ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် တောင်ခမ်းရွာအနီးရှိ ကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အမတ ၃၅၄ အမြောက်တပ်ရဲ့ လက်နက်ခဲယမ်းတိုက် ယနေ့ ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းက လက်နက်ကြီးကျည်ကျပြီး မီးလောင်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီအားပေးထောက်ခံတဲ့ Telgram Channel ကနေ တောင်ခမ်းဒေသကို စစ်တပ်က ပြန် လည်ထိန်းချုပ်ထားနိုင်ပြီလို့ ဝါဒဖြန့်ထားပြီး လက်ရှိတောင်ခမ်းမှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ် ပွားလျက်ရှိတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက်ကနေ ၁၇ ရက်အထိ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ အကြမ်းဖက်စစ်ကောင်စီနဲ့ TNLA တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ပြေလည်မှုမရှိဘဲ အဆုံးသတ်ခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

စစ်‌တောင်းမြစ်ဝှမ်းစစ်ဆင်ရေးအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၂ ယောက်ဖမ်းမိပြီး လက်နက်တွေ သိမ်းဆည်းရရှိခဲ့တဲ့ မှတ်တမ်းရုပ်သံ နွေဦးစစ်သည်‌တော်များစစ်‌ကြောင်းထုတ်ပြန်

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်အတွင်း စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေး ပြုလုပ်ခဲ့ရာ အကြမ်းဖက်စစ် ကောင်စီတပ်သား ၂၂ ယောက် ဖမ်းမိပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တဲ့ မှတ်တမ်း ရုပ်သံကို နွေဦးစစ်သည်‌တော်များစစ်‌ကြောင်း (Spring Warriors Column)မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

နမ့်ဆန်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦး သေဆုံး (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်းရှိ TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ်အတွင်း စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မတ္တရာမြို့နယ် စကျင်ရွာအတွင်း စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးပေါက်ကွဲပြီး ကလေးငယ် ၁ ယောက် အပါ ပြည်သူ ၃ ယောက် သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း မတ္တရာမြို့နယ် စကျင်ရွာအတွင်း ဒီဇင်ဘာ ၁၁ ရက် ညနေပိုင်းက တုန်ကုန်းရွာ အနောက်ဘက် ယမ်းကုန်းအုတ်စက်က အကြမ်းဖက်စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ကလေးငယ် ၁ ယောက်အပါအဝင် အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက် စုစုပေါင်း ၃ ယောက် သေဆုံးခဲ့ရတယ်လို့ Wetlet Informational Network ထံက သိရပါတယ်။
Read More

ပခုက္ကူခရိုင်အတွင်း ထိရောက်တဲ့ စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲနိုင်ဖို့ “ဧရာအနောက်မြို့တော်သို့” သိန်း ၁၅၀၀ ကမ်ပိန်းပြုလုပ် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်း အခြေစိုက်တဲ့ တပ်ဖွဲ့ ၅ ခုကို ထောက်ပံ့ပြီး ထိရောက်တဲ့ စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲနိုင်ဖို့ “ဧရာအနောက်မြို့တော်သို့” သိန်း ၁၅၀၀ ကမ်ပိန်းပြုလုပ်ထားတယ်လို့ သိရပါတယ်။
Read More

ငါန်းဇွန်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားကာ စစ်သားအများအပြားသေဆုံး၊ တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြှာကြီးရဲကင်းစခန်းကနေ ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီ တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်း  စစ်သားအများအပြားသေဆုံးကာ တော်လှန်ရေးရဲဘော် ၁ ယောက် ကျဆုံးခဲ့သလို ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မန္တလေးခရိုင် အမှတ် ၅ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

နတ်တလင်းမြို့နယ်အတွင်း ရဲစခန်း ၂ ခုကို ‌တော်လှန်ရေးတပ်များ တစ်ရက်တည်း ဝင်ရောက်ရှင်းလင်း (ရုပ်/သံ)

ပဲခူးတိုင်း နတ်တလင်းမြို့နယ်အတွင်းရှိ ဒမငယ်ရဲစခန်းနဲ့ တောင်ညိုကွက်သစ်ရဲစခန်းတို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။