မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ PDF တပ်ဖွဲ့ဝင်ရဲ့ မင်္ဂလာပွဲကျင်းပနေတဲ့ ဆုံကုန်းကျေးရွာဘုန်းကြီးကျောင်းအပါအဝင် ပတ်ဝန်းကျင်အနှံ့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ရာ လူအယောက်၂၀ ထက်မနည်းထိခိုက်​သေဆုံးခဲ့ကြောင်း မြိုင်ပကဖ သတင်းပြန်ကြားရေးတာဝန်ခံ ကိုသုတက မောင်းကို ပြောပါတယ်။

ဖေဖော်ဝါရီလ ၂၅ရက်၊ ဒီနေ့မနက်ပိုင်းမှာ မြိုင်နဲ့ပေါက်မြို့နယ်အစပ်၊ ရေနံမှော်ရှိရာ ဆုံကုန်းကျေးရွာ ဘုန်းကြီးကျောင်းနဲ့ နေရာတစ်ဝိုက်ကို စစ်ကောင်စီရဲ့ဂျက်ဖိုက်တာတွေက ပေါင် ၅၀၀ ဗုံးတွေ ကြဲချရင်း စက်လက်နဲ့ပါ ပစ်ခတ်သွားခဲ့တာလို့ သိရပါတယ်။

ရေနံမှော်အခြေအနေ သတင်းပေါက်ကြားမှုကြောင့် စစ်ကောင်စီက မိတ္ထီလာရှမ်းတဲလေဆိပ်တက် ဂျက်ဖိုက်တာတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းနဲ့ မင်္ဂလာပွဲကျင်းရာ ဘုန်းကြီးကျောင်း ထမင်းကျွေးရုံပေါ်တည့်တည့် ကျရောက်​ခဲ့တာကြောင့် အဆောင်ထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်သေဆုံးမှုတွေ များခဲ့တယ်လို့ ကိုသုတကပြောပါတယ်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်ပျက်စီးသွားသည့် ဆုံကုန်းရွာ ဘုန်းကြီးကျောင်း မြင်ကွင်း
စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်ပျက်စီးသွားသည့် ဆုံကုန်းရွာ ဘုန်းကြီးကျောင်း မြင်ကွင်း

“မနက် ၉နာရီ ၄၃မိနစ်လောက်မှာ မိတ္ထီလာတက် ဂျက်ဖိုက်တာနဲ့ လာကြဲသွားတာ။ အစကတည်းက သူတို့ ပစ်မှတ်ယူပြီးသား ဖြစ်မယ်။ အဲ့ဒါ ဘုန်းကြီးကျောင်း ထမင်းကျွေးရုံပေါ် တည့်တည့်ကို ၁လုံး ကျတယ်။ ဓမ္မာရုံပေါ် ၁လုံးကျတယ်။ ဓမ္မာရုံက သိပ်မထိပေမယ့် ထမင်းကျွေးရုံက လူစည်နေချိန်ဆိုတော့ ပိုထိကြတယ်ပေါ့။” လို့ မြိုင်ပကဖ သတင်းပြန်ကြားရေးတာဝန်ခံ ကိုသုတက မောင်းကိုပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအပြီး ထိခိုက်သေဆုံးသူတွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေ ကယ်ဆယ်ရေးလုပ်ဆောင်ပေးနေချိန်မှာလည်း စစ်ကောင်စီက ရေနံမှော်တကြောကို နောက်ထပ် ဂျက်ဖိုက်တာ၁စီးနဲ့ စက်လက်ပစ်ခတ်တာတွေ ထပ်မံလုပ်ဆောင်သွားကြောင်း၊ ဒီလို ထပ်မံတိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

“အခုချိန်အထိ အလောင်းတွေဖော်ပြီး ပြန်ကောက်နေရတော့ အတိအကျ မပြောနိုင်သေးဘူးပေါ့​နော်။ အခုထိလည်းလေကြောင်းအန္တရာယ်ရှိနေသေးလို့ မှော်ထဲက စီးပွားရေးလုပ်ငန်းရှင်တွေကို ခဏတဖြုတ် ပြန်လည်ရပ်ဆိုင်းထားဖို့အတွက်ထုတ်ပြန်ဖို့ရှိပါတယ်။” လို့ မြိုင်ပကဖ သတင်းပြန်ကြားရေးတာဝန်ခံ ကိုသုတက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေ အားကောင်းတဲ့ မြိုင်မြို့နယ်မှာ သတင်းပေါက်ကြားမှုကြောင့် ​လေကြောင်းတိုက်ခိုက်ခံရတဲ့ ဖြစ်စဥ်တွေရှိနေပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ရက်နေ့တုန်းကလည်း အောင်ဆန်းတက္ကသိုလ်ကို စစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့ပါသေးတယ်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်ပျက်စီးသွားသည့် ဆုံကုန်းရွာ ဘုန်းကြီးကျောင်း မြင်ကွင်း
စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်ပျက်စီးသွားသည့် ဆုံကုန်းရွာ ဘုန်းကြီးကျောင်း မြင်ကွင်း
0 Shares:
You May Also Like
Read More

စက်တင်ဘာ လဝက်အတွင်း KNU တပ်မဟာ (၅) နယ်မြေမှာ တိုက်ပွဲပေါင်း ၆၀ ကျော်ဖြစ်ပွါးပြီး စစ်ကောင်စီတပ်သား ၁၈ ယောက်သေ

KNU တပ်မဟာ (၅) ထိန်းချုပ်ရာ ဖာပွန်ခရိုင်မှာ စက်တင်ဘာလဝက်အတွင်း စစ်ကောင်စီနဲ့ တိုက်ပွဲပေါင်း ၆၃ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU က အသိပေး ထုတ်ပြန်ပါတယ်။
Read More

သန္ဓေတပ်သားက စစ်မှုထမ်းတပ်သားကို ကပ်ကြေးဖြင့် ထိုးသတ်

နေပြည်တော်က အမှတ် (၃) စစ်ကြောရေးနဲ့ တည်းခိုးရေးတပ်မှာ ပြည်သူ့စစ်မှုထမ်း တပ်သား ၁ယောက်ကို သန္ဓေစစ်သားက ကတ်ကြေးနဲ့ ထိုးသွင်းသတ်ဖြတ်မှု ဖြစ်ပွားခဲ့တယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

ရဲဘော် ရာဇာနှင့် ရဲဘော် သီဟလေး သင်သွားလိုရာကို လွတ်လပ်စွာ သွားနိုင်ပါပြီ

ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော် (SF/SAF) က ရဲဘော် ရာဇာနဲ့ ရဲဘော် သီဟလေးတို့ဟာ တော်လှန်ရေးတာဝန်တွေ ထမ်းဆောင်ရင်း ရှေ့ဆင့်နောက်ဆင့်ပဲ ရဲဝင့်စွာ အသက်ပေးလှူသွားခဲ့တယ်လို့ သိရပါတယ်။
Read More

ဆီမီးခုံဆေးရုံကို အကာအကွယ်ယူ တပ်စွဲထားသည့် စစ်ကောင်စီတပ် လက်ပစ်ဗုံးစာမိလို့ ၃ ဦး သေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ဆီမီးခုံမြို့ပေါ်က ဆေးရုံအတွင်းတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီးတဲ့နောက် လုံခြုံရေး အထူးတင်းကြပ်ထားကြောင်း Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။
Read More

တန့်ဆည်မြို့နယ်တွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်၊ ဗိုလ်အပါ ၈ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ ကင်းလှည့်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ဗိုလ်အပါအဝင် ၈ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ပူတာအိုကို ထိုးစစ်ဆင် တိုက်ခိုက်တော့မယ်လို့ KPF အသိပေး

ပူတာအိုဒေသမှာ မကြာခင် ရာနှုန်းပြည့် ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်သွားမှာဖြစ်လို့ ပြည်သူတွေအားလုံး အထူးသတိပြုပြီး ကြိုတင်ကာကွယ် ပြင်ဆင်ကြဖို့  ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ် (KPF) က ဇန်နဝါရီ ၁၆ ရက် ညပိုင်းမှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။