နွေဦးတော်လှန်ရေးရဲ့ အစောပိုင်းကာလက တိုက်ပွဲဖြစ်ပွားခြင်း လုံး၀မရှိခဲ့တဲ့ ဧရာ၀တီတိုင်းထဲမှာ ၂၀၂၅ ခုနှစ်အတွင်း တိုက်ပွဲ ၆ကြိမ်အထိ ဖြစ်ပွားခဲ့တယ်လို့ BNI-Myanmar Peace Monitor ရဲ့ အစီရင်ခံစာမှာ ဖော်ပြလာပါတယ်။

အထူးသဖြင့် အာရက္ခတပ်တော် AA ဟာ ဂွမြို့သိမ်းတိုက်ပွဲအပြီး ဧရာ၀တီတိုင်းနယ်စပ်အထိ ရောက်ရှိလာကာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။

နွေဦးတော်လှန်ရေးကာလတွေမှာ နိုင်ငံတစ်ဝန်း အငြိမ်သက်ဆုံးဖြစ်ခဲ့တဲ့ ဧရာ၀တီတိုင်းထဲမှာ  ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ထိတွေ့တိုက်ပွဲ ၆ကြိမ်အထိ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဧရာဝတီတိုင်းအတွင်း တိုက်ပွဲတွေဟာ သာပေါင်းမြို့နယ်၊ ရခိုင်ရိုးမအစပ်က ငါးသိုင်းချောင်းအနီးနဲ့ ကမ်းရိုးတမ်းဒေသ ငွေသောင်ယံနဲ့ အနည်းငယ်သာကွာဝေးတော့ မကျီးဇင်-ဘောမိဒေသတွေမှာ ဖြစ်ပွားခဲ့တာပါ။

လက်ရှိအချိန်အထိလည်း သာပေါင်းဒေသနဲ့ မကျီးဇင်နားမှာ စစ်ရေးတင်းမာမှုတွေရှိနေပြီး စစ်ကောင်စီဘက်ကတော့ ပုသိမ်အနီးအထိပါ ခံစစ်အနေအထားနဲ့ ပြင်ဆင်လျက်ရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။

ဇန်နဝါရီလ နှစ်ပတ်တာအတွင်းမှာ တိုက်ပွဲ ၉ ခုထိ အများဆုံးဖြစ်ပွားခဲ့တာကတော့ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ် ထိစပ်ရာနေရာမှာ ဖြစ်ပွားခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တဲ အဓိကတပ်ဖွဲ့ဝင်တွေထဲမှာ အာရက္ခတပ်တော် AA နဲ့ ဒေသခံ တပ်ပေါင်းစုတွေ ပါဝင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ရခိုင်နှင့် ဧရာဝတီတိုင်းအစပ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေထဲမှာ စစ်ကောင်စီတပ်လေ့ကျင့်ရေး တပ်သားတွေနဲ့  ထုတ်နုတ်အင်အားတွေကို ပို့ဆောင်နေပေမယ့် ထွက်ပြေးသူများပြားကာ သေဆုံးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ များပြားနေတယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

KIA ထိန်းချုပ်နယ်မြေများတွင် စစ်တပ်လေကြောင်း တိုက်ခိုက်မှုကြောင့် တစ်ပတ်အတွင်း အရပ်သား ၁၄ ဦးသေဆုံး၊ ၂၁ ဦး ဒဏ်ရာရ

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်နယ်မြေတွေက အရပ်သားတွေနေထိုင်ရာ ကျေးရွာတွေကို တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေရာ တစ်ပတ်အတွင်း အရပ်သား ပြည်သူ ၁၄ ယောက် သေဆုံးပြီး ၂၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ KIA သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ ထုတ်ပြန်သည့် နဂါးနန်းတော် ရွှေဆိုင်ဓားပြမှု တရားခံ ၂ ယောက်သည် ကျေးရွာ PDF တပ်ဖွဲ့ဝင်များနှင့် မသက်ဆိုင် ဟု သိရ

မန္တလေးမြို့က နဂါးနန်းတော် စိန်ရွှေရတနာဆိုင် ဓားပြတိုက်မှုအတွက် ဖမ်းဆီးရမိခဲ့တဲ့ ကျူးလွန်သူတွေထဲက ၂ယောက်ဟာ ဆပ်ပြာကျင်းရွာ PDF အဖွဲ့က ဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားတာနဲ့ပတ်သက်ပြီး အဲဒီ ၂ယောက်ဟာ ကျေးရွာနဲ့ရော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ပါ မသက်ဆိုင်ကြောင်း Kaung Kin PDF တပ်ဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကျုံပျော်မှာ အရပ်သား မော်တော်ယာဉ်တွေကို စစ်တပ်အသုံးပြုဖို့ အဆင်သင့်ပြင်ခိုင်းထား

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့မှာ အကြမ်းဖက်စစ်ကောင်စီက မော်တော်ကား ပိုင်ဆိုင်သူတချို့ကို ခေါ်ယူ အစည်းအဝေးပြုလုပ်ခဲ့ပြီး စစ်တပ်အသုံးပြုဖို့အတွက် မော်တော်ကားတွေကို အဆင်သင့်ပြုလုပ်ထားဖို့ မှာကြားခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

သီတင်းကျွတ်လပြည့်ည ယင်းမာပင်ခရိုင် ပကဖ ဆီးမီးထွန်းပူဇော် (ဓာတ်ပုံသတင်း)

အောက်တိုဘာ ၆ ရက် မနေ့က ကျရောက်တဲ့ သီတင်းကျွတ်လပြည့်ညမှာ ယင်းမာပင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ဆီးမီးထွန်း ပူဇော်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ဖယ်ခုံမြို့နယ်၊ လအိကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီတပ် အသေခံဒရုန်းများဖြင့် အကြောင်းမဲ့ တိုက်ခိုက်၊ ကလေးငယ် ၂ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ကျေးရွာစာသင်ကျောင်းကို အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ရာ ကလေးငယ် ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖယ်ခုံမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

PDF တွေကို ​ကြိမ်းဝါးဆဲဆိုခဲ့တဲ့ မြွေဟောက် ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ PDF တပ်ဖွဲ့ဝင်တွေကို စိန်ခေါ်ဆဲဆို​နေတဲ့ စစ်တပ်လော်ဘီ ဇော်ဝင်း (ခ) မြွေဟောက်ဆိုသူ ​မြို့နယ်လျှပ်စစ်ရုံးရှေ့မှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရပါတယ်။