မန္တလေးတိုင်း၊ တောင်သာမြို့ အနောက်ဘက်၊ အကြမ်းဖက်စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းဆီက သိရပါတယ်။

ဖေဖော်ဝါရီလ ၁၁ ရက် မနက်ပိုင်းက တောင်သာမြို့ အနောက်ဘက်မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းက ရဲဘော်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၅ ယောက် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိသလို စစ်ကောင်စီတပ်ရဲ့ ဘန်ကာ ၂ လုံး၊ ၆၀ မမ ဗုံးသီးတွေနဲ့ လက်နက်ငယ်တချို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းက လုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မုံရွာမြို့နယ် သာစည်ရွာ ရဲစခန်းကို တော်လှန်ရေးတပ်များ အနီးကပ် သွားရောက်ပစ်ခတ်၊ ထိခိုက်သေဆုံးမှုများ ရှိနိုင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သာစည်ရဲစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အောင်ပန်း-မန္တလေး လမ်းမပေါ် ရေပြာအိုင်အနီး ဓနုဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် လမ်းပိုင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ အောင်ပန်း - မန္တလေး လမ်းမပေါ်မှာ လမ်းပိုင်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဓနုဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် - ၁၀၀၃ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဗမာ့တပ်တော်က စစ်မြေပြင် အ‌ခြေခံ ကိုယ်စီကျွမ်းကျင်မှုသင်ခန်းစာတွေ လက်‌တွေ့လေ့ကျင့်သင်ကြားနေ (ဓာတ်ပုံသတင်း)

ဗမာ့တပ်တော်၊ အမှတ်(၁) စစ်ဦးစီးကွပ်ကဲရေးဒေသမှာ စစ်မြေပြင် အ‌ခြေခံကိုယ်စီကျွမ်းကျင်မှုသင်ခန်းစာတွေ လက်‌တွေ့လေ့ကျင့်သင်ကြားနေတဲ့ မှတ်တမ်းပုံရိပ်တွေကို ဗမာ့တပ်တော်က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ကန့်ဘလူ၊ ကာဘိုးရွာက စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရပြီး ၃ ယောက်ထက်မနည်း သေ

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ကာဘိုးကျေးရွာမှာအင်အား၅၀နီးပါးနဲ့တပ်စွဲထားတဲ့စစ်ကောင်စီတပ်စခန်းကိုတော်လှန်ရေးရဲဘော်တွေကပြီးခဲ့တဲ့ရက်ပိုင်းမှာဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
Read More

ရွာငံမှာ စစ်တပ်လက်ပါးစေ အုပ်ချုပ်ရေးမှူးနဲ့ ဒလန်တွေ ပစ်ခတ်ရှင်းလင်းခံရ​.. အထိနာထားတဲ့ စစ်အုပ်စုက ရွာ၃ရွာကို ပိတ်ဆို့ပြီး အရပ်သားတွေကို ဖမ်းဆီးစစ်ဆေးနေ..

ရှမ်းတောင်၊ ဓနုဒေသ၊ ရွာငံမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ သတင်းပေးတွေ ဆက်တိုက်ပစ်ခတ်ရှင်းလင်းခံခဲ့ရသလို စစ်ကောင်စီက ကျေးရွာ ၃ရွာကို ဝင်ရောက်စီးနင်းပြီး အရပ်သားတွေကို ရိုက်နှက် ဖမ်းဆီးတာတွေ လုပ်ဆောင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်က မောင်းကိုပြောပါတယ်။
Read More

ရန်ကုန်က ရေကျော်ပွဲစျေး ပေါက်ကွဲမှုဖြစ်ခဲ့ရင် တော်လှန်ရေးအင်အားစုတွေနဲ့မဆိုင်ဘူးလို့ မြောက်ဥက္ကလာပ ပကဖ ကြိုတင်အသိပေး…

ရန်ကုန်မြို့က လူသိများထင်ရှားတဲ့ ရေကျော်ပွဲစျေး ပေါက်ကွဲမှုဖြစ်ခဲ့ရင် အကြမ်းဖက်စစ်ကောင်စီ လက်ချက်သာဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေနဲ့ မသက်ဆိုင်ဘူးလို့ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့မနက် ထုတ်ပြန်ထားပါတယ်။