြေးလာတဲ့ စစ်သား ၂ ယောက်ကို ရေစကြို ပကဖ လိုက်လံရှာဖွေပြီး ဆုငွေချီးမြှင့်

မကွေးတိုင်း၊ ရေစကြိုမြို့ စုပေါင်းရုံးမှာရှိတဲ့ စစ်ကောင်စီအထိုင်စခန်းကနေ လက်နက်ခဲယမ်းတွေနဲ့ ထွက်ပြေးလာတဲ့ စစ်သား ၂ ယောက်ကို ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လိုက်လံရှာဖွေကာ ဆုငွေ ၁၅ သိန်းကျပ်စီ ချီးမြှင့်ခဲ့တယ်လို့ ရေစကြို ပကဖ ဆီက သိရပါတယ်။
Read More

နမခ မှာ စစ်မှုထမ်းနေသူ လူငယ် ၄ ဦး လက်နက်နှင့်တကွ အလင်းဝင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) မှာ စစ်မှုထမ်းဆောင်နေတဲ့ လူငယ်‌ ၄ယောက်ဟာ လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ Union Liberation Front - ULF V 02 က ထုတ်ပြန်လာပါတယ်။
Read More

ဘီးလင်းတွင် စစ်အုပ်စုက ရွာထဲ အင်အား ၁၀၀ ဝန်းကျင်ဖြင့် ဝင်ရောက်ပြီး ကြောက်လန့်ထွက်ပြေးသည့် လူငယ် ၁ ဦးကို လိုက်လံပစ်ခတ်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ထဲကို အကြမ်းဖက်စစ်တပ်က ထိတွေ့တိုက်ပွဲမရှိဘဲ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာပြီးနောက် ကြောက်လန့်တကြား ထွက်ပြေးတဲ့ လူငယ် ၁ ယောက်ကိုလည်း လိုက်လံပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဟားခါးနဲ့ ထန်တလန်ကြားက စစ်ကောင်စီတပ်စခန်းကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်

စစ်ရေးတွေ ပြင်းထန်နေတဲ့ ဟားခါးနဲ့ ထန်တလန်မြို့ကြားက စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်တဲ့ စီသရီးတောင်စခန်းကို ချင်းပြည်ကောင်စီပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းယူလိုက်ပြီလို့ ချင်းအခြေစိုက် စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

ကျောက်မဲနဲ့ ၆မိုင်သာ ဝေးတော့တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ရှမ်းမြောက်ထိုးစစ်…

“အခုက စခန်းသာကိုတော့ ရသွားပြီ၊ စခန်းသာက သူတို့ (စစ်တပ်) ရဲ့ ကြားရည်မှန်းချက်နေရာပေါ့နော်… အဲ့နေရာကနေ လက်နက်ကြီးတွေ ပစ်ကူပေးဖို့ အထိုင်ချမယ်လို့တော့ ထင်ပါတယ်” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းသတင်းဌာနကို ပြောပါတယ်။