တရုတ်စီမံကိန်းတွေ အများစုတည်ရှိရာ ကျောက်ဖြူက ဓည၀တီရေတပ်စခန်းကို အာရက္ခတပ်တော် AA က စတင်တိုက်ခိုက်နေတယ်လို့ ရခိုင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဓည၀တီရေတပ်စခန်းကို AA က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာဖြစ်ပြီး ကျောက်ဖြူမြို့မှာပါ ပြင်းထန်တဲ့ တိုက်ပွဲတချို့စတင်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်ကျေးရွာအနီးက ဓညဝတီရေတပ်စခန်းကို ဖေဖော်ဝါရီလ၂၁ရက်နေ့ညပိုင်းမှာ  AA က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

တဆက်တည်းမှာပဲ  အာရက္ခတပ်တော် AA ဟာ စစ်တွေမြို့နယ်အတွင်း စစ်ကောင်စီ အခိုင်အမာတပ်စွဲထားတဲ့ ရွှေမင်းဂံ၊ ပါဒလိတ် ၊ အမြင့်ကျွန်းစခန်းတွေကို စတင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

စစ်တွေမြို့အနီးမှာလည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုတွေ ရှိနေပြီး စစ်တွေမြို့နဲ့ ၁၀မိုင်အကွာက စစ်ကောင်စီတပ်စခန်းအချို့ကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ဆိုပါတယ်။

ရခိုင်ပြည်နယ်တစ်ခုလုံးမှာ AA ဟာ ပြည်နယ်မြို့တော်စစ်တွေနဲ့ ကျောက်ဖြူ၊ မာန်အောင်ကျွန်းတို့ကိုသာ တိုက်ခိုက်သိမ်းပိုက်ဖို့ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

၂၀၂၅ နှစ်စပိုင်းမှာ စစ်တွေအနီးကို AA က ရောက်ရှိထိုးစစ်ဆင်နေတာဟာ ၂လနီးပါးကြာမြင့်လာပြီဖြစ်ပြီး ကျောက်ဖြူမြို့ကိုတော့ အခုလ ဖေဖော်ဝါရီအတွင်းမှာ စတင်တိုက်ခိုက်လာတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ခင်ဦးအရှေ့ခြမ်းတွင် ထိတွေ့မှုမရှိဘဲ လူစုလူဝေးရှိရာကို စစ်တပ် ဗုံးကြဲလို့ ဒေသခံ ၉ ဦး သေဆုံး၊ ၁၀ ဦးကျော် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အရှေ့ခြမ်းမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုမရှိဘဲ လူစုလူဝေးရှိရာနေရာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးခဲ့ကြောင်း ခင်ဦးမြို့နယ် ပကဖ ထံက သိရပါတယ်။ 
Read More

NUG ပြည်ထောင်စုဝန်ကြီးချုပ် ရှေ့တန်းရောက် ဒဏ်ရာရရဲဘော်တွေဆီ သွားရောက်တွေ့ဆုံအားပေး

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဟာ ရှေ့တန်းတစ်နေရာမှာရှိတဲ့ ဒဏ်ရာရ ရဲဘော်တွေဆီ သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားခဲ့ပြီး ဆေးခန်းအသုံးစရိတ်တွေ ထောက်ပံ့ခဲ့တယ်လို့  NUG က ထုတ်ပြန်ထားပါတယ်။
Read More

မင်းပြားမြို့သိမ်းတိုက်ပွဲတွင် ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်း မိသားစုဝင် ၂၂၅ ဦးကို AA ပြန်လွှတ်ပေး…

ရခိုင်ပြည်နယ်၊ မင်းပြားမြို့သိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းမိသားစုဝင်တွေထဲက လွှတ်ပေးလို့ရတဲ့ ၂၂၅ ယောက်ကို ရက္ခိုင့်တပ်တော် AA က ပြန်လွှတ်ပေးလိုက်တယ်လို့ ရခိုင်ဒေသတွင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။
Read More

မေလအတွင်း ဘောလခဲမြို့စစ်ဆင်ရေးနှင့် မိုးဗြဲမြို့ခံစစ်တွင် တိုက်ပွဲဝင်ခဲ့သည့် DMO Local PDF တပ်ဖွဲ့မှ ဒုတပ်ရင်းမှူး ကျဆုံးခဲ့၊ ၂၀ ဦးဒဏ်ရာရ

ပြည်သူ့ကာကွယ်ရေးတပ် ဒီးမောဆိုတပ်ဖွဲ့ (DMO Local PDF) အနေနဲ့ မေလ (၁) လတာအတွင်း ဘောလခဲမြို့ စစ်ဆင်ရေးနဲ့ မိုးဗြဲမြို့ ခုခံစစ်မှာ ပါဝင်တိုက်ပွဲဝင်ခဲ့ရာ ဒုတပ်ရင်းမှူး ကျဆုံးခဲ့ပြီး အယောက် ၂၀ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ယင်းမာပင်တွင် တိုက်ပွဲဖြစ်ပြီး အထိနာသည့် စစ်တပ်စစ်ကြောင်း ရွာ ၇ ရွာမှ နေအိမ်အလုံး ၂၀၀ ကျော်ကို မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်မှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အထိနာသွားတဲ့ စစ်အုပ်စုက ကျေးရွာ ၇ ရွာက နေအိမ်ပေါင်း ၂၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ယင်းမာပင်ခရိုင် ပကဖက သတင်းထုတ်ပြန်ပါတယ်။
Read More

ကျိုက်ထိုတွင် အသံတိတ်သပိတ် ကျင်းပနေချိန် အပြင်ထွက်ပျော်ပါးသည့် ဒုအရာခံဗိုလ် ဖမ်းဆီးခံခဲ့ရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်ပွန်းစခန်းကျေးရွာက ကဒက်ချောင်းမှာ သောက်စားပျော်ပါးဖို့လာတဲ့ ဒုအရာခံဗိုလ် ၁ယောက်ကို သွားရောက်ဖမ်းဆီးခဲ့ပြီး အရေးယူနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနထံ အပ်နှံထားကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။