မကွေးတိုင်း၊ မင်းကင်းမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ​ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုများခဲ့တယ်လို့ သိရပါတယ်။

ထိတွေ့မှုပြင်းထန်ခဲ့တဲ့ အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေများခဲ့တာကြောင့်အရေအတွက် အတိအကျ မသိရသေးပေမယ့် စစ်သားအလောင်း ၄လောင်းနဲ့ ပျူစောထီး ၁ယောက်ကိုတော့ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစု (CSRAF) တပ်ဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဖေဖော်ဝါရီလ ၂၁ရက်နေ့ မနက်အာရုဏ်တက်ချိန်လောက်မှာ မင်းကင်းမြို့တောင်ဘက် ကျောက်ခဲတက်ပျူစောထီးရွာကနေ ထွက်ခွာလာတဲ့ စစ်တပ်နဲ့ပျူစောထီးအင်အား ၁၀၀ကျော်စစ်ကြောင်းကို ကျောက်ခဲတက်ရွာနဲ့ သင်တောရွာကြားမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

“မနက် ၃နာရီ လောက်ကတည်းက သင်တောရွာကို ဒီကောင်တွေ စစ်ကြောင်းထိုးတာတာပေါ့။ အရင်ကလည်း ရရင်ရသလို စစ်ကြောင်းထိုးပြီး ပစ္စည်းယူနေကျပါ။ ဒီနှစ်ကပထမဆုံးပေါ့။ အဲ့နေ့ကလည်း ကျနော်တို့ဘက်မှာ အင်အားသိပ်မရှိဘူးလို့ထင်ပြီး  စစ်ကြောင်းထိုးလာပုံရပါတယ်။ ကျနော်တို့ တလရ အင်အားစုတွေရဲ့လက်နက်ဖြည့်တင်းနိုင်မှုက တစ်နှစ်ထက်တစ်နှစ် ပိုကောင်းလာတယ်ဆိုတာကို ဒီကောင်တွေ တွက်ချက်မိပုံမပေါ်ဘူးဗျ။ လေကြောင်းသာမကူရင် တစ်ကြောင်းလုံးပြုတ်မယ့် အနေအထားပါ။ ပြီးတော့ သူတို့ဘက်က ပျူတွေဆိုတာကလည်း တိုက်ပွဲအတွေ့အကြုံ လုံးဝမရှိတဲ့သူတွေလို့ပြောရပါမယ်” လို့ ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစု (CSRAF) တပ်ဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဖေဖော်ဝါရီ ၂၃ရက်နေ့မှာတော့ အထက်ပါစစ်အုပ်စုတွေဟာ သင်တောရွာကနေ ကျောက်ခဲတက်ရွာကိုပြန်ပြီးဆုတ်ခွာသွားတယ်လို့ သိရပါတယ်။ လက်ရှိမှာ အရှင်ဖမ်းဆီးရမိထားတဲ့ ပျူစောထီး၁ယောက် ကို လိုအပ်တာတွေ စစ်ဆေးမေးမြန်းနေတယ်လို့ ပြောပါတယ်။

“ဟုတ်ကဲ့ အနည်းအကျဉ်းတော့မေးပြီး ဆိုင်ရာတာဝန်ရှိသူတွေလက်ကို အပ်ထားပါတယ်ဗျ။ သက်ဆိုင်ရာ ဒေသပအဖလက်ကို အပ်လိုက်တာပါ။ သူတို့ကပဲ တာဝန်ရှိတဲ့အတိုင်း ဆက်လက် ဆောင်ရွက်ပါလိမ့်မယ်” လို့ ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစု (CSRAF) တပ်ဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒါ့အပြင်ရှေ့ဆက်လုပ်ဆောင်သွားမယ့် ဖက်ဒရယ်ဒီမိုကရေစီ တည်​​ဆောက်ရေး ဖော်ဆောင်ရေးတွေအတွက်လည်း အရပ်သားပြည်သူတွေရဲ့အားပေးထောက်ပံ့မှုတွေလိုအပ်နေ​ကြောင်း ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစု (CSRAF) တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်များ သိမ်းဆည်းရမိသည့် စစ်သားအလောင်းများနှင့် အရှင်ဖမ်းမိသည့် ပျူစောထီး ၁ ဦးကို တွေ့ရစဥ် (ဓာတ်ပုံ CSRAF)

0 Shares:
You May Also Like
Read More

စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ကျိုက်ထိုမှာ ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူခဲ့ရ

စစ်ကောင်စီ က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ကျိုက်ထိုခရွဲကျေးရွာဘုန်းကြီးကျောင်းက ဦးပဇ္ဇင်းတစ်ပါး ပျံလွန်ပြီး နှစ်ပါးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်လိုက်ပါတယ်။
Read More

ကျောက်ကြီးမြို့နယ်၊ တောင်စုကျေးရွာတိုက်ပွဲမှာ ကျဆုံးခဲ့သည့် အသက် ၂၅ နှစ်အရွယ် တော်လှန်ရဲဘော်ရဲ့ စျာပနအခမ်းအနား…

ပဲခူးတိုင်း ၊ ကျောက်ကြီးမြို့အနီး တောင်စုကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော်ရဲ့ စျာပနအခမ်းအနားပြုလုပ်ခဲ့တဲ့ ပုံရိပ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ ဖာပွန်ခရိုင် တပ်ရင်း ၁ (တပ်ရင်း-၇၀၀၁) Spring Warriors Column က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကရင်နီပြည်နယ်မှာ စစ်ကောင်စီ ထိုးစစ်မရပ်တန့်တာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ချိန်ညှိပြီး စစ်ဆင်ရေး လုပ်ဆောင်သွားမည်ဟု JCS ထုတ်ပြန် 

ကရင်နီပြည်နယ်အတွင်းမှာ စစ်ကောင်စီက တိုက်ခိုက်မှုပြုလုပ်လာတဲ့အပေါ် မူတည်ပြီး စစ်ဆင်ရေးတွေကို လုပ်ဆောင်သွားမယ်လို့ ကရင်နီပြည်တပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့ (JCS) ကနေ သတင်းထုတ်ပြန်လာပါတယ်။ 
Read More

ရွေးကောက်ပွဲဇာတ်လမ်းနှင့် သရုပ်ဆောင်များကို ဝေဖန်မှုဖြင့် ဒါရိုက်တာမိုက်တီး အပါအဝင် အနုပညာရှင် ၃ဦးကို စစ်ကော်မရှင် ဖမ်းဆီးထား

ရွေးကောက်ပွဲ ဝါဒဖြန့် ဇာတ်ကားနဲ့ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကို ဝေဖန်တယ်ဆိုပြီး ဒါရိုက်တာ မိုက်တီး အပါအဝင် အနုပညာရှင် ၃ယောက်ကို ဖမ်းဆီးလိုက်ကြောင်း အကြမ်းဖက်စစ်တပ်က အောက်တိုဘာလ ၂၉ရက် ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။
Read More

ဟာသ သရုပ်ဆောင် ညောင်ညောင် ကွယ်လွန်ရှာပြီ

ပန်ကရိယ ကင်ဆာရောဂါကို ကာလရှည်ကြာ ခံစားခဲ့ရတဲ့ ဟာသ သရုပ်ဆောင် ညောင်ညောင်ဟာ မနေ့က ဒီဇင်ဘာ ၁၇ ရက် ညပိုင်းမှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။
Read More

တရုတ်ကောင်စစ်ဝန်ရုံးချုပ် တိုက်ခိုက်ခံရမှုကို NUG က ကန့်ကွက်ရှုံ့ချ

မန္တလေးမြို့က တရုတ်ကောင်စစ်ဝန်ချုပ်ရုံး တိုက်ခိုက်ခံခဲ့ရမှုဖြစ်စဉ်ကို ကန့်ကွက်ရှုံ့ချတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ  NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။