ကျားဖြန့်နဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေကို အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ တိုက်ဖျက်နေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဖေဖော်ဝါရီ ၂၂ ရက်နေ့က ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆတ်ငီယမ်ဖုန် နဲ့ နေပြည်တော်မှာ တွေ့ဆုံစဥ် ပြောကြားလိုက်တာပါ။

ထိုင်း-မြန်မာနယ်စပ်မှာ တရုတ်နဲ့ ထိုင်းနိုင်ငံတို့က ပူးပေါင်းပြီး ကျားဖြန့်လုပ်ငန်းတွေကို ဆက်တိုက်နှိမ်နင်း ရှာဖွေဖမ်းဆီးမှုတွေပြုလုပ်ခဲ့ပြီးတဲ့နောက်  မင်းအောင်လှိုင်က အခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ Online လိမ်လည်မှု၊ လောင်းကစားမှု လုပ်ဆောင်နေသူတွေနဲ့ ပါဝင်ပတ်သက်နေသူတွေကို အိမ်နီးချင်းနိုင်ငံတွေအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး  စုံစမ်းဖော်ထုတ်အရေးယူမှုတွေပြုလုပ်နေတယ်လို့ လည်း မင်းအောင်လှိုင်ကဆိုပါတယ်။

အာဏာသိမ်း  စစ်ခေါင်းဆောင်က လွတ်လပ်ပြီး တရားမျှတတဲ့ အထွေ ထွေ ရွေးကောက်ပွဲတရပ် ကျင်းပနိုင်ရေး ကြိုးပမ်းလျက်ရှိတယ်လို့လည်း  ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို ပြောဆိုခဲ့ပါသေးတယ်။ 

အာဏာသိမ်းစစ်တပ်ဟာ သူ့လက်အောက်ခံ နယ်ခြားစောင့်တပ်တွေက ထိုင်း-မြန်မာနယ်စပ်အနီးမှာ ကျားဖြန့်လုပ်ငန်းတွေ လုပ်ဆောင်နေတာကြာမြင့်နေပြီဖြစ်ပေမယ့် တရုတ်ရဲ့ ဖိအားတချို့ကြောင့် အခုမှ မဖြစ်မနေ ဖမ်းဆီးမှုတွေ လုပ်ဆောင်နေရတာ ဖြစ်ပါတယ်။

ကျားဖြန့်လုပ်ငန်းတွေမှာ စစ်အာဏာရှင်နဲ့ဆက်စပ်သူတွေရဲ့ အကျိုးစီးပွားများစွာရှိနေပြီး အာဏာရှင်တွေရဲ့ ရေသောက်မြစ်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကနဦးထုတ်ပြန်ပြောကြားထားပါသေးတယ်။

0 Shares:
You May Also Like
Read More

မိခင်နေမကောင်းလို့ ဆေးထွက်ဝယ်ရင်း BGF ကားနဲ့ တိုက်မိလို့ သေဆုံးခဲ့တဲ့ မောင်နှမ ၂ယောက်ဟာ စစ်ဘေးရှောင်လာသူတွေဖြစ်နေ

ကရင်ပြည်နယ် မြဝတီမြို့မှာ အောက်တိုဘာ ၂၆ ရက်နေ့က နယ်ခြားစောင့်တပ် BGF ကားနဲ့တိုက်မိလို့ သေဆုံးခဲ့တဲ့ မောင်နှမ ၂ ယောက်ဟာ ကရင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်လာကြသူတွေဖြစ်တယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။
Read More

ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းမှာ စစ်တပ်က အင်အားထပ်ဖြည့်ပြီး တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေ

ကရင်ပြည်နယ် မြဝတီ - ကော့ကရိတ် အာရှလမ်းတလျှောက်မှာ အကြမ်းဖက်စစ်တပ်က အင်အားတွေထက်မံဖြည့်တင်းလာနေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေကြောင်း မြေပြင်မတော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
Read More

စစ်ကိုင်းခရိုင်အမှတ် (၃) တပ်ရင်း၏ တည်ထောင်ခြင်း ‌(၄) နှစ်ပြည့်၊ အခြေခံစစ်ပညာ သင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ခြင်းအခမ်းအနား

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

မြိုင်မှာ စစ်အုပ်စုကို အနီးကပ် ပစ်ခတ်တိုက်ခိုက်ရာ ၂ဦး သေဆုံးပြီး လက်နက်တချို့ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်သားတွေကို ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၂ ယောက်သေဆုံးပြီး လက်နက်တချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင် ပကဖ ထံက သိရပါတယ်။
Read More

မင်းအောင်လှိုင်၏လူယုံ ကြံ့ခိုင်ရေးဥက္ကဋ္ဌ ဦးခင်ရီနှင့် စစ်အုပ်စု အလိုကျ ရုပ်ရှင်လောကသားများ တွေ့ဆုံ

အကြမ်းဖက်မင်းအောင်လှိုင်ရဲ့ လူယုံလို့ အများက သိထားတဲ့ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီဟာ ရန်ကုန်တိုင်းပါတီ ဥက္ကဋ္ဌ၊ ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုးနဲ့အတူ ဇူလိုင်လ ၃၁ ရက်မှာ စစ်ကောင်စီအားပေး ရုပ်ရှင်လောကသားတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

စစ်မှုထမ်းတာဝန် ကျေပွန်သူများကို ပြည်ပအလုပ်အကိုင် ရှာပေးမည်ဟု စစ်ကော်မရှင် ပြော

စစ်မှုထမ်းတာဝန် ကျေပွန်အောင် ထမ်းဆောင်ခဲ့သူတွေကို ပြည်ပနိုင်ငံတွေ သွားရောက်အလုပ်လုပ်ချင်ရင် အလုပ်အကိုင်ရှာပေးမယ်လို့ အာဏာသိမ်း စစ်ကော်မရှင်က ပြောဆိုလိုက်ပါတယ်။