ရန်ကုန် နဲ့ပဲခူးရဲ့ နယ်မြေအတွင်းပိုင်းကို စိုးမိုးထိန်းချုပ်နိုင်ဖို့ တောင်ပိုင်းစစ်ဒေသကတပ်ဖွဲ့ဝင်တွေကို စတင်ရွှေ့ပြောင်းနေပြီဖြစ်တယ်လို့ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ ရုပ်သံနဲ့တကွ အသိပေးထုတ်ပြန်လိုက်ပါတယ်။

တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်လာတဲ့ ရုပ်သံအတွင်း ရွှေ့ပြောင်းတော့မယ့် PDF တပ်ဖွဲ့ဝင်တွေကို NUG ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ်က တွေ့ဆုံအားပေးစကား ပြောကြားမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။

ဝန်ကြီးချုပ် သွားရောက်တွေ့ဆုံခဲ့တဲ့ တပ်ဖွဲ့တွေထဲမှာ  ပကဖတိုက်ခိုက်ရေးတပ်ဖွဲ့ (၄)၊ လက်ရုံးအထူး စစ်ဆင်‌ရေးတပ်ဖွဲ့ (SOF)၊PDF တပ်ရင်း(၅၁၀၁)၊ တပ်ရင်း(၅၁၀၂)တို့ ပါဝင်တယ်လို့သိရပါတယ်။

“ငါတို့အစိုးရရဲ့ရည်ရွယ်ချက်ကတော့ အတွင်းထဲဝင်ပြီးတော့ရန်ကုန်၊ ပဲခူးဒီဒေသတွေပြန်လည် စိုးမိုးဖို့။ ဒါရည်ရွယ်ချက် ရှိတယ်။ဒီအတွက်လည်း ရွှေ့တာ။ဒီနေ့ရွေ့တာဟာ တပ်ထွက်တာပဲ။ တိုက်ပွဲတွေစတော့မှာပေါ့ဟုတ်လား။မင်းတို့လည်းသင်တန်းတွေလည်းပြည့်စုံကြပြီ။အတွေ့အကြုံတွေလည်းအများကြီးရှိသွားပြီ “လို့ ပြည်ထောင်စုဝန်ကြီးချုပ်က PDF တပ်ဖွဲ့ဝင်တွေကို မှာကြားခဲ့ပါတယ်။

စစ်အာဏာရှင် တိုက်ဖျက်ရေးအတွက်သာ အာရုံထားရန်လိုပြီး ကြားကသွေးခွဲစကားပြောမှုတွေ ညီညွတ်မှုပျက်ပြားစေမယ့်ကိစ္စရပ်တွေကို အထူးသတိထားဖို့လိုပြီး တပ်ဖွဲ့ဝင်တွေကိုလည်း ဂုဏ်ယူတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ကဆိုပါတယ်။

တပ်ပြောင်းရွှေ့မယ့် PDF တပ်ဖွဲ့ဝင်တွေဟာ ပဲခူးနဲ့ ရန်ကုန်အနီးက စစ်မျက်နှာပြင်တွေမှာ အဓိက စစ်ဆင်ရေးတွေ ဖော်ဆောင်သွားမယ်လို့သိရပါတယ်။

0 Shares:
You May Also Like
Read More

နမ့်ပေါင်ရွာကို စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်

လားရှိုးမြို့နယ်၊ နမ့်ပေါင်ရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်လို့ အရပ်သားတစ်ယောက် ဒဏ်ရာရပြီး စာသင်ကျောင်း ပျက်စီးခဲ့တယ်လို့ MNDAA က အသိပေးထုတ်ပြန်ပါတယ်။
Read More

သထုံထောင်မှ အချုပ်သားအချို့ ထွက်ပြေးရာ ၃ ဦး ပြန်အဖမ်းခံရ

မွန်ပြည်နယ်၊ သထုံအကျဉ်းထောင်မှာ အချုပ်သားတချို့ ထွက်ပြေးရော ၃ ယောက်ကို ချက်ချင်း ပြန်လည် ဖမ်းမိခဲ့တယ်လို့ သထုံအကျဉ်းထောင်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။ 
Read More

၀က်လက်မြို့နယ်၊ ကျောက်ကုန်းကျေးရွာကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးမီးရှို့မှုကြောင့် လူနေအိမ် ၄၀ ကျော် မီးလောင်ပျက်စီး

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ကျောက်ကုန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ် စစ်ကြောင်းထိုး မီးရှို့ခဲ့ရာ လူနေအိမ် ၄၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြင်းခြံတွင် မဲရုံစောင့်နေသည့် ပျူစောထီးအဖွဲ့ဝင်တစ်ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့ပေါ်မှာ မဲရုံလုံခြုံရေးစောင့်နေတဲ့ ပျူစောထီးအဖွဲ့ဝင်တစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ Myingyan Twenty-One Guerilla Force တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စလင်းမြို့နယ်အတွင်းရှိ ခရီးသွားပြည်သူများ အာဇာနည်နေ့ကို မမေ့လျော့စေရန် စလင်း(ပကဖ) ရဲဘော်များ နှင်းဆီပန်းများ ကမ်းဝေကာ နှိုးဆော် (ဓာတ်ပုံသတင်း)

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းရှိ ခရီးသွားပြည်သူတွေကို ဇူလိုင်လ ၁၉ ရက် မနက်ဖြန်မှာ ကျရောက်မယ့် (၇၈) ကြိမ်မြောက် "အာဇာနည်နေ့" ကို မမေ့‌လျော့နေစေဖို့ စလင်း(ပကဖ) ရဲဘော်တွေ နှင်းဆီပန်းများ ကမ်းပေးကာ သတိပေးနှိုးဆော်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပျူစောထီး အယောက် ၁၀၀ လောက်ကို လက်နက်ချအညံ့ခံဖို့ စည်းရုံးနိုင်ခဲ့တဲ့ တပ်ရင်းမှူး “ဒိုလေး” ကို “စစ်ရေးဗျူဟာထူးချွန်ဆု” ပေးအပ်ချီးမြှင့်

၁၀၂၇ ဒုတိယလှိုင်း ၊ စဉ့်ကူးမြို့နယ် စစ်ဆင်ရေးအတွင်း ပျူစောထီး အယောက် ၁၀၀ လောက်ကို လက်နက်ချအညံ့ခံဖို့ စည်းရုံးနိုင်ခဲ့တဲ့ အမှတ် ၁၂၂၂ တပ်ရင်းက တပ်ရင်းမှူး "ဒိုလေး" ကို "စစ်ရေးဗျူဟာထူးချွန်ဆု" ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။