ပြီးခဲ့တဲ့ ၂၀၂၄  စက်တင်ဘာလကနေ ဒီဇင်ဘာလအထိ ၄ လတာမှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှု ၄၄ ကြိမ်အတွင်း အရပ်သား ၃၆၀ ကျော် သေဆုံးခဲ့ရတယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါ ၄ လတာအတွင်း အရပ်သား ၅ယောက်နဲ့အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဥ် ၄၄ ကြိမ်ရှိခဲ့ပြီး အရပ်သား ၃၆၈ ယောက် သေဆုံးခဲ့တယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ခိုက်မှုတွေအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၄၃ ယောက်၊ စစ်ကြောင်းထိုးချိန် သတ်ဖြတ်ခံရသူ ၅၄ ယောက်နဲ့ လက်နက်ကြီးထိမှန်သူ ၄၅ ယောက်တို့ အဓိက သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးရမှုတွေအတွင်း ဒရုန်းတိုက်ခိုက်ခံရတာနဲ့ နှစ်ဖက်တိုက်ပွဲကြား သတ်ဖြတ်ခံရတာတွေလည်း ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ သေဆုံးသူ အများဆုံး ၃၃ ယောက် အထိရှိခဲ့ပါတယ်။ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းက မြို့နယ်တွေမှာတော့ သေဆုံးသူ အယောက် ၂၀ နဲ့အထက် ရှိခဲ့တယ်လို့ မြေပြင်ကောက်ယူရရှိထားတဲ့ စာရင်းတွေကို ပြန်လည်ကိုးကားထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဉာဏ်လင်းသစ်၏ ထုတ်ပြန်ချက်
0 Shares:
You May Also Like
Read More

တိုက်ပွဲများ ဟင်္သာတခရိုင်အတွင်း ရောက်ရှိနေပြီဖြစ်၍ ပြည်သူများ သတိရှိစွာနေထိုင်ကြပါရန် ဟင်္သာတ ပအဖ ထုတ်ပြန်

ဧရာဝတီတိုင်းအတွင်း ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေဟာ ဟင်္သာတခရိုင်အတွင်း ရောက်ရှိနေပြီဖြစ်လို့ ပြည်သူများ သတိရှိစွာနေထိုင်ကြဖို့ ဟင်္သာတမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။
Read More

စစ်တပ်လက်အောက်ခံ UEC ထုတ်ပယ်လိုက်သည့် NDF ပါတီ အခွင့်အရေးရှိရင် ရွေးကောက်ပွဲ ပြိုင်ခွင့်ရချင်သေးကြောင်း စာထုတ်

အကြမ်းဖက်စစ်တပ်က ဦးဆောင်ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲအတွက် လိုအပ်တဲ့ ပါတီဝင်အင်အားနဲ့ ရုံးခန်းအရေအတွက်တွေ ပြသနိုင်ခဲ့ပေမယ့် ပါတီဖျက်သိမ်းခံလိုက်ရတဲ့အပေါ် အခွင့်အရေးရှိရင် ဆက်ပြီးပါဝင်ခွင့်ရချင်သေးကြောင်း (NDF) ခမောက်ပါတီက စက်တင်ဘာလ ၁၀ရက် ဒီနေ့ ရက်စွဲနဲ့ ထုတ်ပြန်လာပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကင်မ်အဲရစ်က AA စစ်ဦးစီးချုပ်နှင့် တွေ့ဆုံခဲ့၊ ဒေါ်အောင်ဆန်းစုကြည်ကို အထူးလေးစားပြီး သူ၏ ကျန်းမာရေးကို စိုးရိမ်ကြောင်း AA စစ်ဦးစီးချုပ် ပြောဟု ဆို…

"မကြာသေးခင်က အာရကန်တပ်တော်ရဲ့ ဗိုလ်ချုပ်ကြီး ထွန်းမြတ်နိုင်ကို တွေ့ဆုံခဲ့ပါတယ်၊ သူက မေ့မေ့ကို အထူးလေးစားကြောင်း၊ မေမေ့ကျန်းမာရေးကို စိုးရိမ်ကြောင်း ပြောပါတယ်။ မေမေနဲ့နိုင်ငံရေး အကျဉ်းသားတွေကို မလွှတ်ပေးဘဲ ယုံကြည်စိတ်ချရတဲ့ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ဘူးလို့ ခိုင်ခိုင်မာမာ ပြောခဲ့ပါတယ်။" လို့ ရေးသားထားတာပါ။
Read More

ပိုင်ကျုံမြို့နယ်ရှိ လေးပနာဒီ (ခေါ်) တခေါ်ဘီခွီး စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်

ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ ပိုင်ကျုံ (တာကရယ်) မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ လေးပနာဒီ (ခေါ်) တခေါ်ဘီခွီး စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် ပေါင်(၂၅၀) ဗုံး ၂ လုံး ကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နောင်ချိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင်(၂၅၀) ဗုံး(၂)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ထားဝယ် သွားမယ့် စစ်ကောင်စီမြေတင်ကားတွေ လမ်းမှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၃ ယောက် သေ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ စီးနင်းလိုက်ပါလာတဲ့ ကား၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သား ၃ ယောက် သေဆုံးကြောင်း ဒေါင်းညီနောင်စစ်ကြောင်းထံက သိရပါတယ်။