မကွေးတိုင်း၊ ငဖဲမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်ကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၇ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho) က သတင်းထုတ်ပြန်လာပါတယ်။

မနေ့က ဖေဖော်ဝါရီလ ၂၂ ရက်၊ နေ့လည် ၂ နာရီဝန်းကျင်အချိန်မှာ နတ်ရေကန် လေကြောင်း ကာကွယ်ရေးတပ်ကနေ လက်နက်ခဲယမ်းတွေ သယ်ဆောင်ပြီး ဆုတ်ခွာစစ်ဆင်နေတဲ့ ယာဉ်တန်းကို တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

“သတင်းရတယ်ဆိုတာထက် ကျနော်တို့လည်း လမ်းကြောမှာပဲ နေရာယူထားတာမျိုးပါဗျ၊ နတ်ရေကန်ကတော့ အာရက္ခတပ်တော်ကလည်း တိုက်ပွဲတွေဖြစ်နေတယ်လို့ သတင်းထုတ်ပြန်ထားတာရှိပါတယ်၊ လက်ရှိမှာလည်း တိုက်ပွဲတွေ ဖြစ်လျက်ပါပဲ” လို့ CDF – Asho ရဲ့ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက မောင်းကို ပြောပါတယ်။

အဆိုပါ ယာဉ်တန်းမှာ စစ်ကောင်စီအင်အား ၁၀၀ ကျော်ခန့်ပါရှိပြီး ပျဉ်းဝစစ်ဆေးရေးဂိတ် အနောက်ဘက် မီတာ (၃၀၀၀) ခန့်အကွာ နတ်ရေကန်လမ်းဟောင်းမှာ ဖြတ်တောက်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီနောက်မှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေက စစ်တပ်ယာဉ်တန်း ၄စီးထဲက ၂စီးကို ပျက်စီးအောင် လုပ်ဆောင်နိုင်ခဲ့ပြီး ယာဉ်တွေကို ရှင်းလင်းရေးဆောင်ရွက်စဉ်မှာ ရဲဘော် ၁ယောက် ကျဆုံးခဲ့ပြီး ၁ယောက်ကတော့ မစိုးရိမ်ရတဲ့ ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

“ကား ၄စီးမှာ ၂စီးကိုပဲ ဖျက်စီးနိုင်တဲ့အတွက်ကြောင့်မို့လို့ တိုက်ပွဲအပြီး ၂/၃ နာရီလောက်အကြာမှာ ပဒါန်းမြို့အနီးတပ်တွေဘက်ကနေ ကရိန်းကားတွေနဲ့ လာရောက်ဆွဲယူသွားတယ်၊ အခုထိလည်း လမ်းကြောတကြောလုံးမှာ ကင်းပုန်းတွေချပြီး လုံခြုံရေးယူတယ်၊ ခဲယမ်းသယ်ဆောင်မှုတွေ လုပ်နေဆဲပါပဲ” လို့ အခြေအနေတွေကို ရှင်းပြပါတယ်။

တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၇ယောက် သေဆုံးကာ အများအပြားထိခိုက်နိုင်ပြီး လက်နက်ငယ် (၄) လက်နဲ့ ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

မန္တလေးတိုင်းအတွင်း တိုက်ပွဲတစ်နေရာတွင် ဥဒေါင်းမင်းစစ်ကြောင်း ရဲဘော် ၂ ဦး ကျဆုံး

မန္တလေးတိုင်းထဲက ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရင်း ဖက်ဒရယ်ပြည်ထောင်စု လွတ်မြောက်ရေးတပ်တော် တပ်ရင်းအမှတ် ၁၇၅ ဥဒေါင်းမင်းစစ်ကြောင်းက ရဲဘော် ၂ယောက် ကျဆုံးခဲ့ကြောင်း အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

စစ်ဗိုလ်ချုပ်များ ယူနီဖောင်းလဲကာ အုံလိုက်ကျင်းလိုက် ဝင်လာမည့် စစ်တပ်လက်ကိုင်တုတ် ကြံ့ခိုင်ရေးပါတီ

အကြမ်းဖက် မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းစစ်အုပ်စုဟာ အတုအယောင် ရွေးကောက်ပွဲ ကျင်းပဖို့ နီးကပ်လာချိန် သူတို့ရဲ့ လူယုံ ဗိုလ်ချုပ်ကြီး၊ ဗိုလ်မှူးကြီးအဆင့်တွေ အပါအဝင် တပ်ကြပ်ကြီး စာရေးတွေကအစ ကြံခိုင်ရေးပါတီထဲကို ပါတီဝင်အဖြစ် ပြောင်းလဲစေလွှတ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
Read More

KNU မူတြော်ခရိုင်တွင် စစ်မှုထမ်းဆင်း စစ်သား ၂ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်…

ကရင်ပြည်နယ်၊ မူတြော်ခရိုင်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU မူတြော်ခရိုင်က မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

ဘုံငါးချက်ကို ဆက်၍အကောင်အထည်ဖော်မည်ဟု အာဆီယံအထူးသံ ဆို 

မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ အာဆီယံရဲ့ ဘုံသဘောတူညီချက်ငါးရပ် ဆက်လက်အကောင်အထည်ရေး လုပ်ဆောင်သွားမယ်လို့  ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စမာရီယာ ထရီဆာပါရန်နို လာဇာဇို က အာဏာသိမ်းစစ်‌ခေါင်းဆောင် မင်းအောင်လှိုင်နဲ့တွေ့ဆုံမှုအပြီးမှာ ပြောကြားခဲ့ပါတယ်။ 
Read More

တရုတ်-မြန်မာနယ်စပ် ကန်ဖန့်ရွာက ပြည်သူ့စစ် ၁၀၀ ကျော် လက်နက်တွေနဲ့အတူ အညံ့ခံ

တရုတ် - မြန်မာနယ်စပ် ကန်ဖန့်ရွာက ပြည်သူ့စစ် ၁၀၀ ကျော်ဟာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေထံ လက်နက်ချခဲ့တယ်လို့ ကချင် စစ်ရေးသတင်းရင်းမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

ရှေ့တန်းရောက် ရဲဘော်တွေရဲ့ မိသားစု၀င်တွေကို ထောက်ပံ့ငွေများ ပေးအပ် (ဓာတ်ပုံသတင်း)

ရှေ့တန်းစစ်မြေပြင်ရောက် ရဲဘော်တွေရဲ့ မိသားစုဝင်များကို ရွှေဘိုခရိုင်တပ်ရင်း-၁၅ မှ ရိက္ခာနှင့်ထောက်ပံ့ငွေပေးအပ်ခဲ့တယ်လို့ သိရပါတယ်။