အာဏာသိမ်းစစ်တပ်ရဲ့ ကျေးရွာတွေအတွင်း စစ်‌ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုတွေကြောင့် ပျက်စီးဆုံးရှုံးရမှုတွေထဲမှာ စစ်ကိုင်းတိုင်းက နေအိမ်ပေါင်း ၇ သောင်းကျော်အထိ ဖျက်ဆီးခံခဲ့ရပြီး နိုင်ငံတစ်ဝန်း အများဆုံးဖြစ်ခဲ့တယ်လို့ Data For Myanmar က အသိပေးထုတ်ပြန်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်း နေအိမ်တစ်သိန်းကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ရာ စစ်ကိုင်းတိုင်းမှာ နေအိမ်ပေါင်း ၇၄၄၁၉ လုံးမီးရှို့ဖျက်ဆီးခံခဲ့ရပြီး ရာခိုင်နှုန်းအားဖြင့် တစ်နိုင်ငံလုံးရဲ့ ၆၉ ရာခိုင်နှုန်းအထိရှိခဲ့တာ ဖြစ်ပါတယ်။

ဒီစာရင်းတွေဟာ Data For Myanmar က ၂၀၂၁ မေလကနေ ၂၀၂၄ အောက်တိုဘာလအထိ ပြုစုထားတဲ့ စာရင်းတွေဖြစ်ပြီး ၂၀၂၄ နိုဝင်ဘာကနေ ၂၀၂၅ ဖေဖော်ဝါရီလ လက်ရှိအချိန်အထိ မီးရှို့ဖျက်ဆီးခံထားရတဲ့ စာရင်းတွေ မပါဝင်သေးပါဘူး။

Data for Myanmar ၏ အစီရင်ခံစာမှ (၂၀၂၁ ခုနှစ် မေလမှ ၂၀၂၄ ခုနှစ် နိုဝင်ဘာလထိ)

စစ်ကိုင်းတိုင်းထဲမှာ အိမ်ခြေအများဆုံးမီးရှို့ခံရမှုအဖြစ် လူသိများတဲ့ ဘုတလင်မြို့နယ်ထဲက စီပါကျေးရွာ ပါဝင်ခဲ့ပြီး နေအိမ်ပေါင်း ၃၀၀ ကျော်ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်တုန်းက စီပါကျေးရွာမှာ စစ်ကောင်စီတပ်သားတွေက ရွာသားတွေရဲ့ ခန္ဓာကိုယ်တွေကို လှီးဖြတ်သတ်ဖြတ်ကာ နာမည်ကျော် စစ်ရာဇဝတ်မှုကို ကျူးလွန်ခဲ့တာလည်း ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် မေလ ၁ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့အထိ စစ်ကောင်စီအာဏာသိမ်းထားတဲ့ ၃ နှစ်ကျော်ကာလအတွင်း မီးရှို့ဖျက်ဆီးမှုတွေကြောင့် အရပ်သားနေအိမ်ပေါင်း ၁၀၆၉၅၀ လုံး ပျက်စီးခဲ့တယ်လို့ Data For Myanmar က ထုတ်ပြန်ပါတယ်။

၂၀၂၄ ခုနှစ် အောက်တိုဘာလမှာတင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ပဲခူးတိုင်းအနောက်ခြမ်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်က အရပ်သားနေအိမ်ပေါင်း ၅၄၁ လုံးအထိ မီးရှို့ဖျက်ဆီးခံထားရကြောင်း ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မွန်ပြည်တော်လှန်ရေးတပ်၏ နိုင်ငံရေးသင်တန်း

မွန်ပြည်တော်လှန်ရေးတပ်ရဲ့ နိုင်ငံရေးသင်တန်း အမှတ်စဥ် (၁/၂၀၂၅) ကို အောင်မြင်စွာ ပို့ချပြီးစီးခဲ့ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) က ထုတ်ပြန်ပါတယ်။
Read More

လက်ပံတန်းတွင် စစ်တပ် ပျက်ကျသည့် တိုက်ခိုက်ရေးဒရုန်းကို တော်လှန်ရေးတပ် သိမ်းဆည်းရရှိ

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ သရက်ချောင်းကျေးရွာတိုက်ပွဲအတွင်း ပျက်ကျလာတဲ့ စစ်တပ်ရဲ့ တိုက်ခိုက်ရေးဒရုန်း ၁ စီးကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့ ဖြစ်တဲ့ သာယာဝတီဂဠန်တပ်ဖွဲ့ကနေ သိမ်းဆည်းရှိထားတယ်လို့ သိရပါတယ်။
Read More

ဆိုးလ်မြို့ လွှတ်တော်ဝင်းအတွင်း မြန်မာပြည်အ‌ရေး တရုတ်နိုင်ငံ ဝင်ရောက်စွက်ဖက်နေမှုနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲ ပြုလုပ်…

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ လွှတ်တော်ဝင်းအတွင်း မြန်မာပြည်အ‌ရေး တရုတ်နိုင်ငံ ဝင်ရောက်စွက်ဖက်နေမှုနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတစ်ခုကို နိုဝင်ဘာ ၂၅ ရက် ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဂန့်ဂေါ-ကလေး လမ်းပိုင်းမှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု သတိပြု

ဂန့်ဂေါ - ကလေး လမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို အထူးသတိရှိဖို့ ဂန့်ဂေါမြို့နယ် ပကဖ က ထုတ်ပြန်အသိပေးလိုက်ပါတယ်။
Read More

ချောက်မြို့နယ်၊ ကုန်းကြီးကျေးရွာမှ ပျူစောထီးတစ်ဦး လက်နက်နှင့်အတူ အလင်းဝင်ရောက်လာ…

မကွေးတိုင်း၊ ချောက်မြို့နယ်၊ ကုန်းကြီးကျေးရွာက အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ပျူစောထီးတစ်ယောက် လက်နက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ Chauk Revolution Army တပ်ဖွဲ့ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

တောင်သာ ရုံးစည်ကြီးစခန်းကို PDF ဝင်ရောက်တိုက်ခိုက်မှု စစ်အုပ်စု ၆ ဦး သေ၊ ၄ ဦး ဒဏ်ရာပြင်းထန်ခဲ့၊ ခဲယမ်းကျည် မလုံလောက်မှုကြောင့် စခန်းကို အပြီးသတ်မရရှိခဲ့

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်က စစ်အုပ်စုအထိုင်ချရာ ရုံးစည်ကြီးရွာ တိုက်နယ်စခန်းကို တော်လှန်ရေးတွေ ဝင်ရောက်သိမ်းပိုက်မှုမှာ စစ်အုပ်စုဘက်က ၆ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်သူတွေလည်းရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။