စစ်ကိုင်းတိုင်း မုံရွာမြို့နယ်မှာ စစ်ကောင်စီတပ်တွေရှိရာ စွမ်းရည်ထက်အထိုင်စခန်း၊ မအူအထိုင်စခန်းနဲ့ သာစည်ထောင်စခန်းတွေကို ဖေဖော်ဝါရီ ၂၁ ရက် ညပိုင်းမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Golden Eagle Force-Monywa ထံက သိရပါတယ်။

မအူအကြမ်းဖက်စစ်တပ်အထိုင်စခန်းမှာ စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုရှိခဲ့ပြီး မုံရွာမြို့ကနေ အိမ်စီးကား ၃ စီးနဲ့ ထိခိုက်ဒဏ်ရာရ တပ်သားတွေကို လာရောက်ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Golden Eagle Force-Monywa၊ Sun King Envoy(Monywa)LPDF၊ မုံရွာခရိုင် တပ်ရင်း(၂၇)၊ Black Flacon၊ Brother Revolution Force-Monywa၊ နယ်စီးမခြား လက်နက်ကြီးတပ်ဖွဲ့၊ မုံရွာခရိုင် တပ်ရင်း(၂၃)၊ တပ်ခွဲ (၃) ၊ ခွေးသ+တ်မုဆိုး၊ မုံရွာခရိုင် တပ်ရင်း(၁) တပ်ခွဲ(၂) ဝရဇိန်တပ်ခွဲ၊ ဇာမဏီအဖွဲ့၊ Hero Brother Monywa၊ ယင်းမာပင်ခရိုင် တပ်ရင်း(၃၀) တပ်ခွဲ ၂ နဲ့ Fire Dragon အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

“အဖိုးကြိုက်တဲ့ ပဲပြုတ်နဲ့ နံပြားကို ကျွန်တော်လည်း ကြိုက်တယ်” ဆိုတဲ့ ကိုထိန်လင်း (ရုပ်/သံ)

ဒီနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ် (၁၁၀) ပြည့်မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် မြေးဖြစ်သူ ကိုထိန်လင်းက ပဲပြုတ်ကို ပြင်ဆင်ချက်ပြုတ်ပြခဲ့ပါတယ်။
Read More

သရက်ချောင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကြောင်းက နေအိမ် ၅၁ လုံး မီးရှို့ဖျက်ဆီးပြီး အသက် (၇၀) အရွယ် အမျိုးသား ၂ ဦးကို သတ်ဖြတ် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်က နေအိမ် ၅၁ လုံးကို မီးရှို့ဖျက်ဆီးပြီး အသက် (၇၀) အရွယ် အမျိုးသား ၂ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားတဲ့ မယ်နုအုတ်ကျောင်းကို မြင်ကွင်းရုပ်သံ

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်ကြောင့် မန္တလေးမြို့ရဲ့ ရှေးဟောင်းသမိုင်းဝင် နန်းမတော်မယ်နုအုတ်ကျောင်းရဲ့ အစိတ်အပိုင်းအများအပြား ပြိုကျပျက်စီးသွားတာကို ယခုလိုပဲ မြင်တွေ့ရပါတယ်။
Read More

မူဆယ်မြို့အထွက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်တွေ တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့အထွက်မှာ အောက်တိုဘာ ၁၅ ရက် ညနေပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်တွေကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

နတ်မောက်-ပျော်ဘွယ်လမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်ယာဉ် ၁ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ရွာတော်ကျေးရွာကနေ ပြန်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ် ၁ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ နတ်မောက် ပကဖ ထံက သိရပါတယ်။
Read More

Sky Villa ကွန်ဒိုအောက်တွင် ပိတ်မိနေသည့် သမီးကို မိဘများ အော်ဟစ်အားပေးစကားပြော (ရုပ်/သံ)

မန္တလေးမြို့ Sky Villa ကွန်ဒို အဆောက်အအုံအောက်မှာ ပိတ်မိနေတဲ့ သမီးကို မိဘတွေက အော် ဟစ်အားပေးစကား‌ပြောနေတဲ့ ရုပ်သံဖိုင်ကို လူမှုကွန်ရက်အသုံးပြုသူတွေက မျှဝေလျက်ရှိပါတယ်။