ဆိပ်ကမ်းနဲ့ ရေနံချက်စက်ရုံ တည်ဆောက်ခြင်းအပါအဝင် ထားဝယ် အထူးစီးပွားရေးဇုန် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး စာချွန်လွှာကို စစ်ကောင်စီနဲ့ ရုရှားတို့ လက်မှတ်ရေးထိုးခဲ့ကြောင်း ရုရှားစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂၃ ရက်မှာ ပြောပါတယ်။

မြန်မာနိုင်ငံကို ရုရှားကိုယ်စားလှယ်အဖွဲ့ လာရောက်လည်ပတ်စဉ် ရုရှားနိုင်ငံခြားရေးဌာန အကြီးအကဲ Maxim Reshetnikov နဲ့ စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်ဆံရေး ဝန်ကြီး ကံဇော်တို့ လက်မှတ်ရေးထိုးခဲ့တာပါ။

“မြန်မာနိုင်ငံက ရုရှားကုမ္ပဏီတွေနဲ့ ပူးပေါင်းအကောင်အထည်ဖော်နေတဲ့ အခြေခံအဆောက်အဦးကြီးတွေနဲ့ စွမ်းအင်စီမံကိန်းတွေရဲ့ အခြေခံစည်းမျဉ်းတွေ နားလည်မှုစာချွန်လွှာထဲမှာ ပါ၀င်တယ်” လို့ Reshetnikov ကို ကိုးကားပြီး ရုရှားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီနဲ့ ရုရှားတွေ့ဆုံမှုအတွင်း ဆိပ်ကမ်းတစ်ခု၊ ကျောက်မီးသွေးလောင်စာ အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတစ်ခုနဲ့ ရေနံချက်စက်ရုံတစ်ခု တည်ဆောက်ဖို့ စီမံကိန်းတွေအကြောင်း ဆွေးနွေးခဲ့တာဖြစ်ပြီး ရေနံသန့်စင်စက်ရုံတည်ဆောက်ရေးအတွက်တော့ ဆုံးဖြတ်ချက် ချထားခြင်းမရှိသေးဘူးလို့ သိရပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ရုရှား စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး Maxim Reshetnikov တို့ ဖေဖော်ဝါရီ ၂၂ရက်က နေပြည်တော်မှာ တွေ့ဆုံစဉ်

“ရေနံသန့်စင်တဲ့ စက်ရုံနဲ့ ပတ်သက်ပြီး မြန်မာဘက်က ရေနံသန့်စင်တဲ့ စက်ရုံတစ်ရုံ ထားလိုတဲ့ ဆန္ဒရှိပါတယ်။ ကျနော်တို့ ကုမ္ပဏီတွေက ဒီလို ပရောဂျက်ရဲ့ စီးပွားရေးကို လေ့လာနေဆဲပါပဲ၊ စီးပွားရေး ဖြစ်နိုင်ခြေ ရှုထောင့်ကနေကြည့်ရင် အလွန်ရှုပ်ထွေးပါတယ်” လို့ Reshetnikov ကို ကိုးကားပြီး Interfax သတင်းဌာနက ဖော်ပြပါတယ်။

ရုရှားဝန်ကြီးဌာနရဲ့ အဆိုအရ ထားဝယ်အထူးစီးပွားရေးဇုန်ဟာ ကပ္ပလီပင်လယ်ပြင်မှာရှိတဲ့ ၁၉၆ စတုရန်းကီလိုမီတာ ကျယ်ဝန်းတဲ့ စီမံကိန်းဖြစ်ပြီး နည်းပညာမြင့်စက်မှုဇုန်တွေနဲ့ သယ်ယူပို့ဆောင်ရေး အချက်အချာနေရာတွေ၊ သတင်းအချက်အလက် နည်းပညာဇုန်တွေနဲ့ ပို့ကုန်လုပ်ငန်းတွေ ဆောင်ရွက်တဲ့ ဇုန်တွေကို ထားရှိဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

ရန်ကုန်မြို့မှာ ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်မှုစီမံကိန်းအတွင်း ရုရှားအနေနဲ့ ပါဝင်ဖို့အပါအဝင် စစ်ကောင်စီနဲ့ မော်စကိုတို့အကြား ပိုမိုနက်ရှိုင်းတဲ့ စွမ်းအင်ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေ ဆွေးနွေးခဲ့ကြတာပါ။ ဒါ့အပြင် ရုရှားအနေနဲ့ စစ်ကောင်စီနဲ့ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ နျူကလီးယား သုတေသန ဓာတ်ပေါင်းဖိုတစ်ခုပြုလုပ်မယ့် အစီအစဉ်လည်း ရှိပါတယ်။

မူရင်းသတင်း – Russia signs memorandum to build port, oil refinery in Myanmar

0 Shares:
You May Also Like
Read More

ရုရှားနှင့် လုပ်ဆောင်မည့် ထားဝယ်အထူးစီးပွါးရေးဇုန်ကို အရပ်ဘက်အဖွဲ့များနှင့် တော်လှန်ရေးအင်အားစုများ ကန့်ကွက်

မြန်မာနိုင်ငံမှာ ရုရှားက ဝင်ရောက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်မယ့် ထားဝယ်အထူးစီးပွားရေးဇုန်ကို အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ကန့်ကွက်ကြောင်း မတ်လ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မုတ္တမပင်လယ်ကွေ့မှာ ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ရေး အကြမ်းဖက်စစ်ကောင်စီနဲ့ ထိုင်းကုမ္ပဏီတို့ ထုတ်လုပ်မှုခွဲဝေရေးစာချုပ် ချုပ်ဆို

အကြမ်းဖက်စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် မြန်မာ့ရေနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နဲ့ မြန်မာအခြေစိုက် ထိုင်းနိုင်ငံသားပိုင်ကုမ္ပဏီ Gulf Petroleum Myanmar ကုမ္ပဏီ(GPM) တို့ဟာ မုတ္တမပင်လယ်ကွေ့မှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ရေးအတွက် မေလ ၂၉ ရက်က ထုတ်လုပ်မှုခွဲဝေရေးစာချုပ် (PSC) ကို လက်မှတ်ထိုးခဲ့ကြပါတယ်။
Read More

နိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွါးရေး ဖွံ့ဖြိုးတော့မည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင်ပြော၊ ငွေကြေးဖောင်းပွမှု ဖြေရှင်းဖို့ MMQR စနစ်ကို စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ် စတင်မိတ်ဆက်

(MMQR) ဒစ်ဂျစ်တယ်ငွေပေးချေမှု ချိတ်ဆက်စနစ် က နိုင်ငံရဲ့ ဒစ်ဂျစ်တယ် စီးပွါးရေးအဆောက်အအုံဖွံ့ဖြိုးလာဖို့ လမ်းစဖြစ်တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

ဗဟိုဘဏ်က အပ်ငွေနဲ့ ချေးငွေ အတိုးနှုန်းတွေကမြှင့်တင်လိုက်ခြင်းက နိုင်ငံရဲ့ စီးပွားရေးကို အထိနာနိုင်ဟုဆို

ဗဟိုဘဏ်က အပ်ငွေနဲ့ ချေးငွေ အတိုးနှုန်းများကို မြှင့်တင်လိုက်ခြင်းက နိုင်ငံရဲ့ စီးပွားရေးအခြေအနေကို ပိုမိုဆိုးရွားစွာ ဦးတည်စေတယ်လို့ လုပ်ငန်းရှင်တွေကဆိုပါတယ်။
Read More

စစ်ကောင်စီရဲ့ MOGE အပေါ် ဒဏ်ခတ်ပိတ်ဆို့ဖို့ ဆွစ်ဇာလန်နိုင်ငံကို Justice For Myanmar တောင်းဆို

စစ်ကောင်စီအတွက် ဝင်ငွေတွေ ရရှိနေတဲ့ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) အပေါ် ဥရောပသမဂ္ဂ (အီးယူ) က ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ပြီးနောက် သုံးနှစ်ကျော် ကြာမြင့်လာတဲ့ အချိန်အထိ ဆွစ်ဇာလန်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့ဖို့ ပျက်ကွက်နေတယ်လို့  Justice For Myanmar က ထုတ်ပြန်လိုက်ပါတယ်။
Read More

မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်မှာ စက်သုံးဆီ ဆိုးရွားစွာ ပြတ်လပ်လာနေပြီး ကျောင်းကားတွေ မထွက်နိုင်တော့လို့ ပုဂ္ဂလိကကျောင်းတချို့ ယာယီပိတ်ထားရ…

မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်မြို့မှာ စက်သုံးဆီ ဆိုးရွားစွာ ပြတ်လပ်လာနေပြီး စျေးနှုန်းမြင့်တက်လာသလို ဝယ်ယူရတာပါ ခက်ခဲလာတာကြောင့် ရန်ကုန်မြို့က ပုဂ္ဂလိကကျောင်းတချို့ ယာယီပိတ်ထားရတယ်လို့ ကျောင်းသားမိဘတွေနဲ့ ပုဂ္ဂလိကကျောင်းတွေဆီက သိရပါတယ်။