ကရင်နီပြည်နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ မိုးဗြဲအခြေစိုက် ခမရ(၄၂၂)တပ်မှာ တာဝန်ကျနေတဲ့ ခမရ(၅၁၈) တပ်ရင်းက စစ်မှုထမ်းဆင်း စစ်သား ၃ ယောက်ဟာ လက်နက်တွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁၀၀၆ တပ်ရင်း – ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် (PDF) က ထုတ်ပြန်ပါတယ်။

မနေ့က ဖေဖော်ဝါရီ ၂၄ ရက်မှာ ခမရ (၅၁၈) တပ်ရင်းက စစ်မှုထမ်းဆင်း စစ်သား ၃ ယောက်က ဖယ်ခုံ PDF (၁၀၀၆ တပ်ရင်း) ဆီ MA1 ၁ လက်၊ MA3 ၂ လက်နဲ့ ကျည်အတောင့် ၁၂၀ တို့နဲ့အတူ CDM ပြုလုပ်ကာ ပြည်သူ့ရင်ခွင်ဆီ ခိုလှုံခဲ့တယ်လို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ၃ ယောက်ဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအရ မတရားဖမ်းဆီး တာဝန်ပေးခံခဲ့ရပြီး စစ်တပ်က ပြည်သူလူထုအပေါ် နှိပ်စက်အကြမ်းဖက်မှုတွေကို လက်သင့်မခံနိုင်တာကြောင့် အရဲစွန့် ရုန်းထွက်လာရတာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ဖယ်ခုံ PDF က ဆိုပါတယ်။

ဖယ်ခုံ PDF အနေနဲ့ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ၃ ယောက်ကို နွေးထွေးစွာကြိုဆိုခဲ့ပြီး ဆုကြေးငွေတွေ ချီးမြှင့်ကာ ဘေးကင်း လုံခြုံစွာ ထားရှိထားတယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရကလည်း အဲဒီအလင်းဝင်လာတဲ့ စစ်သားတွေကို ထိုက်သင့်တဲ့ အထောက်အပံ့တွေ ပံ့ပိုးပေးနိုင်ဖို့အတွက်လည်း လုပ်ဆောင်ပေးနေသလို အရေးတော်ပုံအောင်နိုင်ရေးအတွက် ပြည်သူ့သားကောင်း ပီသစွာ ထပ်မံအလင်းဝင်ရောက်လိုသူတွေကိုလည်း အစဥ်အမြဲကြိုဆိုနေကြောင်း ဖယ်ခုံ PDF က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကုလဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက်အတည်ပြု

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ်  အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားပြု သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်အတည်ပြုခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ လေယာဉ်တွေကို ရပ်တန့်ဖို့ AirBus2AirStrikes Campaign မှာ ပူးပေါင်းပါဝင်ကြပါ

AirBus2AirStrikes Campaign မှာ ပြည်သူတွေ နိုင်တဲ့ဘက်က ပိုမိုအားဖြည့်ပြီး ပါဝင်ပေးမှသာ တော်လှန်ရေးခရီးအောင်မြင်မှာဖြစ်တယ်လို့ Blood Money Campaign က တိုက်တွန်းပြောကြားလိုက်ပါတယ်။ စစ်ကောင်စီကို ထောက်ပံ့နေတဲ့ တရုတ်လေကြောင်းကုမ္ပဏီကနေ ဥရောပရဲ့ အင်အားကြီး…
Read More

သုခမဆုတ်တမ်း ခံစစ်စခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာ ထိုင်းဘက်ထွက်ပြေး၊ စစ်ကောင်စီတပ် ၂၈ နှစ်ကြာ အထိုင်ချထားသည့်စခန်းအား တော်လှန်ရေးတပ်များ သိမ်းပိုက်

တနင်္သာရီတိုင်း၊ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ တပ်စခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်လိုက်တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူးဖြစ်သူက မောင်းကို ပြောပါတယ်။
Read More

လူငယ်များနှင့် မိသားစုများကို ခြိမ်းခြောက်အကြပ်ကိုင်ပြီး စစ်မှုထမ်းခိုင်းခြင်းသည် လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့် ရာဇဝတ်မှု မြောက်ကြောင်း NUG ပြော

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ စစ်မှုထမ်းဥပဒေကို အကြောင်းပြုပြီး လူငယ်တွေနဲ့ မိသားစုဝင်တွေကို ခြိမ်းခြောက် အကြပ်ကိုင် စစ်မှုထမ်းခိုင်းတာဟာ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ "အဓမ္မစစ်မှုထမ်းစေခြင်း - မြန်မာနိုင်ငံရှိ အတင်းအကျပ် စစ်မှုထမ်းစေခြင်း၏ လက်တွေ့အခြေအနေများ” အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Read More

ဝန်းသိုတွင် အလင်းဝင်လာသူ ၁ ဦးအပါအဝင် ခမရ ၁၂၀ က စစ်​ကော်မရှင်တပ်သား ၇ဦးအား ပကဖ ထိန်းသိမ်းထား

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်ထဲမှာ ၁၀ရက်အတွင်း စစ်ကော်မရှင်တပ် တပ်စိတ်မှူး အပါအဝင် ခမရ -၁၂၀ တပ်ရင်းက ထွက်ပြေးခိုလှုံလာတဲ့ စစ်ကော်မရှင်တပ်သား ၇ယောက်ကို ထိန်းသိမ်းထားတယ်လို့ ဝန်းသိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလ​ ၂၉ရက်နေ့ကစလို့ ၁၀ရက်အတွင်း ဝန်းသိုမြို့နယ် ​ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထိန်းသိမ်းထားတဲ့ စစ်ကော်မရှင်တပ်သား ၇ ယောက်ရှိပြီဖြစ်ပြီး လက်ရှိမှာ စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေတယ်လို့သိရပါတယ်။
Read More

ဖလမ်းမြို့သိမ်းတိုက်ပွဲကနေ စစ်ရှုံး ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၃ ယောက်နဲ့ စစ်မှုထမ်း တပ်သားသစ် ၁ ယောက်ကို ကလေး ပကဖ  အရှင်ဖမ်းဆီးရမိ

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲကနေ စစ်ရှုံးပြီး ထွက်ပြေးလာတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ယောက်နဲ့ စစ်မှုထမ်း တပ်သားသစ် ၁ ယောက်ကို အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့က ထုတ်ပြန်ထားပါတယ်။