စစ်ကိုင်းတိုင်း၊ ရွှေဘို မြို့နယ်၊ ညောင်ကိုင်းကျေးရွာအတွင်း တပ်စွဲနေတဲ့ ပျူစောထီးနဲ့ အကြမ်းဖက်စစ်တပ်ကို စခန်းစွန့်ခွာ ထွက်ပြေးစေဖို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ က နည်းလမ်း မျိုးစုံ အသုံးပြု ဆောင်ရွက်နိုင်ခဲ့တယ်လို့ ပကဖ အသံ သတင်းဖော်ပြထားပါတယ်။
ညောင်ကိုင်းကျေးရွာက စစ်ကောင်စီတပ်စခန်းကို ရိက္ခာလမ်းကြောင်းပိတ်ဆို့ခြင်း၊ ဒရုန်းနဲ့ လက်နက်ချစည်းရုံးစာ ကြဲချခြင်းတွေ လုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖေဖော်ဝါရီလ (၂၁) ရက် မနေ့က စခန်းကို စွန့်ခွာ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စွန့်ခွာသွားတဲ့ ညောင်ကိုင်းရွာ စစ်တပ်စခန်းကို ဝင်ရောက် ရှင်းလင်းရာ ကိုးလုံးကျည် ပြောင်းချော (၁) လက် နဲ့ ကျည် (၄၈) တောင် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ကျေးရွာအတွင်း တွေ့ရှိရတဲ့ သက်ကြီးရွယ်အို နဲ့ ကျန်းမာရေး မကောင်းသူ (၅၆) ယောက်ကိုလည်း ပကဖ အဖွဲ့ဝင်တွေက စားနပ်ရိက္ခာတွေ ပေးအပ်ခဲ့သလို ကျန်းမာရေး စောင့်ရှောက်မှုတွေလည်း ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
စခန်းကို ပိတ်ဆို့ထားချိန်ကာလ အတွင်း စခန်းတွင်းက ပျူစောထီး နဲ့ အကြမ်းဖက် တပ်ဖွဲ့ဝင်တွေ အလံဖြူထောင် လက်နက်ချအောင် ရွှေဘိုမြို့နယ် ပကဖ အဖွဲ့က ဒရုန်းနဲ့ အကြိမ်ကြိမ် စာကြဲချ စည်းရုံးတာတွေ လုပ်ဆောင်ခဲ့ရာ ချိတ်ဆက် အလင်းဝင်ရောက်သူတွေလည်း ရှိခဲ့သလိ့ ဆေးလိပ်သောက်တက်သူတွေကိုပါ စခန်းပိတ်ဆို့ခံရချိန်ကာလအတွင်း ရွှေဘို မြို့နယ် ပကဖ က ဒရုန်း နဲ့ ဆေးလိပ်တွေကြဲချ အလင်းဝင်ဖို့ စည်းရုံးဖိတ်ခေါ်ခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ စိုးမိုးနယ်မြေ ကျဉ်းမြောင်းလာပြီး အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ရဲ့ စိုးမိုးနယ်မြေ ပိုမို ကျယ်ပြန့်လာစေဖို့ ပြည်သူ့စစ်မဟာဗျူဟာနဲ့အညီ ရွှေဘိုမြို့နယ် ပကဖ အဖွဲ့က ဆောင်ရွက်နေသလို လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာတယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

မြင်းခြံတွင် စစ်အုပ်စုယာဥ်တန်းအား တော်လှန်ရေးတပ်များ ပြောက်ကျားတိုက်ခိုက်၊ အကြမ်းဖက်စစ်သား ၁၀ ဦး သေပြီး သေနတ် ၄ လက် ရရှိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်မှာ ပျူစောထီးစခန်းကနေ ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်အုပ်စုယာဥ်တန်းကို တိုက်ခိုက်ရာ စစ်ကော်မရှင်တပ်သား ၁၀ယောက်သေဆုံးပြီး သေနတ် ၄ လက်နဲ့ ကျည်ဆံတချို့သိမ်းဆည်းရရှိခဲ့တယ်လို့ Natogyi People Defence Force (မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်း က ထုတ်ပြန်ထားပါတယ်။
Read More

မွန်လူငယ်တွေ စစ်အာဏာရှင်တိုက်ဖျက်ရေးမှာ ပါဝင်ဖို့ မွန်ပြည်သစ်ပါတီက ဖိတ်ခေါ်

စစ်အာဏာရှင်ကို အမျိုးသားဘုံရန်သူအဖြစ်သတ်မှတ်ပြီး စစ်အာဏာရှင်တိုက်ခိုက်ရေးမှာ ပါဝင်ဖို့ မွန်လူငယ်တွေကို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) (NMSP-AD) က ဖိတ်ခေါ်လိုက်ပါတယ်။
Read More

နောင်ချိုရှိ ရှဲဆန်သတ္တုကုမ္ပဏီကို စစ်ကောင်စီ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့

တအာင်းတပ်မတော် TNLA ထိန်းချုပ်ရာ နောင်ချိုမြို့နယ်အတွင်းက ရှဲဆန်သတ္တုကုမ္ပဏီကို ဟန်ပြအပစ်ရပ်ကြေညာထားတဲ့ အကြမ်းဖက် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ ပေါင် ၅၀၀ ဗုံး ၂ လုံး လာရောက်ကြဲချခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
Read More

ဘားအံ ဂေါက်ကွင်းမှာ စစ်ကောင်စီ ခေါင်းဆောင်အချင်းချင်း လုပ်ပိုင်ခွင့်ကိစ္စပြောဆိုရင်း ထိုးကြိတ်မှု ဖြစ်ပွါးခဲ့

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ တောင်ကလေး ဂေါက်ကွင်းမှာ ဂေါက်ရိုက်နေတဲ့ အရှေ့တောင်ပိုင်းတိုင်း ဒုတိုင်းမှူးနဲ့ စစ်ကောင်စီခန့် ကရင်ပြည်နယ်ဝန်ကြီးချုပ်တို့ လုပ်ပိုင်ခွင့် အငြင်းပွါးရင်း ထိုးကြိတ်မှု ဖြစ်ခဲ့တယ်လို့ ဂေါက်ကွင်းနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

ဧရာဝတီတိုင်းတွင် တစ်လခွဲအတွင်း စစ်ကောင်စီတိုက်ခိုက်မှုများကြောင့် ပြည်သူ ၉ ဦး သေဆုံးခဲ့

ဧရာဝတီတိုင်းမှာ စစ်ကောင်စီရဲ့ အရပ်သားပစ်မှတ်ထား တိုက်ခိုက်မှုတွေကြောင့် မေလ ၁၅ ရက်ကနေ ဇွန်လ ၃၀ ရက်အတွင်း ပြည်သူ ၉ ယောက် သေဆုံးခဲ့တယ်လို့ People's Liberation Force - ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ကနေ သတင်းထုတ်ပြန်ပါတယ်။
Read More

လုံခြုံရေး တင်းကြပ်ထားတဲ့ကြားက ငုံ့မခံ တုံ့ပြန်ခဲ့ကြသည့် ဒေါက်တာတေဇာဆန်းတို့အဖွဲ့ကို စစ်အုပ်စု အသည်းအသန် ပိုက်စိပ်တိုက်ရှာဖွေ

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လမ်းကြောင်းရှိတာကြောင့် လုံခြုံရေးတင်းကြပ်ထားတဲ့ မန္တလေးမြို့လယ်၊ စျေးချိုမှာ သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းနဲ့ သပိတ်အဖွဲ့ဝင်တွေ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြတယ်လို့သိရပါတယ်။ ဒီဇင်ဘာ ၃ရက် မနေ့က မနက်အစောပိုင်းမှာ ဆန္ဒပြခဲ့တာဖြစ်ပြီး ဒေါက်တာတေဇာဆန်းနဲ့အတူ ကိုနန်းလင်း(ရန်ကုန်)၊ ကိုခန့်ဝေဖြိုး (စစ်ကိုင်း)နဲ့ မြို့နေလူထု ပါဝင်ခဲ့တယ်လို့သိရပါတယ်။